အိမ်ယာမဲ့တစ်ဦးမှ သူ့ကိုလှူထားတဲ့ ပိုက်ဆံတွေကို အောက်ဆီဂျင်လိုနေသူတွေအတွက် ပြန်လှူဒါန်းခဲ့တဲ့ လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်

အိမ်ယာမဲ့တစ်ဦးမှ သူ့ကိုလှူထားတဲ့ ပိုက်ဆံတွေကို အောက်ဆီဂျင်လိုနေသူတွေအတွက် ပြန်လှူဒါန်းခဲ့တဲ့ လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်

ရေနံချောင်းမြို့က အိမ်ခြေယာမဲ့တစ်ဦးက သူ့ကိုသူများတွေလှူထားတဲ့ နှစ်ရာတန် နဲ့ ငါးရာကျပ်တန်လေးတွေ စုစုပေါင်း ၃သောင်းကျပ် ကို အောက်ဆီဂျင် လိုအပ်နေသူတွေအတွက် လှူဒါန်းခဲ့ပါတယ်။

အဲ့ဒီလိုလှူဒါန်းခဲ့မှုနဲ့ပတ်သတ်ပြီး လှုမှုကွန်ယက်မှာ ပြည်သူတစ်ဦးက ရေးသားထားတာက… “သူ့စိတ်ထားနှင့်သူ့ကုသိုလ်။နေစရာအိမ် မရှိတဲ့သူ လမ်းပေါ်မှာနေ၊သူများကျွေးတာနဲ့လမ်းပေါ်မှာစား အိပ်တဲ့သူ့အိပ်ယာ လမ်းဘေးပလက်ဖောင်းပေါ်မှာလမ်းကလည်းမလျှောက်နိုင်ကုသိုလ်ရှင်

တစ်ဦးကလှူထားတဲ့ဘီးတပ်လှည်းလေးကိုသာ အားပြုပြီးပဲသွားနိုင်တော့တယ်.။

လာသမျှလူကို လှည်းလှူပေးသူအကြောင်းကြွားရတာလည်းမမောနိုင်မပမ်းနိုင်.တစ်ဦးတည်းသော ဆွေမျိုးသူ့ရဲ့အမေသေဆုံးသွားတာ အနှစ်၂၀ ဝန်းကျင်ရှိသွားလို့ ဆွေမရှိ မျိုးမရှိ.။ဒါပေမဲ့ ရေနံချောင်းတစ်မြို့လုံးကလူတွေကသူ့ဆွေမျိုးချည်းပဲဲတဲ့။သူလိုကိုယ်လို ညာဏ်ရည်ပြည့်မှီခြင်းကလည်းမရှိသူ့ကို ချစ်လိုပဲစစ..

ခင်လိုပဲစစ..အံ့ဩပ..အံ့ဩပ..ဆိုတဲ့ စကားလုံးဖြင့်ပြုံးဖြီးဖြီးနဲ့ တုံ့ပြန်တတ်တဲ့.သူများပေးစာ ကမ်းစာ လှူတာလေးတွေကို သေသေချာချာစုဆောင်းထားပြီး လှူချင်တဲ့စိတ်ရှိတဲ့ဘိုကြည်မောင်ရေ.. လေးစားသွားပြီနော်။

ဒီကနေ့မှာလည်း ရေနံချောင်းမြို့နယ်အတွက် oxygen လိုအပ်ချက်ကို ဖြည်းဆီးပေးဖို့အလှူတော်ငွေ သုံးသောင်းကျပ်ဆိုပဲ။သာဓု သာဓု သာဓု ပါရှင်..။သူလိုလူကတောင် ဒီလိုစိတ်ရှိနေတာနော်.။ဒို့ပြည်သူတွေက ဒို့ပြည်သူတွေဆီသို့ သဒ်ဓါတရားပွောနဖေို့တောငျ မလိုဘူး။လိုနေတာ က plan ပဲ..။

ကပ်ဆိုးကြီးကို အားလုံးအတူတကွကျော်ဖြတ်နိုင်ကြပါစေ” လို့ ရေးသားမျှဝေထားပါတယ်။

Crd-Original Post

(ZAWGYI)

