အိမ်ခြေ (၂၀၀) စာအတွက် ဖွယ်ဖွယ်ရာရာ ဟင်းများစွာကို ချက်ပြုတ်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ အခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။ ကိုယ်ကျိုးမကြည့်ဘဲ အများအတွက် ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေသူမို့ မေမေ ခိုင်နှင်းဝေကို အားလုံးက လေးစား ချစ်ခင်နေကြတာပါ ။

အခုလည်း အိမ်ခြေ (၂၀၀) စာ အတွက် ဆန်၊ဆီ၊ငါးပိ အပြင် ဖွယ်ဖွယ်ရာရာ ဟင်းတွေ ဖြစ်တဲ့ ဆိတ်သားနှပ်နဲ့ ပဲဟင်းတို့ကို လည်း ချက်ပြုတ်လှူဒါန်း ဝေဌခဲ့ပါတယ် ။ လာရောက်ယူဆောင်ကြသူတွေလည်း များပြားပြီး အလှူမြင်ကွင်းတွေက ပီတိဖြစ်စရာပါ ။

ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)






Yuan – Cele Zone

Photo – Khine Hnin Wai