အိမ်တိုင်း ခြံစည်းရိုး မခတ်ထားသလို ရာဇဝတ်မှု လုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းက ရွာကလေး

လူတိုင်း ခရီးသွားကြပါတယ်။ ဒါပေမယ့် ဒီနေရာ ကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုမရှိ / ရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ၊တည်ငြိမ် အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ။

ပိုပြီး ထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ, မခတ်ထားတာပါပဲ။

သူခိုး/ဓားပြလည်း မရှိ ပါဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင် ဆိုပြီး ခံယူထားကြပါတယ်။

နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊ စီးပွားရေးကိုတော့ ရွာအပြင်မှာပဲထွက်ပြီး စီးပွားရှာကြပါတယ်။

မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။ဒီရွာရဲ့ အထူး နာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်း ပါပဲ။

ကရင်လူမျိုးတွေ၊ မျိုးနွယ်ပေါင်းစုံ စုဝေး နေထိုင်တဲ့ ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ်။

ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။

ရွာအတွင်းက လူတွေ ဟာလည်း ရိုးသား ဖြူစင် ကြပါတယ် တစ်ယောက်ကိုတစ်ယောက် ကူညီ ရိုင်းပင်းရင်းမိမိရွာကို ထိန်သိမ်း စောင့်ရှောက် နေကြတာပဲ ဖြစ်ပါတယ်။

အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့ ကရင်ပြည်နယ် ဘားအံမြို့

အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

အိမ္တိုင္း ၿခံစည္း႐ိုး မခတ္ထားသလို ရာဇဝတ္မႈ လုံးဝမရွိတဲ့ ျမန္မာႏိုင္ငံအတြင္းက ႐ြာကေလး

လူတိုင္း ခရီးသြားၾကပါတယ္။ ဒါေပမယ့္ ဒီေနရာ ကိုေတာ့ ေရာက္ဖူးသူ နည္းၾကမွာပါ။

ျမန္မာႏိုင္ငံမွာ ရာဇဝတ္မႈမရွိ / ရပ္ကြက္ အုပ္ခ်ဳပ္ေရမႈး မရွိ၊တည္ၿငိမ္ ေအးခ်မ္းတဲ့ ႐ြာေလးတစ္႐ြာ ရွိတယ္ဆိုရင္ အံဩမိၾကမွာပါ။

ပိုၿပီး ထူးျခားတဲ့ အခ်က္ေတြက အိမ္တိုင္းမွာ ၿခံစည္း႐ိုး မရွိ, မခတ္ထားတာပါပဲ။

သူခိုး/ဓားျပလည္း မရွိ ပါဘူး။ ကိုယ္ကိုယ္တိုင္က ကိုယ့္႐ြာရဲ႕ ေခါင္းေဆာင္ ဆိုၿပီး ခံယူထားၾကပါတယ္။

ေနာက္ၿပီး ႐ြာအတြင္း စီးပြားေရးလုပ္ခြင့္ မရွိတာပါပဲ။ဘာကုန္ပစၥည္းဆိုင္မွ မရွိတာပါ၊ စီးပြားေရးကိုေတာ့ ႐ြာအျပင္မွာပဲထြက္ၿပီး စီးပြားရွာၾကပါတယ္။

ၿမိဳ႕နဲ႔လည္း သိပ္မေဝးေတာ့ အဆင္ေျပတာေပါ့။ဒီ႐ြာရဲ႕ အထူး နာမည္ႀကီးတာကေတာ့ တိတ္ဆိတ္ ေအးခ်မ္းျခင္း ပါပဲ။

ကရင္လူမ်ိဳးေတြ၊ မ်ိဳးႏြယ္ေပါင္းစုံ စုေဝး ေနထိုင္တဲ့ ႐ြာေလး တစ္႐ြာလည္း ျဖစ္ပါတယ္။

ဒီ႐ြာကို တည္စက ထမင္းမစား ေရမေသာက္ဘဲ ပင္ပင္ပန္းပန္းနဲ႔ တည္ခဲ့ရတယ္လို႔ အိမ္ရွင္ အဘိုးတစ္ေယာက္ ေျပာျပလို႔ သိခဲ့ရပါတယ္။

႐ြာအတြင္းက လူေတြ ဟာလည္း ႐ိုးသား ျဖဴစင္ ၾကပါတယ္ တစ္ေယာက္ကိုတစ္ေယာက္ ကူညီ ႐ိုင္းပင္းရင္းမိမိ႐ြာကို ထိန္သိမ္း ေစာင့္ေရွာက္ ေနၾကတာပဲ ျဖစ္ပါတယ္။

အိမ္ေျခအားျဖင့္ ၅၀ ေက်ာ္ခန႔္ ဧက အနည္းငယ္သာ က်ယ္ဝန္းတဲ့ ဒီ႐ြာကေလးကေတာ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕

အနီး ဇြဲကပင္ ေတာင္ေျခမွာ တည္ရွိတဲ့ မြန႔္စရီး ဆိုတဲ့ ေက်း႐ြာေလးပဲ ျဖစ္ပါတယ္။

Crd-Original Post