သူကိုယ်တိုင် အဆင်မပြေတဲ့ ကြားက ချွေးနှဲစာလေးနဲ့ ခက်ခဲနေသူတွေရဲ့ စားဝတ်နေရေးကို ကူညီဖြေရှင်းပေးခဲ့တဲ့ စူးရှထက်

ပြည်သူတွေကတော့ ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။ဒါကြောင့် ဒီရက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံ နေရာ အနှံအပြားမှာ ခက်ခဲ ကျပ်တည်းနေသူတွေ

အတွက် ရည်ရွယ်ပြီး အနုပညာရှင်တွေ ၊ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်းပြီး စားသောက်ကုန်တွေကို ရက်ရက်ရောရော လှူဒါန်းဝေဌပေးတာတွေ ပြုလုပ်လာကြတာ ကြည်နူးပီတိ ဖြစ်စရာ မြင်ကွင်းတွေပါပဲ ။

ဒီလို လှူဒါန်းကြသူတွေ အထဲမှာ စူးရှထက်လည်း အပါအဝင်ပါပဲ ။သူကိုယ်တိုင် အဆင်မပြေနေပေမယ့်လည်း ချွေးနှဲစာလေးနဲ့ ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် ဒီနေ့မှာတော့ ဟင်းသီးဟင်းရွက်များကို ဝေဌလှူဒါန်းခဲ့ပါတယ် ။

အလှူဗီဒီယိုလေးကြည့်ပြီး ထပ်တူ ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Zar Chi

(ZAWGYI)







Yuan – Cele Zone

Photo – Zar Chi