လည်ပင်းကို ပလက်စတစ်ကွင်း စွပ်မိနေလို့ ဒုက္ခရောက်နေတဲ့ သနားစဖွယ် ဖျံကလေး

လည်ပင်းကို ပလက်စတစ်ကွင်း စွပ်မိနေလို့ ဒုက္ခရောက်နေတဲ့ သနားစဖွယ် ဖျံကလေး

ကလေးတွေ ဆော့ကစားရာမှာ အသုံးပြုတဲ့ Frisbee လို့ခေါ်တဲ့ အပျော်တမ်းပစ်ကစားလို့ရတဲ့ လေဝဲပန်းကန်ပြားကို အာလုံးမြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီလေဝဲပန်းကန်ပြားဟာ အစိတ်အပိုင်းလေးတွေနဲ့ ပြုလုပ်ထားပြီး၊ အလွယ်တစ်ကူ ဖြုတ်လို့တပ်လို့ ရအောင် ဖန်တီးကာ အစိတ်အပိုင်းအသီးသီးကို ကစားလို့ရအောင် ဖန်တီးပေးထားတဲ့ ကစားစရာ ဖြစ်ပါတယ်။

အဆိုပါ Frisbee မှာပါတဲ့ အပြင်ဘက်က ကာဗာအဖြစ်သုံးထားတဲ့ ကွင်းလေးဟာ ဖျံတစ်ကောင်ရဲ့ လည်ပင်းမှာ သွားရောက်စွပ်မိနေပြီး၊ ဖျံကလေးခမျာမှာ လည်ပင်းကို ညှစ်ထားသလို၊ အတော်ကလေး ဒုက္ခရောက်နေခဲ့ပါတယ်။

ဖျံလေးကတော့ ဖျံအမလေးဖြစ်တယ်လို့ Metro က ဆိုပါတယ်။ဒီပလက်စတစ်ကွင်းဟာ ဘယ်အချိန်ကတည်းက ဖျံလည်ပင်းကို စွပ်မိနေတယ် အတိအကျ မသိရပေမယ့် အရွယ်ကြီးလာလေ ဖျံမလေးအတွက် ဒုက္ခဖြစ်လေပါ။ နောက်ဆုံးမှာ အစာအာဟာရချို့တဲ့ခြင်းနဲ့၊ ရေအလွန်ငတ်တဲ့ ရောဂါကိုပါ ခံစားခဲ့ရပြီး၊ သေလုမြောပါး နေမကောင်း ဖြစ်လာတဲ့အထိပါဘဲ။

ဒီဖျံလေးကို ကာလတော်တော်ကြာကြာ ဘယ်သူမှ မကူညီနိုင်ခဲ့ပါဘူး။ ပင်လယ်ပျော်သတ္တဝါဖြစ်လို့ ဖမ်းမမိတဲ့သဘောပါ။ နောက်ဆုံး အင်္ဂလန်က Great Yarmouth, Norfolk အနီးမှာတည်ရှိတဲ့ Horsey ကမ်းခြေမှာ စေတနာရှင်ကယ်ဆယ်ရေးအဖွဲ့က ဖမ်းနိုင်ခဲ့ပါတယ်။

RSPCA’s Hospital ကို ချက်ချင်းခေါ်သွားပြီး၊ ဖျံမလေးရဲ့ လည်ပင်းက ပလက်စတစ်ကွင်းကို ချွတ်ပေးနိုင်ခဲ့ပါတယ်။

လောလောဆယ်တော့ ဖျံမလေးကို ဒဏ်ရာတွေကနေ ပျောက်ကင်းအောင် ဆေးရုံမှာပင် ဆေးကုသပေးနေပြီး၊ သုံးလလောက် ကြာရင်တော့ သူမရဲ့ အခြေအနေဟာ 100% အထိ သက်သာသွားမယ်လို့ ယုံကြည်ရပါတယ်။ ထိုအချိန်ကျမ သူမကို ပင်လယ်ရေထဲ ပြန်ပြီးလွှတ်ပေးမှာ ဖြစ်ပါတယ်။

