ချစ်ရတဲ့ မိခင်ကြီးနဲ့ အတူ ဆရာတော် ဘုရားများအတွက် လိုအပ်တာများ လှူဒါန်းရင်း ကုသိုလ်ကောင်းမှုတွေ များစွာ ပြုလုပ်ခဲ့တဲ့ ဘေဘီမောင်

ချစ်ရတဲ့ မိခင်ကြီးနဲ့ အတူ ဆရာတော် ဘုရားများအတွက် လိုအပ်တာများ လှူဒါန်းရင်း ကုသိုလ်ကောင်းမှုတွေ များစွာ ပြုလုပ်ခဲ့တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေ အပေါ်မှာလည်း ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက လေးစား ချစ်ခင်နေကြတာပါ။

ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် မြန်မာပြည်ကြီး အမြန်အေးချမ်းစေရန်နဲ့ (၇) ရက်သားသမီးပြည်သူတွေ

အတွက်လည်း ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ ပါဝင် လှူဒါန်းတတ်သူလေးပါ ။

အခုလည်း ချစ်ရတဲ့ မိခင်ကြီးနဲ့ အတူ ဆရာတော် ဘုရားများအတွက် လိုအပ်တာများ လှူဒါန်းရင်း ကောင်းမှုကုသိုလ် များစွာ ပြုလုပ်ခဲ့ပါတယ် ။

အလှူပုံရိပ်တွေနဲ့ အတူ ” အတိတ်ဘဝကဘာဖြစ်ခဲ့တယ် ဘာလုပ်ခဲ့တယ်ဆိုတာမသိပေ့မယ် လူဖြစ်လာတဲ့ဘဝလေးမှာကုသိုလ်တွေလုပ်ခွင့်ရနေတာကိုက ကံကောင်းနေတာပါ

သေဖို့စောင့်ရင်းကုသိုလ်စုပါ မသေခင်ဘဝအတွက်ပိုက်ဆံစုပါ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Baby Maung

(ZAWGYI)










Yuan – Cele Zone

Photo – Baby Maung