တောင်ကိုရီးယားတွင် ကိုယ်စားလှယ်ရုံး စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUGကတောင်ကိုရီးယားနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ ခြား ရေးဝန်ကြီးဌာနက ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်

ဦးရန်နိုင်ထွန်းကို ခန့်အပ်ကြောင်း ဩဂုတ်လ ၁၆ရက်နေ့က ကြေညာခဲ့ကြောင်း

၊ ထို့ကြောင့် သံတမန်ရေးရာ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရာတွင် အင်အားဖြစ်စေရန် အတွက်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင်

အဓိကကျသည့် တိုင်းရင်းသားအင်အားစုများ၏ အကြံ ဉာဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်အတွက်လည်း အဖွဲ့ဝင် (၁၁)ယောက်ကို ဆက်လက်ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီး ရုံးစတင်ဖွင့်လှစ်ကြောင်း သိရှိရသည်။

Crd-Original Post

(ZAWGYI)






Crd-Original Post