လိုင်းခန်းငှားကာ နေနေရတဲ့ အသက် (၈၆) နှစ်အရွယ် ဘဘ ဦးဇော်မှိုင်းအတွက် လူသားချင်းစာနာစွာ လိုအပ်တာများ ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ မိုးစက်

လူရွှင်တော်မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့်

ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ အခုလည်း လိုင်းခန်း ဌားနေနေရတဲ့

အသက် (၈၆) နှစ်အရွယ် ဘဘ ဦးဇော်မှိုင်းအတွက် လိုအပ်တာများ ကူညီသွားရောက် လှူဒါန်းခဲ့ပါတယ် ။

ဘဘဦးဇော်မှိုင်း အတွက် ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့တဲ့ အကြောင်းကိုလည်း “ အသက်(၈၆) နှစ်အရွယ် ဘဘဦးဇော်မှိုင်းကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာ…။

တုန်ရီနေတဲ့လက်လေးတွေနဲ့ ရေနွေးလေးကိုယ်တိုင်ငှဲ့ပြီး ဧည့်ခံပေးတဲ့ ဘဘကို ကျေးဇူးပါဗျာ…။

သားရယ်…ဒီလိုအချိန်မှာ ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်းဟာ..ဘာနဲ့မှတန်ဖိုးဖြတ်မရပါဘူးကွာ…။ ” တဲ့

လိုင်ခန်းလေးငှားနေရပြီး အသက်အရွယ်ကြီးရင့်လာပြီမို့ လူသားချင်းစာနာထောက်ထားသောအားဖြင့်ကူညီထောက်ပံ့ပေးခဲ့တာပါ။

ကျွန်တော့်ဆီမှာ လိုအပ်သူများရကူညီထောက်ပံ့နိုင်ရန် ငွေပေးထားသော မိတ်ဆွေများလဲ ကျေးဇူးပါ ” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Moe Sat

(ZAWGYI)

လိုင္းခန္းငွားကာ ေနေနရတဲ့ အသက္ (၈၆) ႏွစ္အ႐ြယ္ ဘဘ ဦးေဇာ္မႈိင္းအတြက္ လူသားခ်င္းစာနာစြာ လိုအပ္တာမ်ား ေထာက္ပံ့လႉဒါန္းေပးခဲ့တဲ့ မိုးစက္

လူ႐ႊင္ေတာ္မိုးစက္ကေတာ့ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။

မိုးစက္က ကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို (၇) ရက္သားသမီး အလႉရွင္မ်ားနဲ႔ အတူ စုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိသူပါ ။ အခုလည္း လိုင္းခန္း ဌားေနေနရတဲ့ အသက္ (၈၆) ႏွစ္အ႐ြယ္ ဘဘ ဦးေဇာ္မႈိင္းအတြက္ လိုအပ္တာမ်ား ကူညီသြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။

ဘဘဦးေဇာ္မႈိင္း အတြက္ ဆန္တစ္အိတ္ႏွင့္ ေငြတစ္သိန္းက်ပ္ ကူညီေထာက္ပံ့ေပးခဲ့တဲ့ အေၾကာင္းကိုလည္း “ အသက္(၈၆) ႏွစ္အ႐ြယ္ ဘဘဦးေဇာ္မႈိင္းကို ဆန္တစ္အိတ္ႏွင့္ ေငြတစ္သိန္းက်ပ္ ကူညီေထာက္ပံ့ေပးခဲ့ပါတယ္ခင္ဗ်ာ…။ တုန္ရီေနတဲ့လက္ေလးေတြနဲ႔ ေရေႏြးေလးကိုယ္တိုင္ငွဲ႔ၿပီး ဧည့္ခံေပးတဲ့ ဘဘကို ေက်းဇူးပါဗ်ာ…။

သားရယ္…ဒီလိုအခ်ိန္မွာ ဆန္တစ္အိတ္နဲ႔ ေငြတစ္သိန္းဟာ..ဘာနဲ႔မွတန္ဖိုးျဖတ္မရပါဘူးကြာ…။ ” တဲ့ လိုင္ခန္းေလးငွားေနရၿပီး အသက္အ႐ြယ္ႀကီးရင့္လာၿပီမို႔ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ကူညီေထာက္ပံ့ေပးခဲ့တာပါ။

ကြၽန္ေတာ့္ဆီမွာ လိုအပ္သူမ်ားရကူညီေထာက္ပံ့ႏိုင္ရန္ ေငြေပးထားေသာ မိတ္ေဆြမ်ားလဲ ေက်းဇူးပါ ” ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Moe Sat