“သမ္ဗုဒ္ဓေဂါထာတော်ကြီးအား ဂါထာစွမ်းအားသတ္တိ ရရှိလာအောင် ရွတ်ဆိုနည်း”

နံနက် အရုဏ်တက်ချိန် ၅နာရီတွင် သမ္ဗုဒ္ဓေဂါထာတော်ကြီးအား ရွတ်ဖတ်ရပါမည်။ ရွတ်ဖတ်မည့်ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ၊

ကိုယ်လက်သန့်ရှင်းခြင်းခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသော အဝတ်စားကို ဝတ်ဆင်ခြင်း ရဟန်းမှန်သမျှဒေသနာကြားခြင်း ကိစ္စကိုဆောင်ရွက်ရပါမည် ။

၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အား ရည်စူး၍ ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင်၉တိုင်ထွန်း ၊

အမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။ ပြီးနောက်၅ပါး သီလတော်ကို ခံယူဆောက်တည်ပါ ။ နတ်များကို ဖိတ်ကြားရပါမည်။

ဖိတ်ကြားပုံမှာ”ကျွန်ုပ်သည်၅၁၂၀၂၈ဆူကုန်သောဗုဒ္ဓဘုရားရှင်အပေါင်းအားရည်စူး၍ရည်မှန်း၍သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးအား ၊

၁၀၈ခေါက်တိတိရွတ်ဖတ်၍ ပူဇော်ကန်တော့မည် ဖြစ်ပါ၍ အရှေ့နေထွက်အနောက်နေဝင်တောင်မှာ တံငါကွန်နက္ခတ် မြောက်မှာဓူဝံကြယ်အောက်မှာ ၊

အဝီစိအထက်မှာ ဘဝဂ်ဤအတွင်းမှာ တည်ရှိနေထိုင်ကြကုန်သော အလုံးစုံသောတောစောင့်နတ်များ တောင်စောင့်နတ်များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များ

အာကာသစိုးနတ်များ ကမ္ဘာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ် ရွာစောင့်နတ် ရက်ကွက်စောင့်နတ် ကျောင်းစောင့်နတ် မိုးနတ်သား လေနတ်သား ရေနတ်သား လနတ်သား သမ္မာဒေဝနတ်များ ၊

သာသနာတော်စောင့်နတ်များ သူရဿတီ ဒေဝီနှင့်တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါးဒေဝီ (၁၂) ပါး ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခကုဝေရ စသော စတုမဟာ နတ်မင်းကြီး ၄ ပါး၊

သိကြားမင်းနှင့်တကွ ၃၃ကျိတ်သော နတ်မင်း နတ်မြတ် နတ်ဒေဝါအပေါင်းနှင့်တကွ သူရဿတီ မကြွင်း ခပင်းများစွာ နတ်ဗြဟ္မာအပေါင်းတို့ ဖိတ်ကြားပါ၏ ။

ဖိတ်ခေါ်ပါ၏ ။ တရားနာယူရန် ကြွတော်မူုကြပါကုန်လော့ ။ဤ အချိန် ဤအခါသည်ကား သမ္ဗုဒ္ဓေဂါထာတော်မြတ်အား (၁၀၈) ခေါက်တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍ ၊

တရားတော်မြတ်ကို အတူတကွ နာယူကြပါရန် ဤနေရာ ဤဌာန ဤအိမ်ဂေဟာ သို့ ဖိတ်ကြားပါ၏။ ပန်ကြားပါ၏။ ဖိတ်ခေါ်ပါ၏။

တရားတော်မြတ် ဂါထာတော်မြတ်ကို နာယူရန် အတွက်ကြွရောက်တော်မူကြပါကုန်လော့ ။ ”ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ၊

ဘုရားရှေတော်တွင် တည်ငြိမ်စွာထိုင်၍ သမ္ဗုဒ္ဓေဂါထာတော်ကြီးအား လေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။

၁၀၈ခေါက်တိတိ ရွတ်ဖတ်ပြီးပါလျှင် ဂါထာတော်ကြီး၏ အနက်အဖွင့်ကို အသံကျယ်ကျယ် ရွတ်ဖတ်ရာ၏။

ပြီးစီးပါက ပင့်ဖိတ်ကြားထားသော နတ်များအား ၎င်းသတ္တဝါများအား ၎င်းသူတော်ကောင်း အရိယာများအား ၎င်းအမျှပေးဝေရာ၏။

အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။ လိုအပ်သော အလိုရှိသော ကိစ္စအကြောင်းအရာအတွက် ဆု့တောင်းပါ ။

ဤအချက် များနှင့်ညီညွတ်အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏ အစွမ်းသတ္တိ ဝင်လာပါတော့သည်။

ဂါထာအစွမ်း ထက်မြတ်လာတော့၏။ မိမိဆောင်ရွက်တိုင်း အကျိူးပေးနေတာ့သည်။ နေ့စဉ် ကျင့်ဆောင်ပါလျှင် သြဇာ အာဏာကြီးလာပါသည်။

ပြောတိုင်း ဆိုတိုင်း လုပ်တိုင်း ကြံစည်တိုင်း အောင်မြင်လာပါတော့သည်။ ဘေးရန် အန္တရာယ် ကင်းဝေးပပျောက်ရသည်။

မကောင်းသော အမင်္ဂလာ မှန်သမျှ ကင်းဝေးပပျောက်ရ၏ ။နာနာဘာဝ ဝိနာဘာဝအဝရုဒ္ဓက နတ်ဆိုး ဘီလူးဆိုး မှန်သမျှကို နိုင်နင်းတော့သည်။

အနာရောဂါအမျိူးမျိူး ကင်ဆာရောဂါအမျိူးမျိူး ပျောက်ကင်း စေနိုင်သည်။ဤသို့ ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် ၊

သမ္ဗုဒ္ဓေဂါထာတော်၏ စွမ်းအားသတ္တိ ဝင်ရောက်လာမှု့ကြောင့် ဂါထာစွမ်းအား တက်လာသောကြောင့် ရေကိုကိုင်၍ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်လျှင် ရေဆူလာသည်။

သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏။

Crd-Original Post