တော်လှန်ရေးကာလာ တိုက်ပွဲသတင်းထုတ်ပြန်ရာမှာ KIOနဲ့ AA တို့ရဲ့နည်းလမ်းတွေကို PDF တွေ အတုယူသင့်ပါတယ်
တော်လှန်ရေးကာလာ တိုက်ပွဲသတင်းထုတ်ပြန်ရာမှာ ကေအိုင်အိုနဲ့ အေအေတို့ရဲ့နည်းလမ်းတွေကို P.D.F တွေ အတုယူသင့်ပါတယ် တော်လှန်ရေးကာလ လိုအပ်လို့ အသိပေးရတာ၊ မီဒီယာတွေကမေးမြန်းလို့ တာဝန်ရှိသူတွေဖြေကြားကြတာကလွဲရင်
တို.က်ပွဲသတင်းတွေကို သိုသိုသိပ်သိပ်ထားကြရလေ့ရှိပါတယ်။ သိုသိပ်လျို့ဝှက်ထားရတာက တော်လှန်ရေးကာလရဲ့ လိုအပ်ချက်ပါ။
မတို.က်ခင်ဖြစ်ဖြစ်၊ တို.က်ပြီးဖြစ်ဖြစ် ငါတို့လုပ်မယ်၊ ငါတို့လက်ချက် စသည်ဖြင့်ထုတ်ပြန်နေတာက ပန်းတိုင် မရောက်ခင်မလိုလားအပ်တဲ့အန္တရာယ်တွေကိုပဲဖိတ်ခေါ်ရာရောက်ပါတယ်။တို.က်ပွဲသတင်းထုတ်ပြန်တာတွေကိုကြည့်ရင် ကေအိုင်အိုနဲ့
အေအေတို့ရဲ့နည်းလမ်းတွေကို သဘောကျတယ်။ တိုက်ပွဲပြီးတိုင်း သတင်းထုတ်ပြန်မှု မလုပ်သလို၊ မီဒီယာတွေမေးလာရင်တောင် ထိန်းထိန်းသိမ်းသိမ်း ဖြေကြပါတယ်။
ရန်သူဟာ စစ်ဆင်ရေးအတွက်အချိန်နှင့်အမျှသတင်းတွေကို စုစည်းရယူနေတာဖြစ်သလို၊ ရဲ လုပ်ငန်းအရ ဖ.မ်းဆီ.းမှုတွေ၊ မျက်မှောက်/မျက် ကွယ်တရားစွဲဆိုမှုတွေအတွက် အချက်အလက် တွေကို အချိန်နှင့်အမျှ စုဆောင်းနေတာပါ။
တို.က်ပွဲတစ်ခုအောင်မြင်တာက တို.က်ပွဲများစွာအောင်မြင်ဖို့အတွက် အရေးကြီးပေမယ့်၊ တော်လှန်ရေးရဲ့ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း မလိုလားအပ်တဲ့အဖမ်းအဆီးခံရမှုတွေ၊ စစ်ရေး သတင်းပေါက်ကြားမှုတွေကို ကာကွယ်ရမှာပါ။
ရန်သူ့ဗဟိုချက် မပြိုမချင်း တကယ်အောင်မြင်ကြောင်းပြောလို့မရပါ။ တို.က်ပွဲတစ်ခု၊ တော်လှန် ရေးတစ်ခု အထိအခိုက်အနည်းဆုံးနှင့်လျင်မြန်စွာအောင်မြင်ဖို့ဆိုတာ သတင်းလုံခြုံမှု၊ လူလုံခြုံမှု အပေါ်အများကြီးမူတည်ပါတယ်။သတင်းရေးသားချက်တွေ၊
ထုတ်ပြန်ချက်တွေ၊ ဆိုရှယ်မီဒီယာမှာဖြန့်ဝေမှုတွေက ရန်သူ့ကိုသွယ်ဝိုက်သတင်းပေးနေတာမျိုးမဖြစ်နေစေဖို့ သတိပြုကြရမှာပါ။သတင်းပေါက်လို့ စစ်ရေးပြိုတာမျိုးမဖြစ်စေချင်ပါခင်ဗျား။
Crd-Original Post
(ZAWGYI)
Crd-Original Post