ညီကိုလို ခင်ခဲ့ရတဲ့ စကစ ဗိုလ်ကြီးတစ်ဦးက “တကယ်လို့များ အစ်ကိုနဲ့ကျနော် တိုက်ပွဲတွေကြားမှာ ထိပ်တိုက်တွေ့ခဲ့ကြရင် ဘယ်လိုလုပ်ကြမလဲ”တဲ့..?

အရင်တုန်းက အိမ်နီးချင်းဖြစ်ခဲ့ကြပြီး ကျနော့်အပေါ်မှာလည်း အစ်ကိုတစ်ယောက်လို လေးစားခဲ့တဲ့ ကောင်လေးတစ်ယောက် အခုတော့ စကစမှာ စစ်ဗိုလ်ကြီး ဖြစ်နေခဲ့ပါပြီ (ညီအစ်ကိုအရင်းတွေလို နေခဲ့ကြတာပါ )

သူက..ကျနော်ရေးတင်နေတဲ့ ပို့စ်တွေကို ဘယ်လိုဝင်ဖတ်နေသလဲ ဆိုတာကိုတော့.. ကျနော်လည်း အသေအချာမသိပါဘူး (အာဏာသိမ်းခံရအပြီး တစ်လလောက်အကြာမှာ သူ့အကောင့်ကို block ပစ်ခဲ့တယ်) ကျနော်ကိုယ်တိုင်ကလည်း ပြဿနာတစ်ခုကြောင့်

အကောင့်ပြောင်းသုံးပြီး ကိုယ်ယောင်ဖျောက်နေခဲ့ရပါတယ် ဒီအကောင့်ကို ကျနော်သုံးနေမှန်း သူဘယ်က ဘယ်လိုသိသွားခဲ့သလဲဆိုတော့ ကျနော့်ရဲ့ ပင်ကိုယ်အရေးအသားတွေကြောင့်ပါ လို့ သူက ပြောပြလာပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် စာရေးပုံရေးနည်းကွဲပြားလို့ ဖတ်ကြည့်တာနဲ့တန်းသိပါတယ် တဲ့လေ.. ထားပါတော့ သူက ကျနော့်ကိုမေးလာပါတယ် (ဖုန်းတော့မဆက်ပါဘူး မက်ဆေ့ပို့ပြီးမေးတာပါ)

“စစ်တပ်ကြီးကို အဲ့လောက်တောင်မုန်းတီးနေတာလား” တဲ့ ။ပြန်ဖြေပေးလိုက်ပါတယ် “ငါ မုန်းတာစစ်တပ်ကြီးကိုမဟုတ်ပါဘူး.. ကိုယ့်အတ္တတစ်ခုတည်းကို ရှေ့တန်းတင်ပြီး အာဏာသိမ်းခဲ့ကြတဲ့ အာဏာရူးတစ်သိုက် နဲ့

အဲ့ဒီ့ အာဏာရူးတွေခိုင်းသမျှကို မှားသလား.. မှန်သလားဆိုတာ မစဉ်းစား/မသုံးသပ်ပဲ လုပ်ပေးနေကြတဲ့ ကျွန်သဘောက်ကောင်တွေကိုပါ” လို့ သူက ဆက်ပြီး မေးပါသေးတယ် “အစ်ကို အရင်ကနိုင်ငံရေးတွေစိတ်မဝင်စားပါဘူး.. အခုမှ ဘယ်လိုဖြစ်ပြီး NLD ဘက်တော်သားဖြစ်သွားခဲ့တာလဲ” တဲ့..?

