TIMEမဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်စာရင်းတွင် မြန်မာအမျိုးသမီး သုံးဦးပါဝင်

TIMEမဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်စာရင်းတွင် မြန်မာအမျိုးသမီး သုံးဦးပါဝင်

မြန်မာနိုင်ငံက တိုင်းရင်းသူအမျိုးသမီးနှစ်ဦးနဲ့၊ NASA အမေရိကန် အမျိုးသားအာကာသနဲ့လေကြောင်းဦးစီးဌာနက မြန်မာအမျိုးသမီး သိပ္ပံပညာရှင်တို့ကို ၂၀၂၁နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ကမ္ဘာကျော် TIMEမဂ္ဂဇင်းက ထည့်သွင်းရွေးချယ်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ စ.စ်အာဏာသ.ိမ်းမှုဆ.န့်က.ျင်ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီး Esther Ze Naw Bamvoနဲ့ ရှမ်းနီအမျိုးသမီး ဒေါ်အိသဉ္စာမောင်တို့အပြင် အင်္ဂါဂြိုဟ်လေ့လာစူးစမ်းရေးမှာ Ingenuity မောင်းသူမဲ့ စူးစမ်းရေး

စက်ရုပ်ယာဉ်လွှတ်တင်ရေး စီမံကိန်း ဦးဆောင်သူ မြန်မာအင်ဂျင်နီယာဒေါက်တာမီမီအောင်တို့ကို TIMEမဂ္ဂဇင်းက ရွေးချယ်လိုက်တာပါ။ Ingenuity ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ် ဒီနှစ် ဧပြီ ၁၉ရက်က သမိုင်းဝင်ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်။

ဒီစီမံချက်မှာ အင်ဂျင်နီယာပေါင်းများစွာနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာအတူတကွ လုပ်ဆောင်ကြပေမယ့် ဒေါက်တာမီမီအောင်က ညွှန်ကြားခဲ့တယ်လို့ TIMEမဂ္ဂဇင်းက ဖော်ပြပါတယ်။

ဒေါ်အိသဉ္စာမောင်ဟာ NUGအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီးလည်း ဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

TIMEမဂၢဇင္းကေ႐ြးခ်ယ္တဲ့ ကမာၻ႔လႊမ္းမိုးမႈအရွိဆုံးပုဂၢိဳလ္စာရင္းတြင္ ျမန္မာအမ်ိဳးသမီး သုံးဦးပါဝင္

ျမန္မာႏိုင္ငံက တိုင္းရင္းသူအမ်ိဳးသမီးႏွစ္ဦးနဲ႔၊ NASA အေမရိကန္ အမ်ိဳးသားအာကာသနဲ႔ေလေၾကာင္းဦးစီးဌာနက ျမန္မာအမ်ိဳးသမီး သိပၸံပညာရွင္တို႔ကို ၂၀၂၁ႏွစ္အတြက္ ကမာၻ႔လႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္ ၁၀၀ စာရင္းမွာ ကမာၻေက်ာ္ TIMEမဂၢဇင္းက ထည့္သြင္းေ႐ြးခ်ယ္လိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ စ.စ္အာဏာသ.ိမ္းမႈဆ.န႔္က.်င္ဆႏၵျပပြဲမွာ ဦးေဆာင္ပါဝင္တဲ့ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္က ကခ်င္အမ်ိဳးသမီး Esther Ze Naw Bamvoနဲ႔ ရွမ္းနီအမ်ိဳးသမီး ေဒၚအိသၪၥာေမာင္တို႔အျပင္ အဂၤါၿဂိဳဟ္ေလ့လာစူးစမ္းေရးမွာ Ingenuity ေမာင္းသူမဲ့ စူးစမ္းေရး

စက္႐ုပ္ယာဥ္လႊတ္တင္ေရး စီမံကိန္း ဦးေဆာင္သူ ျမန္မာအင္ဂ်င္နီယာေဒါက္တာမီမီေအာင္တို႔ကို TIMEမဂၢဇင္းက ေ႐ြးခ်ယ္လိုက္တာပါ။ Ingenuity ရဟတ္ယာဥ္ဟာ အဂၤါၿဂိဳဟ္ေပၚ ဒီႏွစ္ ဧၿပီ ၁၉ရက္က သမိုင္းဝင္ပထမဆုံး ဆင္းသက္ႏိုင္ခဲ့ပါတယ္။

ဒီစီမံခ်က္မွာ အင္ဂ်င္နီယာေပါင္းမ်ားစြာနဲ႔ သိပၸံပညာရွင္ေပါင္းမ်ားစြာအတူတကြ လုပ္ေဆာင္ၾကေပမယ့္ ေဒါက္တာမီမီေအာင္က ၫႊန္ၾကားခဲ့တယ္လို႔ TIMEမဂၢဇင္းက ေဖာ္ျပပါတယ္။

ေဒၚအိသၪၥာေမာင္ဟာ NUGအမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕က အမ်ိဳးသမီးလူငယ္နဲ႔ ကေလးသူငယ္ေရးရာ ဒု-ဝန္ႀကီးလည္း ျဖစ္ပါတယ္။

Crd-Original Post