အောင်လအန်ဆန်း ပြောပြတဲ့ အောင်မြင်စေတဲ့ အချက် ၅ ချက်

အောင်လအန်ဆန်း ပြောပြတဲ့ အောင်မြင်စေတဲ့ အချက် ၅ ချက်

မြန်မာပြည် မှာတော့ အောင်လ အန်ဆန်း ကို မသိသူ မရှိ သလောက် ပါပဲ ။ လာမယ့် မေလ ထဲမှာ ၃၅ နှစ် ပြည့်မှာ ဖြစ်တဲ့ MMA ဖိုက်တာကြီးဟာ One Championship ရဲ့ အောင်မြင်မှု အရှိဆုံး အားကစား သမား တစ်ယောက် ဖြစ်ပြီး ဝိတ်တန်း ၂ ခု ရဲ့ ရွှေခါးပတ် ချန်ပီယံ အဖြစ်လည်း ရှိနေခဲ့ ပါတယ် ။

ဖိလစ်ပိုင် ဖိုက်တာကြီး ဘရန်ဒွန် ဗီရာ ကို အနိုင်ယူ အပြီးမှာ အောင်လ ရဲ့ ဂုဏ် သတင်းဟာ အရှေ့တောင် အာရှ မှာသာ မက ကမ္ဘာမှာပါ ကျော်ဇော ထင်ရှား လာခဲ့ပြီး မြန်မာပြည်မှာတော့ နိုင်ငံ ဂုဏ်ဆောင် သူရဲကောင်း တစ်ယောက် သဖွယ် ဖြစ်လာခဲ့ရ ပါတယ် ။

လက်ရှိ ကမ္ဘာကြီးမှာ ဖြစ်ပွား နေတဲ့ ကြောက်မက်ဖွယ် ကျန်းမာရေး ကပ်ဘေးကြီးကြောင့် ထိုးသတ်ပွဲတွေ ကို အကန့် အသတ် မရှိရွှေ့ ဆိုင်း ထားလိုက်ပေမယ့် အောင်လ ရဲ့ အရှိန် အဟုန် ကိုတော့ ရပ်တန့် မသွားစေခဲ့ ပါဘူး ။

အောင်လ ဟာ သူ့ရဲ့ ရောင်းရင်းတွေ ၊ လေ့ကျင့်ဖော်တွေ နဲ့ အတူ နေအိမ် မှာ အတူ နေထိုင်ရင်း သတ်မှတ် ထားတဲ့ ကျန်းမာရေး ဆိုင်ရာ စည်းကမ်းဘောင်တွေ အောက်မှာ လေ့ကျင့်မှု တွေ ကို ပြုလုပ် နေခဲ့ သလို

One Championship ရဲ့ အစီအစဉ် တွေ မှာလည်း အခါ အားလျော်စွာ ပါဝင် ပေးခဲ့ပြီး အောင်မြင်မှု အတွက် အရေးကြီး တဲ့ အချက် ၅ ချက် ကို မကြာသေးမီ က ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ဒါကြောင့် အောင်လ ရဲ့ ပရိသတ်တွေ အတွက်ရော ၊ အောင်မြင်မှု ပန်းတိုင် တစ်ခု ဆီကို ချီတက် ဖို့ စိတ်ပိုင်း ဖြတ်ထားကြတဲ့ သူတွေ အတွက် ပါ လေ့လာ နိုင်စေဖို့ အောင်လ အန်ဆန်း ပြောပြတဲ့ အောင်မြင်မှုဆီသို့ အချက် ၅ ချက် ကို ဖော်ပြ ပေးလိုက် ရ ပါတယ် ။

၁ ။ Stay Humble ( မိမိကိုယ်ကို နှိမ့်ချပါ )
“အချိန်တိုင်းမှာ ကိုယ်ဟာ နှိမ့်ချ ရိုကျိုးတဲ့သူ တစ်ယောက် ဖြစ်ဖို့ လိုပါတယ် ။ နိုင်တဲ့ အခါ မှာရော ရှုံးတဲ့ အခါ မှာပါ ကိုယ့်ရဲ့ ကိုယ်အမူ အရာ ၊ စိတ် အမူ အရာတွေ ကို နှိမ့်ချ ထားနိုင် ဖို့ လိုပါတယ်”

၂ ။ Have a plan ( ရည်မှန်းချက် ရှိပါ )
“အောင်မြင် ချင်တဲ့ ဘယ်သူမဆို ရည်မှန်းချက် ရှိရ မှာပါ ။ နောက်ပြီးတော့ ကိုယ့်ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင် ဆီကို အရောက် သွားနိုင် မယ့် စစ်မှန် ပြီး ခိုင်မာတဲ့ အစီအစဉ် တွေ လည်း ရှိနေ ဖို့ လိုအပ် ပါတယ်”

၃ ။ Work Hard ( ကြိုးစားပါ )
“ဒါကတော့ အထူး ပြောဖို့ လိုမှာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင် ကို ကြိုးစား အားထုတ်မှု မပါဘဲ နဲ့ ရနိုင် မှာ မဟုတ်တာ သေချာ နေလို့ပါ ။ အောင်မြင်ချင် ရင် ကြိုးစား ရပါမယ်”

၄ ။ Surround with the right people ( လူပေါင်း မှန်ပါစေ )
“တကယ်လို့ ကိုယ် က ဆရာဝန် တစ်ယောက် ဖြစ်ဖို့ ဆန္ဒ ရှိ တယ် ဆိုရင် ဆရာဝန် နဲ့ ဆေး ပညာ အသိုင်း အဝိုင်း က လူတွေ ဝန်းရံ တဲ့ ပတ်ဝန်းကျင် မှာ နေထိုင် ရှင်သန် သင့်ပါတယ် ။

ကိုယ်နဲ့ ရည်ရွယ်ချက် တူတဲ့သူ တွေ ၊ ကိုယ့်လိုပဲ စိတ်အား ထက်သန် တဲ့ သူတွေ ကိုယ့် အနား မှာ ရှိနေတာဟာ အောင်မြင်မှု ကို မြန်မြန် ရောက် နိုင်တဲ့ အကြောင်း တစ်ခုလို့ ကျွန်တော် ထင်ပါတယ်”

၅ ။ Believe in yourself ( ကိုယ့်ကိုကိုယ် ယုံကြည်ပါ )
“ကိုယ့်ကိုကိုယ် ယုံကြည်ပါ ၊ ကြီးကျယ် ခမ်းနားတဲ့ အရာတွေ ကို လုပ်နိုင်တဲ့ သူ ဖြစ်တယ်လို့ ယုံကြည်ပါ ။ အဲ့ဒီ ယုံကြည်ချက် ကို မမေ့ဘဲ ကြိုးစားပါ ။ ဒါဆိုရင် ဒီအရာတွေ ကို လုပ်လာနိုင် မှာပါ”

SPORTS MYANMAR
လေးစားစွာဖြင့် ခရက်ဒစ် 🙏🙏