အရင်ကခင်မင်ခဲ့ဖူးတဲ့ သံယောဇဉ်လက်ကျန်လေး နဲ့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေခဲ့လိုက်ပါတယ် အရင်ကတည်းက ဘယ်ပါတီကိုမှ ထူးထူးခြားခြားကြီးမထောက်ခံခဲ့ဖူးပါဘူး အခုဖြစ်နေတဲ့ကိစ္စကြီးက ပါတီစွဲပြဿနာကြီးလည်း မဟုတ်ပါဘူး

ဒါဟာ “ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲကြီးတစ်ခုပါ” လို့ နောက်ဆုံးအနေနဲ့ သူ မေးတာကတော့ “တကယ်လို့များ အစ်ကိုနဲ့ကျနော် တိုက်ပွဲတွေကြားမှာ ထိပ်တိုက်တွေ့ခဲ့ကြရင် ဘယ်လိုလုပ်ကြမလဲ”တဲ့ အဲ့မေးခွန်ူကို စဉ်းစားစရာမလိုဘဲ မဆိုင်းမတွ ပြန်ဖြေပေးလိုက်နိုင်ပါတယ်

“မင်းလုပ်စရာရှိတာကို မင်းလုပ် ငါလုပ်စရာရှိတာကို ငါလုပ်မယ် လို့၊ နောင်တစ်ချိန်မှာ မင်းဖြစ်ဖြစ်ငါဖြစ်ဖြစ် မသေဘဲ ကျန်နေခဲ့မယ် ဆိုရင်တောင် ငါ့အနေနဲ့ကတော့ ငါလုပ်ခဲ့တဲ့ အလုပ်အတွက် ငါရပ်တည်ခဲ့တဲ့ လမ်းအတွက် “ဝမ်းနည်းနေမှာ မဟုတ်သလို နောင်တ ရစရာလည်း ဘာအကြောင်းမှ မရှိဘူး..”

ဘာလို့လဲ…ဆိုတော့ ငါက “အမှန်တရား ဓမ္မဘက်ကနေ ရပ်တည်ခဲ့လို့ပါပဲ”.

Credit_To_Original_Author၊ ဒီရဲဂျာ_13_9_2021_9_30pm၊ခရက်ဒစ်_Photo

(ZAWGYI)

ညီကိုလို ခင္ခဲ့ရတဲ့ စကစ ဗိုလ္ႀကီးတစ္ဦးက “တကယ္လို႔မ်ား အစ္ကိုနဲ႔က်ေနာ္ တိုက္ပြဲေတြၾကားမွာ ထိပ္တိုက္ေတြ႕ခဲ့ၾကရင္ ဘယ္လိုလုပ္ၾကမလဲ”တဲ့..?

အရင္တုန္းက အိမ္နီးခ်င္းျဖစ္ခဲ့ၾကၿပီး က်ေနာ့္အေပၚမွာလည္း အစ္ကိုတစ္ေယာက္လို ေလးစားခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ အခုေတာ့ စကစမွာ စစ္ဗိုလ္ႀကီး ျဖစ္ေနခဲ့ပါၿပီ (ညီအစ္ကိုအရင္းေတြလို ေနခဲ့ၾကတာပါ )

သူက..က်ေနာ္ေရးတင္ေနတဲ့ ပို႔စ္ေတြကို ဘယ္လိုဝင္ဖတ္ေနသလဲ ဆိုတာကိုေတာ့.. က်ေနာ္လည္း အေသအခ်ာမသိပါဘူး (အာဏာသိမ္းခံရအၿပီး တစ္လေလာက္အၾကာမွာ သူ႔အေကာင့္ကို block ပစ္ခဲ့တယ္) က်ေနာ္ကိုယ္တိုင္ကလည္း ျပႆနာတစ္ခုေၾကာင့္

အေကာင့္ေျပာင္းသုံးၿပီး ကိုယ္ေယာင္ေဖ်ာက္ေနခဲ့ရပါတယ္ ဒီအေကာင့္ကို က်ေနာ္သုံးေနမွန္း သူဘယ္က ဘယ္လိုသိသြားခဲ့သလဲဆိုေတာ့ က်ေနာ့္ရဲ႕ ပင္ကိုယ္အေရးအသားေတြေၾကာင့္ပါ လို႔ သူက ေျပာျပလာပါတယ္။

လူတစ္ေယာက္နဲ႔တစ္ေယာက္ စာေရးပုံေရးနည္းကြဲျပားလို႔ ဖတ္ၾကည့္တာနဲ႔တန္းသိပါတယ္ တဲ့ေလ.. ထားပါေတာ့ သူက က်ေနာ့္ကိုေမးလာပါတယ္ (ဖုန္းေတာ့မဆက္ပါဘူး မက္ေဆ့ပို႔ၿပီးေမးတာပါ)

