မိသားစုကို ငါးရောင်းကူရင်း လူကြိုက်များလာနေခဲ့သည့် မိန်းကလေး
လူမှုကွန်ရက်မီဒီယာများရဲ့ လူကြိုက်များမှုဖြစ်လာပြီး တရုတ်အွန်လိုင်းမှ လှပတဲ့ ငါးရောင်းသည်မိန်းကလေးရဲ့ ပုံများကို ဝေမျှသတဲ့ အခါ netizens များစွာက ငါးကို ချက်ချင်းဝယ်လိုသည်အထိဖြစ်စေခဲ့ပါတယ် ။
တရုတ်အွန်လိုင်းမီဒီယာဝက်ဘ်ဆိုက်က ထိုင်ဝမ်နိုင်ငံ၊ Changhua ခရိုင် ဈေးမှာ လတ်ဆက်တဲ့ငါးရောင်းအမျိုးသမီးတစ်ဦးရဲ့ပုံတွေကို ဝေမျှပြီး သူမအကြောင်းကို လူပြောများခဲ့ပါတယ် ။
သူမရဲ့အလှက လူများစွာဟာ ငါးတွေကို ချက်ချင်းပင် စားချင်ပြီး တစ်ခါတည်း သွားဝယ်ချင်စိတ် ဖြစ်လာစေခဲ့ပါတယ် ။ လူအချို့က “အမေ၊ အခုကစပြီး ငါးတွေဘဲ ဝယ်စားတော့မယ်” ဆိုပြီး နောက်ပြောင် ပြောဆိုသေးပါတယ် ။
ဒီလှပတဲ့အမျိုးသမီးဟာ Liu Pengpeng ဆိုတဲ့ အွန်လိုင်းနာမည်ကျော် net idol တစ်ယောက်ဖြစ်ပြီး ပုံမှန်အားဖြင့် ဓာတ်ပုံရိုက်လေ့ရှိပါတယ် ။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရိုက်ကူးရေးလည်းရှိပါတယ် ။
Kuo Kuan ရဲ့ Gang ကဲ့သို့သော ရှိုးပွဲများလည်းတွင် ပါဝင်ခဲ့သူပါ ။ အလှအပဆိုင်ပိုင်ရှင်က သူမတို့ရဲ့မိသားစုဟာ ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်လို့ ဆိုပါတယ် ။” ဒီအချိန်လေးမှာ ငါမိဘတွေကိုကူညီဖို့ အိမ်ကိုပြန်နေတာ ။
ရိုက်ကူးရေးအတွက်ဆိုပြီး နာမည်ကျော်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရန်မဟုတ်ပါဘူး ။” လို့ ပြောခဲ့ပါတယ် ။Netizen များက အလွန်လှပပြီး လုံ့လဝီရိယရှိတဲ့ သူမလေးကို ပိုပိုပြီး ချစ်မြတ်နိုးလာခဲ့ကြပါတယ် ။
Crd-Original Post
(ZAWGYI)
Crd-Original Post