အိမ္ယာမဲ့တစ္ဦးမွ သူ႔ကိုလႉထားတဲ့ ပိုက္ဆံေတြကို ေအာက္ဆီဂ်င္လိုေနသူေတြအတြက္ ျပန္လႉဒါန္းခဲ့တဲ့ ေလးစားဖြယ္စိတ္ဓာတ္ပိုင္ရွင္

ေရနံေခ်ာင္းၿမိဳ႕က အိမ္ေျခယာမဲ့တစ္ဦးက သူ႔ကိုသူမ်ားေတြလႉထားတဲ့ ႏွစ္ရာတန္ နဲ႔ ငါးရာက်ပ္တန္ေလးေတြ စုစုေပါင္း ၃ေသာင္းက်ပ္ ကို ေအာက္ဆီဂ်င္ လိုအပ္ေနသူေတြအတြက္ လႉဒါန္းခဲ့ပါတယ္။

အဲ့ဒီလိုလႉဒါန္းခဲ့မႈနဲ႔ပတ္သတ္ၿပီး လႈမႈကြန္ယက္မွာ ျပည္သူတစ္ဦးက ေရးသားထားတာက…
“သူ႔စိတ္ထားႏွင့္သူ႔ကုသိုလ္။ေနစရာအိမ္ မရွိတဲ့သူ
လမ္းေပၚမွာေန၊သူမ်ားေကြၽးတာနဲ႔လမ္းေပၚမွာစား
အိပ္တဲ့သူ႔အိပ္ယာ လမ္းေဘးပလက္ေဖာင္းေပၚမွာလမ္းကလည္းမေလွ်ာက္ႏိုင္ကုသိုလ္ရွင္ တစ္ဦးကလႉထားတဲ့ဘီးတပ္လွည္းေလးကိုသာ အားျပဳၿပီးပဲသြားႏိုင္ေတာ့တယ္.။

လာသမွ်လူကို လွည္းလႉေပးသူအေၾကာင္းႂကြားရတာလည္းမေမာႏိုင္မပမ္းႏိုင္.တစ္ဦးတည္းေသာ ေဆြမ်ိဳးသူ႔ရဲ႕အေမေသဆုံးသြားတာ အႏွစ္၂၀ ဝန္းက်င္ရွိသြားလို႔ ေဆြမရွိ မ်ိဳးမရွိ.။

ဒါေပမဲ့ ေရနံေခ်ာင္းတစ္ၿမိဳ႕လုံးကလူေတြကသူ႔ေဆြမ်ိဳးခ်ည္းပဲဲတဲ့။သူလိုကိုယ္လို ညာဏ္ရည္ျပည့္မွီျခင္းကလည္းမရွိသူ႔ကို ခ်စ္လိုပဲစစ.. ခင္လိုပဲစစ..အံ့ဩပ..အံ့ဩပ..ဆိုတဲ့ စကားလုံးျဖင့္ၿပဳံးၿဖီးၿဖီးနဲ႔ တုံ႔ျပန္တတ္တဲ့.

သူမ်ားေပးစာ ကမ္းစာ လႉတာေလးေတြကို ေသေသခ်ာခ်ာစုေဆာင္းထားၿပီး လႉခ်င္တဲ့စိတ္ရွိတဲ့ဘိုၾကည္ေမာင္ေရ.. ေလးစားသြားၿပီေနာ္။ဒီကေန႔မွာလည္း ေရနံေခ်ာင္းၿမိဳ႕နယ္အတြက္ oxygen လိုအပ္ခ်က္ကို ျဖည္းဆီးေပးဖို႔အလႉေတာ္ေငြ သုံးေသာင္းက်ပ္ဆိုပဲ။သာဓု သာဓု သာဓု ပါရွင္..။သူလိုလူကေတာင္ ဒီလိုစိတ္ရွိေနတာေနာ္.။

ဒို႔ျပည္သူေတြက ဒို႔ျပည္သူေတြဆီသို႔ သဒ္ဓါတရားေပြာနေဖို႔ေတာင် မလိုဘူး။လိုေနတာ က plan ပဲ..။ကပ္ဆိုးႀကီးကို အားလုံးအတူတကြေက်ာ္ျဖတ္ႏိုင္ၾကပါေစ” လို႔ ေရးသားမွ်ေဝထားပါတယ္။

Crd-Original Post