Zawgyi

ကေလးေတြ ေဆာ့ကစားရာမွာ အသုံးျပဳတဲ့ Frisbee လို႔ေခၚတဲ့ အေပ်ာ္တမ္းပစ္ကစားလို႔ရတဲ့ ေလဝဲပန္းကန္ျပားကို အာလုံးျမင္ဖူးၾကမယ္ထင္ပါတယ္။ အဲဒီေလဝဲပန္းကန္ျပားဟာ အစိတ္အပိုင္းေလးေတြနဲ႔ ျပဳလုပ္ထားၿပီး၊ အလြယ္တစ္ကူ ျဖဳတ္လို႔တပ္လို႔ ရေအာင္ ဖန္တီးကာ အစိတ္အပိုင္းအသီးသီးကို ကစားလို႔ရေအာင္ ဖန္တီးေပးထားတဲ့ ကစားစရာ ျဖစ္ပါတယ္။

အဆိုပါ Frisbee မွာပါတဲ့ အျပင္ဘက္က ကာဗာအျဖစ္သုံးထားတဲ့ ကြင္းေလးဟာ ဖ်ံတစ္ေကာင္ရဲ႕ လည္ပင္းမွာ သြားေရာက္စြပ္မိေနၿပီး၊ ဖ်ံကေလးခမ်ာမွာ လည္ပင္းကို ညႇစ္ထားသလို၊ အေတာ္ကေလး ဒုကၡေရာက္ေနခဲ့ပါတယ္။ ဖ်ံေလးကေတာ့ ဖ်ံအမေလးျဖစ္တယ္လို႔ Metro က ဆိုပါတယ္။

ဒီပလက္စတစ္ကြင္းဟာ ဘယ္အခ်ိန္ကတည္းက ဖ်ံလည္ပင္းကို စြပ္မိေနတယ္ အတိအက် မသိရေပမယ့္ အ႐ြယ္ႀကီးလာေလ ဖ်ံမေလးအတြက္ ဒုကၡျဖစ္ေလပါ။ ေနာက္ဆုံးမွာ အစာအာဟာရခ်ိဳ႕တဲ့ျခင္းနဲ႔၊ ေရအလြန္ငတ္တဲ့ ေရာဂါကိုပါ ခံစားခဲ့ရၿပီး၊ ေသလုေျမာပါး ေနမေကာင္း ျဖစ္လာတဲ့အထိပါဘဲ။

ဒီဖ်ံေလးကို ကာလေတာ္ေတာ္ၾကာၾကာ ဘယ္သူမွ မကူညီႏိုင္ခဲ့ပါဘူး။ ပင္လယ္ေပ်ာ္သတၱဝါျဖစ္လို႔ ဖမ္းမမိတဲ့သေဘာပါ။ ေနာက္ဆုံး အဂၤလန္က Great Yarmouth, Norfolk အနီးမွာတည္ရွိတဲ့ Horsey ကမ္းေျခမွာ ေစတနာရွင္ကယ္ဆယ္ေရးအဖြဲ႕က ဖမ္းႏိုင္ခဲ့ပါတယ္။ RSPCA’s Hospital ကို ခ်က္ခ်င္းေခၚသြားၿပီး၊ ဖ်ံမေလးရဲ႕ လည္ပင္းက ပလက္စတစ္ကြင္းကို ခြၽတ္ေပးႏိုင္ခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ ဖ်ံမေလးကို ဒဏ္ရာေတြကေန ေပ်ာက္ကင္းေအာင္ ေဆး႐ုံမွာပင္ ေဆးကုသေပးေနၿပီး၊ သုံးလေလာက္ ၾကာရင္ေတာ့ သူမရဲ႕ အေျခအေနဟာ 100% အထိ သက္သာသြားမယ္လို႔ ယုံၾကည္ရပါတယ္။ ထိုအခ်ိန္က်မ သူမကို ပင္လယ္ေရထဲ ျပန္ၿပီးလႊတ္ေပးမွာ ျဖစ္ပါတယ္။

လေးစားစွာဖြင့် ထူးခြားဆန်းပြားကမ္ဘာတလွှား🙏🙏🙏 page အား