အရမ်းရှက်တတ်တဲ့သားအတွက် ချွေးမလောင်းကို ကြော်ငြာပိုစတာနဲ့ ရှာဖွေပေးခဲ့တဲ့ မိခင်

ဗီယက်နမ်နိုင်ငံက အရွယ်ရောက်ပြီးသူအတော်များများဟာ အိမ်ထောင်ကျဖို့ နှောင့်နှေးနေရင် မိဘတွေကစိုးရိမ်ပူပန်းတတ်ပြီး သူတို့ကိုယ်တိုင် သားသမီးတွေအတွက် အိမ်ထောင်ဖက်တွေကိုရှာဖွေပေးတတ်ကြပါတယ် ။


ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ အရွယ်ရောက်ပေမဲ့လည်း ချစ်သူမရှိသေးလို့ သူ့ရဲ့မိခင်ကိုယ်တိုင်ကြော်ငြာဆဆိုင်းဘုတ်နဲ့ ကိုယ်တိုင်ချွေးမလောင်းရှာဖွေပေးခဲ့ပါတယ် ။ ကြော်ငြာပိုစတာရဲ့ဘေးမှာ သားဖြစ်သူကိုပါ လူတွေသိအောင် မတ်တပ်ရပ်ခိုင်းထားပါသေးတယ် ။

ကြော်ငြာပိုစတာထဲမှာ ရေးသားထားခဲ့တဲ့အချက်အလက်တွေထဲမှာဆိုရင် သားဖြစ်သူဟာ ရုပ်ချောပြီး ၊ အလုပ်ကြိုးစားကြောင်း ၊ ကလေးတွေကို ချစ်ခင်တတ်သူဖြစ်ပြီး အချိန်ဖြုန်း ၊ ငွေဖြုန်းတတ်သူမဟုတ်ကြောင်း ရေးသားထားပါတယ် ။


ဒါ့အပြင် အားနည်းချက်အနေနဲ့ သားဖြစ်သူဟာ အရမ်းရှက်တတ်ပြီး ၊ ကိုယ့်ကိုနှိမ့်ချတတ်သူဖြစ်ကာ ၊ သရဲတွေကိုလည်း ကြောက်တတ်ကြောင်း ရေးသားထားပါတယ် ။

အဆိုပါကြော်ငြာပိုစတာပေါ်မှာ’ ချွေးမလောင်းရှာဖွေနေပါတယ်’ ဆိုတဲ့ခေါင်းစဉ်လည်းပါရှိပါတယ် ။ စိတ်ဝင်စားသူအနေနဲ့ သူမကိုဆက်သွယ်နိုင်ကြောင်း မိခင်ဖြစ်သူက သူမရဲ့နာမည်နဲ့ ဖုန်းနံပတ်ကိုပါရေးသားဖော်ပြထားသေးကြောင်း သိရှိရပါတယ် ။

Crd-Original Post

(ZAWGYI)

အရမ္းရွက္တတ္တဲ့သားအတြက္ ေခြၽးမေလာင္းကို ေၾကာ္ျငာပိုစတာနဲ႔ ရွာေဖြေပးခဲ့တဲ့ မိခင္

ဗီယက္နမ္ႏိုင္ငံက အ႐ြယ္ေရာက္ၿပီးသူအေတာ္မ်ားမ်ားဟာ အိမ္ေထာင္က်ဖို႔ ေႏွာင့္ေႏွးေနရင္ မိဘေတြကစိုးရိမ္ပူပန္းတတ္ၿပီး သူတို႔ကိုယ္တိုင္ သားသမီးေတြအတြက္ အိမ္ေထာင္ဖက္ေတြကိုရွာေဖြေပးတတ္ၾကပါတယ္ ။


ဒီတစ္ေခါက္မွာလည္း အမ်ိဳးသားတစ္ေယာက္ဟာ အ႐ြယ္ေရာက္ေပမဲ့လည္း ခ်စ္သူမရွိေသးလို႔ သူ႔ရဲ႕မိခင္ကိုယ္တိုင္ေၾကာ္ျငာဆဆိုင္းဘုတ္နဲ႔ ကိုယ္တိုင္ေခြၽးမေလာင္းရွာေဖြေပးခဲ့ပါတယ္ ။ ေၾကာ္ျငာပိုစတာရဲ႕ေဘးမွာ သားျဖစ္သူကိုပါ လူေတြသိေအာင္ မတ္တပ္ရပ္ခိုင္းထားပါေသးတယ္ ။

ေၾကာ္ျငာပိုစတာထဲမွာ ေရးသားထားခဲ့တဲ့အခ်က္အလက္ေတြထဲမွာဆိုရင္ သားျဖစ္သူဟာ ႐ုပ္ေခ်ာၿပီး ၊ အလုပ္ႀကိဳးစားေၾကာင္း ၊ ကေလးေတြကို ခ်စ္ခင္တတ္သူျဖစ္ၿပီး အခ်ိန္ျဖဳန္း ၊ ေငြျဖဳန္းတတ္သူမဟုတ္ေၾကာင္း ေရးသားထားပါတယ္ ။


ဒါ့အျပင္ အားနည္းခ်က္အေနနဲ႔ သားျဖစ္သူဟာ အရမ္းရွက္တတ္ၿပီး ၊ ကိုယ့္ကိုႏွိမ့္ခ်တတ္သူျဖစ္ကာ ၊ သရဲေတြကိုလည္း ေၾကာက္တတ္ေၾကာင္း ေရးသားထားပါတယ္ ။

အဆိုပါေၾကာ္ျငာပိုစတာေပၚမွာ’ ေခြၽးမေလာင္းရွာေဖြေနပါတယ္’ ဆိုတဲ့ေခါင္းစဥ္လည္းပါရွိပါတယ္ ။ စိတ္ဝင္စားသူအေနနဲ႔ သူမကိုဆက္သြယ္ႏိုင္ေၾကာင္း မိခင္ျဖစ္သူက သူမရဲ႕နာမည္နဲ႔ ဖုန္းနံပတ္ကိုပါေရးသားေဖာ္ျပထားေသးေၾကာင္း သိရွိရပါတယ္ ။

Crd-Original Post