တစ်ပတ်အတွင်းရဲနှင့်စစ် CDM ပါဝင်သူ ၁၀၀ခန့်ရှိလာပြီ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်သားနှင့်ရဲ့ ၁၀၀ ခန့် အလင်းဝင်ကာ CDM လုပ်ခဲ့ကြောင်း Chinland Defense Froce- CDF ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်သူ့စစ်သားများအဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

“CDM ဝင်နိုင်ရန် အဓိကကူညီပေးနေတဲ့ CDF ရဲ့ အမြော်အမြင်ရှိမှုကို ကျေးဇူးတင်ရှိပါတယ်” ဟုလည်း ဆိုသည်။Defection Strategy ( ဘက်ပြောင်းခြင်း) ဟာ တော်လှန်ရေးအတွက်အရေးပါတဲ့ မဟာဗျူဟာ တစ်ခုဖြစ်ကြောင်း အခိုင်အမာယုံကြည်ပြီး

ပြည်သူများ၏ နွေးထွေးစွာကြိုဆိုမှု ၊ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များရဲ့ အမြော်အမြင်ရှိမှုတို့ကြောင့် CDM အရေအတွက် တိုးပွါးနေဆဲဖြစ်ပါတယ် ဟုလည်း ပြည်သူ့စစ်သားများအဖွဲ့က ဆိုသည်။

ပြည်သူ့စစ်သားများအဖွဲ့သည် CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စာရင်းများအရ အာဏာသိမ်းသည့် အချိန်မှ ယနေ့အထိ ပြည်သူနှင့် လာရောက်ပူးပေါင်းသည့် စစ်သား ဦးရေမှ ၁၅၀၀ ကျော်ရှိနေပြီဖြစ်သည်။

ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ထုတ်လိုသည့် စစ်သားနှင့်ရဲများကို ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ ကူညီပေးသွားမည်ဟု Chinland Defense Froce- CDF က အတိအလင်း အသိပေးထားသည်။

ထိုအထဲမှ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းသည့် စစ်သားနှင့်ရဲများကို ဆုငွေအဖြစ် ကျပ် သိန်း ၆၀ တိတိ ထောက်ပံ့ပေးသွားမည်ဟုလည်း CDF က ကြေညာထားသည်။
Crd-Original Post

(ZAWGYI)

တစ္ပတ္အတြင္းရဲႏွင့္စစ္ CDM ပါဝင္သူ ၁၀၀ခန္႔ရွိလာၿပီ

ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း စစ္သားႏွင့္ရဲ႕ ၁၀၀ ခန႔္ အလင္းဝင္ကာ CDM လုပ္ခဲ့ေၾကာင္း Chinland Defense Froce- CDF ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ျပည္သူ႔စစ္သားမ်ားအဖြဲ႕က ၎တို႔၏ လူမႈကြန္ယက္တြင္ ေရးသားခဲ့သည္။

“CDM ဝင္ႏိုင္ရန္ အဓိကကူညီေပးေနတဲ့ CDF ရဲ႕ အေျမာ္အျမင္ရွိမႈကို ေက်းဇူးတင္ရွိပါတယ္” ဟုလည္း ဆိုသည္။Defection Strategy ( ဘက္ေျပာင္းျခင္း) ဟာ ေတာ္လွန္ေရးအတြက္အေရးပါတဲ့ မဟာဗ်ဴဟာ တစ္ခုျဖစ္ေၾကာင္း အခိုင္အမာယုံၾကည္ၿပီး ျပည္သူမ်ား၏ ေႏြးေထြးစြာႀကိဳဆိုမႈ ၊ သက္ဆိုင္ရာ ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ အေျမာ္အျမင္ရွိမႈတို႔ေၾကာင့္ CDM အေရအတြက္ တိုးပြါးေနဆဲျဖစ္ပါတယ္ ဟုလည္း ျပည္သူ႔စစ္သားမ်ားအဖြဲ႕က ဆိုသည္။

ျပည္သူ႔စစ္သားမ်ားအဖြဲ႕သည္ CDM စစ္သားမ်ားျဖင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕ျဖစ္သည္။ ၎တို႔၏ စာရင္းမ်ားအရ အာဏာသိမ္းသည့္ အခ်ိန္မွ ယေန႔အထိ ျပည္သူႏွင့္ လာေရာက္ပူးေပါင္းသည့္ စစ္သား ဦးေရမွ ၁၅၀၀ ေက်ာ္ရွိေနၿပီျဖစ္သည္။

ျပည္သူ႔ဘက္ေတာ္သားအျဖစ္ ပူးေပါင္းကာ စစ္ေကာင္စီကို တိုက္ထုတ္လိုသည့္ စစ္သားႏွင့္ရဲမ်ားကို ခိုလႈံခြင့္ႏွင့္ လုံၿခဳံသည့္ေနရာ ေရာက္သည္အထိ ကူညီေပးသြားမည္ဟု Chinland Defense Froce- CDF က အတိအလင္း အသိေပးထားသည္။

ထိုအထဲမွ လက္နက္အျပည့္အစုံျဖင့္ လာေရာက္ပူးေပါင္းသည့္ စစ္သားႏွင့္ရဲမ်ားကို ဆုေငြအျဖစ္ က်ပ္ သိန္း ၆၀ တိတိ ေထာက္ပံ့ေပးသြားမည္ဟုလည္း CDF က ေၾကညာထားသည္။

Crd-Original Post