ဒေါသထွက်နေတဲ့ အချိန်မှာ…
စကားမပြောပဲ နေလိုက်တာဟာ
အမှားပေါင်းများစွာ
အကျိုးမဲ့ပေါင်းများစွာ
ဆုံးရှုံးမှုပေါင်းများစွာကို
အကောင်းဆုံးသော တားဆီးပေးတဲ့နည်းပါပဲ။

 

ဒေါသနဲ့ပြောတဲ့ စကားတွေဟာ…
ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်။

ကျေးဇူးသိတတ်သောစိတ်ကိုလည်း
ဖျက်ဆီးနိုင်တယ်။

မေတ္တာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။

အကြင်နာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။

အနှစ်နှစ် အလလ ချစ်ခဲ့သမျှတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

သည်းခံစိတ် ခန္တီတရားကိုလည်းဖျက်ဆီးနိုင်တယ်။

အတိတ်က ကောင်းခဲ့တာတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

အနာဂါတ်အတွက်
မျှော်လင့်ချက် အိပ်မက်တွေကိုလည်း
ဖျက်ဆီးပစ်နိုင်တယ်။

သူငယ်ချင်းဘဝတွေ
လုပ်ဖော်ကိုင်ဖက်ဘဝတွေ
ညီအစ်ကို မောင်နှမဘဝတွေ
ချစ်သူရည်းစားဘဝတွေ
မိသားစုဘဝတွေရဲ့ ချစ်ခင်ညီညွတ်နေမှုတွေကို
တစစီ တစစီ
ကျေမွပြိုကွဲသွားအောင် ဖြိုခွင်းနိုင်တယ်။

ဒေါသထွက်လာတဲ့အခါ…
ကလျာဏ ဆိုတဲ့ အကောင်းဓာတ်တွေ
ပျောက်ဆုံးသွားတယ်။

ပါပဆိုတဲ့ မကောင်းဓာတ်တွေ
ဝင်စီးလွှမ်းမိုးလာတော့တယ်။

ယဉ်ကျေးတဲ့ အမူအရာတွေ
ပျောက်ဆုံးသွားတယ်။

ရိုင်းစိုင်းတဲ့အမူအရာတွေ ထွက်ပေါ်လာတယ်။

ချစ်စရာအကောင်းဆုံးရုပ်က…
ကြောက်စရာအကောင်းဆုံးရုပ်အဖြစ်
ပြောင်းလဲသွားတယ်။

အမှန်အမှား မခွဲခြားနိုင်တော့ဘူး။
အကောင်းအဆိုး မတွက်ဆနိုင်တော့ဘူး။
စကားတွေဟာ…
မှားပီးရင်း ဆက်မှားနေတော့တယ်။
ဆူပွက်နေတဲ့ နှလုံးသားကို
ဉာဏ်ပညာက တားဆီးနိုင်စွမ်း မရှိတော့ဘူး။

ဒါ့ကြောင့်
တခဏတာ ဒေါသစကားတွေက
တစ္ဘဝစာ
ကျေမွအောင် ဖျက်ဆီးပစ်နိုင်တာမို့

ချစ်ကြတဲ့
သူငယ်ချင်း အချင်းချင်း
ညီအစ်ကိုမောင်နှမ အချင်းချင်း
ချစ်သူရည်းစား အချင်းချင်း
မိသားစု အချင်းချင်း
ဆရာတပည့် အချင်းချင်း
လုပ်ဖော်ကိုင်ဖက် အချင်းချင်း
အခန့်မသင့်လို့
ဒေါသထွက်ကြတဲ့အခါ
စကားမပြောဖြစ်အောင် နေပေးကြပါ….

Crd-Original Post