စက်တင်ဘာလ ၁၆ရက်၌ ရန်ကုန် မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်တော့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်း၊ဓာတ်အားလိုင်းနှင့်ထိစပ်နေသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရန်အတွက်

စက်တင်ဘာလ ၁၆ရက် နံနက် (၉)နာရီမှ မွန်းတည့်(၁၂)နာရီ ထိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်းသိရသည်။


ယင်းကြောင့်သာကေတ၊ဒေါပုံ၊တောင်ဒဂုံ၊မြောက်ဥက္ကလာပ၊လမ်းမတော်၊ကမာရွတ်၊လှိုင်၊ ကြည့်မြင်တိုင်၊စမ်းချောင်း၊မင်္ဂလာဒုံ၊ရွှေပြည်သာ လှိုင်သာယာ(အနောက်)၊ဒါးပိန်၊မြောင်းတကာ၊

သန်လျင်မြို့နယ်များအတွင်းရှိနေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်

Crd-Original Post

(ZAWGYI)







Crd-Original Post