ကုလအထွေထွေညီလာခံ အစည်းအဝေးမှာမြင်တွေ့ရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း

၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲအစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးဟာ မျက်နှာစုံညီအစည်းအဝေးတွေကိုလည်းတက်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖေ့စ်ဘွတ်ခ်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

ဒီအစည်းအဝေးတွေကို စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း စကားမပြောရ ဆိုပြီး အမေရိကန်နဲ့ တရုတ်တို့ ကြိုတင်ညှိနှိုင်းထားတဲ့ သတင်းတွေလည်း ဒီမတိုင်ခင်က ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့တွေကို စိစစ်ရွေးချယ်တဲ့ “credentials committee” အရည်ချင်းစစ် ကော်မတီအဖွဲ့ဝင်နိုင်ငံတွေကို ရွေးချယ်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ် နဲ့ ရုရှားသုံးနိုင်ငံအပါအဝင် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ ဆီရာလွန်၊ တောင်အာဖရိကနဲ့ ဆွီဒင်နိုင်ငံတို့ ဖြစ်ပါတယ်။

အဲဒီကော်မတီရဲ့အစည်းအဝေးတွေဟာ နိုဝင်ဘာမှာ စတင်နိုင်ဖွယ်ရှိပြီးဒီကြားကာလမှာ ကော်မတီကနေ အဖြေ တစုံတရာ ထွက်မလာ သေးတဲ့ အထိ မြန်မာကို ကိုယ်စားပြုသူဟာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တနည်းအားဖြင့် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်တယ်လို့ လည်း ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ

အကြောင်း ကျွမ်းကျင်သူတွေက အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ဒါ့ကြောင့် အမေရိကန်နဲ့တရုတ်ကြား အခု အလွတ်သဘော နားလည်မှု ယူထားတာဟာ အဲဒီ နိုဝင်ဘာ ကော်မတီ အစည်းအဝေးကနေ အဖြေ တစုံတရာ မထွက်မချင်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ကုလ အထွေထွေ ညီလာခံမှာ နေရာပေးတာမျိုး၊

စကားပြောခွင့် ပြုတာပေးတာမျိုး မလုပ်ကြဖို့ အဓိပ္ပာယ် ဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက‌ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဖေ့စ်ဘွတ်စာမျက်နှာ

(ZAWGYI)

ကုလအေထြေထြညီလာခံ အစည္းအေဝးမွာျမင္ေတြ႕ရတဲ့ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း

၇၅ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ ပိတ္ပြဲနဲ႔ ၇၆ ႀကိမ္ေျမာက္ ညီလာခံ ဖြင့္ပြဲအစည္းအေဝးေတြကို တက္ေရာက္ခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမင္ေတြ႕ရတာျဖစ္ပါတယ္။

ဒါ့အျပင္ သံအမတ္ႀကီးဟာ မ်က္ႏွာစုံညီအစည္းအေဝးေတြကိုလည္းတက္ေရာက္ခဲ့တယ္လို႔ ကုလသမဂၢဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာက ထုတ္ျပန္ထားပါတယ္။
ဒီအစည္းအေဝးေတြကို စစ္ေကာင္စီဘက္က ကိုယ္စားလွယ္ တက္ခြင့္မရ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း စကားမေျပာရ ဆိုၿပီး အေမရိကန္နဲ႔ တ႐ုတ္တို႔ ႀကိဳတင္ညႇိႏႈိင္းထားတဲ့ သတင္းေတြလည္း ဒီမတိုင္ခင္က ထြက္ေပၚခဲ့ပါတယ္။

ႏိုင္ငံကို ကိုယ္စားျပဳတဲ့ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႕ေတြကို စိစစ္ေ႐ြးခ်ယ္တဲ့ “credentials committee” အရည္ခ်င္းစစ္ ေကာ္မတီအဖြဲ႕ဝင္ႏိုင္ငံေတြကို ေ႐ြးခ်ယ္ခဲ့ၾကၿပီး အဖြဲ႕ဝင္ႏိုင္ငံေတြအျဖစ္ အေမရိကန္၊ တ႐ုတ္ နဲ႔ ႐ုရွားသုံးႏိုင္ငံအပါအဝင္ ဘဟားမားစ္၊ ဘူတန္၊ ခ်ီလီ၊ ဆီရာလြန္၊ ေတာင္အာဖရိကနဲ႔ ဆြီဒင္ႏိုင္ငံတို႔ ျဖစ္ပါတယ္။

အဲဒီေကာ္မတီရဲ႕အစည္းအေဝးေတြဟာ ႏိုဝင္ဘာမွာ စတင္ႏိုင္ဖြယ္ရွိၿပီးဒီၾကားကာလမွာ ေကာ္မတီကေန အေျဖ တစုံတရာ ထြက္မလာ ေသးတဲ့ အထိ ျမန္မာကို ကိုယ္စားျပဳသူဟာ လက္ရွိ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႕ ေခါင္းေဆာင္ တနည္းအားျဖင့္ ကုလဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းပဲ ျဖစ္တယ္လို႔ လည္း ကုလရဲ႕ လုပ္ထုံးလုပ္နည္းေတြ အေၾကာင္း ကြၽမ္းက်င္သူေတြက အဓိပၸာယ္ ဖြင့္ဆိုၾကပါတယ္။

ဒါ့ေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကား အခု အလြတ္သေဘာ နားလည္မႈ ယူထားတာဟာ အဲဒီ ႏိုဝင္ဘာ ေကာ္မတီ အစည္းအေဝးကေန အေျဖ တစုံတရာ မထြက္မခ်င္း စစ္ေကာင္စီ ကိုယ္စားလွယ္ကို ကုလ အေထြေထြ ညီလာခံမွာ ေနရာေပးတာမ်ိဳး၊ စကားေျပာခြင့္ ျပဳတာေပးတာမ်ိဳး မလုပ္ၾကဖို႔ အဓိပၸာယ္ ျဖစ္တယ္လို႔ သံတမန္ သတင္းရင္းျမစ္ေတြက သုံးသပ္ၾကပါတယ္။

လက္ရွိမွာ ဒီအစည္းအေဝးနဲ႔ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက‌ တရားဝင္ထုတ္ျပန္လာတာမရွိေသးပါဘူး။

ဓာတ္ပုံ-ကုလသမဂၢဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္႐ုံးေဖ့စ္ဘြတ္စာမ်က္ႏွာ