စစ်သည်များ ရောင့်ရဲတင်းတိမ်၊ ရိုးသားကြိုးစား၊ ဝင်ငွေနှင့်ထွက်ငွေမျှတအောင်နေကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်း

စစ်သည်များ ရောင့်ရဲတင်းတိမ်၊ ရိုးသားကြိုးစား၊ ဝင်ငွေနှင့်ထွက်ငွေမျှတအောင်နေကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် တိုက်တွန်း

အရာရှိ၊ စစ်သည်၊ မိသားစုတွေအနေနဲ့ ရောင့်ရဲတင်းတိမ်စိတ်နဲ့ ရိုးသားကြိုးစားစွာ ဆောင်ရွက်ကြဖို့နဲ့ မိမိ ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် နေထိုင်သွားကြဖို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးတွေ၊ ကထိက အရာရှိကြီးတွေ၊ ပါရဂူဆေးမှူးတွေ၊ ဆရာ၊ ဆရာမတွေ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုတွေကို စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမှာ တွေ့ဆုံအမှာစကားပြောကြားစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောသွားတာပါ။

နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ မိမိတို့တစ်ဦးချင်းတာဝန် ဝတ္တရားတွေ ကျေပွန်စွာထမ်းဆောင်ဖို့၊ စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ် အမိန့် နာခံမှုကောင်းစွာ လုပ်ဆောင်ကြဖို့လည်းတိုက်တွန်းပါတယ်။

စစ်သည်တွေအနေနဲ့ သင်ကြားခဲ့ရတဲ့ စစ်နည်းဗျူဟာတွေကို ပိုင်နိုင်ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာမက လက်တွေ့စစ်မြေပြင်မှာလည်း ထိရောက်စွာ အသုံးချနိုင်ရမှာဖြစ်တယ်၊ အခြေခံစစ်နည်းဗျူဟာနဲ့ စစ်ပညာတွေကို လိုက်နာမှုမရှိပါက စစ်မြေပြင်မှာ ပေးဆပ်မှုတွေ ကြီးမားနိုင်လို့ စစ်သည်တစ်ဦးချင်းအနေနဲ့ ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် နေရမှာဖြစ်သလို စစ်စည်းကမ်းနဲ့ အမိန့်နာခံမှု ကောင်းမွန်ရမယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရတာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာတဲ့ ဒီမိုကရေစီ ဖြစ်စေရေးအတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး တပ်မတော်အနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့လည်း ပြောသွားပါတယ်။

စက်တင်ဘာ ၇ ရက်ကစပြီး NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြေညာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဦးလွင်မြို့ကို ပထမဆုံးသွားရောက်ကာ အရာရှိစစ်သည်တွေနဲ့တွေ့ဆုံ စကားပြောကြားခဲ့တာဖြစ်ပါတယ်။

Photo -AFP/DSINFO

(ZAWGYI)

စစ္သည္မ်ား ေရာင့္ရဲတင္းတိမ္၊ ႐ိုးသားႀကိဳးစား၊ ဝင္ေငြႏွင့္ထြက္ေငြမွ်တေအာင္ေနၾကရန္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ တိုက္တြန္း

အရာရွိ၊ စစ္သည္၊ မိသားစုေတြအေနနဲ႔ ေရာင့္ရဲတင္းတိမ္စိတ္နဲ႔ ႐ိုးသားႀကိဳးစားစြာ ေဆာင္႐ြက္ၾကဖို႔နဲ႔ မိမိ ဝင္ေငြနဲ႔ ထြက္ေငြမွ်တေအာင္ ေနထိုင္သြားၾကဖို႔ အာဏာသိမ္း အၾကမ္းဖက္ စစ္ေခါင္းေဆာင္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၁၄ ရက္က ျပင္ဦးလြင္တပ္နယ္ရွိ နည္းျပအရာရွိႀကီးေတြ၊ ကထိက အရာရွိႀကီးေတြ၊ ပါရဂူေဆးမႉးေတြ၊ ဆရာ၊ ဆရာမေတြ၊ သေႏၶအရာရွိ၊ စစ္သည္၊ မိသားစုေတြကို စစ္တကၠသိုလ္၊ ဘြဲ႕ႏွင္းသဘင္ခန္းမွာ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာသြားတာပါ။

ႏိုင္ငံေတာ္ကို ကာကြယ္ႏိုင္ဖို႔ မိမိတို႔တစ္ဦးခ်င္းတာဝန္ ဝတၱရားေတြ ေက်ပြန္စြာထမ္းေဆာင္ဖို႔၊ စစ္စည္းကမ္းဟာ တပ္မေတာ္ရဲ႕ေက်ာ႐ိုးပင္ျဖစ္ၿပီး စည္းကမ္းေသဝပ္ အမိန႔္ နာခံမႈေကာင္းစြာ လုပ္ေဆာင္ၾကဖို႔လည္းတိုက္တြန္းပါတယ္။

စစ္သည္ေတြအေနနဲ႔ သင္ၾကားခဲ့ရတဲ့ စစ္နည္းဗ်ဴဟာေတြကို ပိုင္ႏိုင္ကြၽမ္းက်င္မႈရွိေအာင္ ေလ့လာေလ့က်င့္႐ုံသာမက လက္ေတြ႕စစ္ေျမျပင္မွာလည္း ထိေရာက္စြာ အသုံးခ်ႏိုင္ရမွာျဖစ္တယ္၊ အေျခခံစစ္နည္းဗ်ဴဟာနဲ႔ စစ္ပညာေတြကို လိုက္နာမႈမရွိပါက စစ္ေျမျပင္မွာ ေပးဆပ္မႈေတြ ႀကီးမားႏိုင္လို႔ စစ္သည္တစ္ဦးခ်င္းအေနနဲ႔ က်န္းမာ၊ ႀကံ့ခိုင္၊ ကြၽမ္းက်င္မႈရွိေအာင္ ေလ့က်င့္ ေနရမွာျဖစ္သလို စစ္စည္းကမ္းနဲ႔ အမိန႔္နာခံမႈ ေကာင္းမြန္ရမယ္လို႔လည္း ေျပာပါတယ္။

ႏိုင္ငံေတာ္တာဝန္ကို တပ္မေတာ္က ေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနရတာျဖစ္ၿပီး စစ္မွန္တဲ့ ဒီမိုကေရစီျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာတဲ့ ဒီမိုကေရစီ ျဖစ္ေစေရးအတြက္ တပ္မေတာ္အေနနဲ႔ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားမယ္၊ ထာဝရ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနၿပီး တပ္မေတာ္အေနနဲ႔ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္ၿပီးစီးပါက ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔အညီ လြတ္လပ္ တရားမွ်တဲ့ ေ႐ြးေကာက္ပြဲ ျပန္က်င္းပမယ္လို႔လည္း ေျပာသြားပါတယ္။

စက္တင္ဘာ ၇ ရက္ကစၿပီး NUG အစိုးရက ခုခံတြန္းလွန္စစ္ပြဲစတင္ေၾကညာၿပီးေနာက္ အာဏာသိမ္းစစ္ေခါင္းေဆာင္က ျပင္ဦးလြင္ၿမိဳ႕ကို ပထမဆုံးသြားေရာက္ကာ အရာရွိစစ္သည္ေတြနဲ႔ေတြ႕ဆုံ စကားေျပာၾကားခဲ့တာျဖစ္ပါတယ္။

Photo -AFP/DSINFO