“စစ္တပ္ႀကီးကို အဲ့ေလာက္ေတာင္မုန္းတီးေနတာလား” တဲ့ ။ျပန္ေျဖေပးလိုက္ပါတယ္ “ငါ မုန္းတာစစ္တပ္ႀကီးကိုမဟုတ္ပါဘူး.. ကိုယ့္အတၱတစ္ခုတည္းကို ေရွ႕တန္းတင္ၿပီး အာဏာသိမ္းခဲ့ၾကတဲ့ အာဏာ႐ူးတစ္သိုက္ နဲ႔

အဲ့ဒီ့ အာဏာ႐ူးေတြခိုင္းသမွ်ကို မွားသလား.. မွန္သလားဆိုတာ မစဥ္းစား/မသုံးသပ္ပဲ လုပ္ေပးေနၾကတဲ့ ကြၽန္သေဘာက္ေကာင္ေတြကိုပါ” လို႔ သူက ဆက္ၿပီး ေမးပါေသးတယ္ “အစ္ကို အရင္ကႏိုင္ငံေရးေတြစိတ္မဝင္စားပါဘူး.. အခုမွ ဘယ္လိုျဖစ္ၿပီး NLD ဘက္ေတာ္သားျဖစ္သြားခဲ့တာလဲ” တဲ့..?

အရင္ကခင္မင္ခဲ့ဖူးတဲ့ သံေယာဇဥ္လက္က်န္ေလး နဲ႔ ေကာင္းေကာင္းမြန္မြန္ပဲ ျပန္ေျဖခဲ့လိုက္ပါတယ္ အရင္ကတည္းက ဘယ္ပါတီကိုမွ ထူးထူးျခားျခားႀကီးမေထာက္ခံခဲ့ဖူးပါဘူး အခုျဖစ္ေနတဲ့ကိစၥႀကီးက ပါတီစြဲျပႆနာႀကီးလည္း မဟုတ္ပါဘူး

ဒါဟာ “ဓမၼနဲ႔ အဓမၼၾကားက တိုက္ပြဲႀကီးတစ္ခုပါ” လို႔ ေနာက္ဆုံးအေနနဲ႔ သူ ေမးတာကေတာ့ “တကယ္လို႔မ်ား အစ္ကိုနဲ႔က်ေနာ္ တိုက္ပြဲေတြၾကားမွာ ထိပ္တိုက္ေတြ႕ခဲ့ၾကရင္ ဘယ္လိုလုပ္ၾကမလဲ”တဲ့ အဲ့ေမးခြႏ္ူကို စဥ္းစားစရာမလိုဘဲ မဆိုင္းမတြ ျပန္ေျဖေပးလိုက္ႏိုင္ပါတယ္

“မင္းလုပ္စရာရွိတာကို မင္းလုပ္ ငါလုပ္စရာရွိတာကို ငါလုပ္မယ္ လို႔၊ ေနာင္တစ္ခ်ိန္မွာ မင္းျဖစ္ျဖစ္ငါျဖစ္ျဖစ္ မေသဘဲ က်န္ေနခဲ့မယ္ ဆိုရင္ေတာင္ ငါ့အေနနဲ႔ကေတာ့ ငါလုပ္ခဲ့တဲ့ အလုပ္အတြက္ ငါရပ္တည္ခဲ့တဲ့ လမ္းအတြက္ “ဝမ္းနည္းေနမွာ မဟုတ္သလို ေနာင္တ ရစရာလည္း ဘာအေၾကာင္းမွ မရွိဘူး..”

ဘာလို႔လဲ…ဆိုေတာ့ ငါက “အမွန္တရား ဓမၼဘက္ကေန ရပ္တည္ခဲ့လို႔ပါပဲ”.

Credit_To_Original_Author၊ ဒီရဲဂ်ာ_13_9_2021_9_30pm၊ခရက္ဒစ္_Photo

Crd-Original Post