ခုလိုကာလကြီးမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု (၇၅)စုကို စားသောက်ကုန်ပစ္စည်းများလှူဒါန်းပေးခဲ့တဲ့ ခင်ရတနာစိုး

ခုလိုကာလကြီးမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု (၇၅)စုကို စားသောက်ကုန်ပစ္စည်းများလှူဒါန်းပေးခဲ့တဲ့ ခင်ရတနာစိုး

အဆိုတော်ခင်ရတနာစိုးကတော့အသံပါဝါကောင်းကောင်းနဲ့မြန်မာ့တေးသံစဉ်များသာမကပဲခေတ်ပေါ်တေးသီချင်းများကိုလဲအကောင်းဆုံးတီဆိုနိုင်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။

ခင်ရတနာစိုးကမကြာခဏဆိုသလိုသူမတတ်နိုင်တဲ့ဘက်ကနေအခက်အခဲဖြစ်နေတဲ့ပြည်သူများကိုလိုအပ်တဲ့အစားအသောက်ပစ္စည်းများကိုလှူဒါန်းပေးတတ်ပါသေးတယ်နော်။

ခင်ရတနာစိုးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊ယခုတစ်ခါမှာဆိုရင်လဲခင်ရတနာစိုးကအိမ်ထောင်စု၇၅စုစာအတွက်လိုအပ်တဲ့ပစ္စည်းများလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

ခင်ရတနာစိုးကဒီနေ့အိမ်ထောင်စု၇၅စုအတွက်နိုင်သလောက်အလှူလေးပါရှင့်၊တစ်အိမ်ထောင်လျှင် ကြက်ဥ၅လုံးဆီ၅၀သါးတစ်ဘူး၊ဆန်တစ်ပြည် ကြက်သွန်နီနှင့်ခရမ်းချဉ်သီးတို့ပါပါတယ်ရှင့်၊

ကျန်းမာရေးစည်းကမ်းနဲ့အညီHandSpray၊Mask တပ်ပြီးမှအလှူပစ္စည်းပေးအပ်ပါတယ်ရှင့်။အလှူလေးဖြစ်မြောက်အောင်ကူညီပေးတဲ့အိမ်နီးနားချင်းအားလုံးကိုကျေးဇူးတင်ပါတယ်၊

မြန်မာနိုင်ငံအမြန်ငြိမ်းချမ်းကျန်းမာပါစေရှင့်ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Crd-Origianl Post

(ZAWGYI)







Crd-Origianl Post