မသန်စွမ်းညီအစ်ကိုမောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြုပစ္စည်းတွေကို လှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

မသန်စွမ်းညီအစ်ကိုမောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြုပစ္စည်းတွေကို လှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီးလို့ တင်စားလေခါ်ဝေါ်ရတဲ့ ခိုင်နှင်းဝေကတော့ မနေ့က စက်တင်ဘာလ (၁၅)ရက်နေ့က မသန်စွမ်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းတွေကို သူကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး လှူဒါန်းပေးခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မသန်စွမ်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းတွေကို လှူဒါန်းသွားဖို့ စီစဉ်နေတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြ အသိပေးထားခဲ့ပါသေးတယ်။

မနေ့ကတော့ မသန်စွမ်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းတွေ (တန်ဘိုးငွေ ကျပ် သိန်း ၁၀၀) ခန့်ကို ဆရာတော်ကြီးများထံမှာ (၅)ပါးသီလ ဆောက်တည်၍ သဒ္ဓါဖြူတဲ့ ခုနှစ်ရက်သားသမီး သူတော်ကောင်း အလှူရှင်များ ကိုယ်စား ရေစက်ချကာ လိုအပ်နေတဲ့သူတွေထံကို ချက်ချင်းဆိုသလို လှူဒါန်းပေးလိုက်တာပါ။

ကြည်နူးပီတိဖြစ်ဖွယ်လှူဒါန်းနေတဲ့ အလှူမှတ်တမ်းပုံလေးတွေကိုလည်း အလှူရှင်တွေနဲ့ ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ်။

ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ ကြည်နူးပီတိဖြစ်ရတဲ့ အလှူပုံရိပ်လေးတွေကို ကြည့်ပြီး ပီတိဖြစ်စေဖို့ ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai

(ZAWGYI)


ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီးလို့ တင်စားလေခ်ါဝေါ်ရတဲ့ ခိုင်နှင်းဝေကတော့ မနေ့က စက်တင်ဘာလ (၁၅)ရက်နေ့က မသန်စွမ်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းတွေကို သူကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး လှူဒါန်းပေးခဲ့ပါတယ်။





Source – Khine Hnin Wai

Crd-Original Post