ကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ရရှိခဲ့တဲ့ ဟာသ သရုပ်ဆောင် ဦးချစ်စရာ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်လာတဲ့ ဦးချစ်စရာကတော့ မကြာခင် ရက်ပိုင်းက အောက်ဆီဂျင်တွေ ရုတ်တရက် ထိုးကျခဲ့တာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး အောက်ဆီဂျင်အိုးများ သွားရောက် ဌားရမ်းတပ်ဆင်ပေးခဲ့ရပါတယ် ။

အောက်ဆီဂျင်တွေ ကျပြီး နောက်ရက်မှာပဲ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံကို ရုတ်တရက် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ် ။ ဦးချစ်စရာရဲ့ ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်တာကြောင့် ဝေဠုကျော်ကပဲ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ တာကိုလည်း တွေ့ရပါတယ် ။

ဒီလို ဆေးကုသမှုခံယူနေတဲ့ ဦးချစ်စရာက မနေ့က ညနေပိုင်းလောက်မှာတော့ ရောဂါအခြေအနေ သက်သာပျောက်ကင်းလာတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ကြောင့် ဝေဠုကျော်က သူရဲ့ အကောင့်မှာရေးသားဖော်ပြလာပါတယ် ။ ဆေးရုံဆင်းတဲ့ ကိစ္စအဝဝကိုလည်း ဝေဠုကျော်ကပဲ ဆောင်ရွက်ပေးခဲ့ပါတယ် ။

ပရိသတ်ကြီးအတွက် ဒိသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)






Yuan – Cele Zone

Photo – Wai Lu Kyaw