သမီးကြီးမြမိုးဂင်္ဂါနဲ့ သူမကို ဆက်သွယ်ရခက်ခဲအောင်လုပ်တဲ့သူကို အရမ်းမုန်းတဲ့အကြောင်းရင်ဖွင့်ပြောပြလာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ ဒီကနေ့ စက်တင်ဘာလ (၁၄)ရက်နေ့မှာ အသက် (၃၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ နိုင်ငံကျော် အဆိုတော် ချမ်းချမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်.။

ချမ်းချမ်းကတော့ သူမရဲ့ ထူးခြားတဲ့ အသံနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူ အဆိုတော် အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်.။ချမ်းချမ်းဟာဆိုရင် သမီးကြီး မြမိုးဂင်္ဂါ နဲ့ အတူ နေထိုင်ခဲ့ပြီး အခုချိန်မှာတော့ နောက်အိမ်ထောင်နဲ့ အတူ သမီးငယ်လေး ကိုပါ ပိုင်ဆိုင်ထားသူ ချမ်းချမ်းကတော့

သူမရဲ့ မွေးနေ့မှာ သမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်းနည်းနေရတဲ့ သူမရဲ့ ခံစားချက်တွေကို “အမေ့ မွေးနေ့မှာ အမေချစ်ရတဲ့ သမီးကြီးအမေနဲ့ အတူမရှိနိုင်သေးပေမဲ့ အမေလက်မလျော့ဘူ။ ကြိုးစားနေတယ် အမေ့သမီးလေးနဲ့ အတူ မွေးနေ့တွေဖြတ်သန်းခဲ့ပေမဲ့ ဒီနှစ် အမေမပျော်လှပါဘူးသမီးရေ။

သမီးညီမလေးနဲ့ အမေ သမီးကို သတိရနေတယ်။မနက်က သမီးနဲ့ ဖုန်းပြောလိုက်ရလို့အမေ အရမ်းဝမ်းသာတယ် အိပ်လို့တောင်မပျော်ဘူး။

သမီးလေးလှပီးနေကောင်းနေလို့ ဘုရားကို ကျေးဇူးတင်မိတယ် ကျန်ခဲ့တဲ့ မွေးအဖေမွေးအမေကိုလဲ အဝေးကနေ ရှိခိုးကန်တော့ပါတယ် အခုဒီမှာလဲ အားလုံးက လိုလေသေးမရှိ လက်ဆောင်တေပေးပြီးနှစ်သိမ့်ကြပေမဲ့အမေ မပျော်နိုင်ဘူးသမီးရေ မပြည့်စုံဘူး.။ ချစ်တယ် သမီးရေ ။ အမေနဲ့ သမီးဆက်သွယ်ရတအားခက်တယ် ။

အခုလိုခေတ်ကြီးမှာ သမီးကိုဆက်သွယ်ဖို့ခက်ေ အာင်လုပ်တဲ့သူတေကိုအမေအရမ်းမုန်းတယ် ။ အမေ့သမီးလေးရေ မေမေချစ်တယ်နော်။ သမီးကိုရော ညီမလေးရော တူတူညီတူညီမျှချစ်တယ် ။ အချိန်ပြည့်သတိရနေတယ်။ သတိတရနဲ့ အချိန်ပြည့်လိုအပ်သမျှဖြည့်ဆည်းပေးတဲ့ ယောက္ခထီးနဲ့ယောက္ခမ အကုန်လုံးကိုကျေးဇူးပါ။

သမီးလေးတွေအတွက် အကျီချုပ်ပေးလို့ရပြီ။‌မွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးသူတယောက်ချင်းစီကို အဝေးကနေ ရှိခိုးဂါရဝပြု ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံက (၇)ရက်သားသမီးအားလုံးကျန်းမာ ကြပါစေ အမှန်တရားအမြန်ဆုံးပေါ်ပေါက်ကာ အေးချမ်းပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချမ်းချမ်းကတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်နေရပေမယ့် သမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်းနည်းမှုတွေကို ရင်နဲ့ မဆန့်အောင် ခံစားနေရပုံပါပဲနော်..။

Source: Chan Chan’s Facebook

Credit ; (Cele Active World)

(ZAWGYI)

သမီးႀကီးျမမိုးဂဂၤါနဲ႔ သူမကို ဆက္သြယ္ရခက္ခဲေအာင္လုပ္တဲ့သူကို အရမ္းမုန္းတဲ့အေၾကာင္းရင္ဖြင့္ေျပာျပလာတဲ့ ခ်မ္းခ်မ္း

ပရိသတ္ႀကီးေရ ဒီကေန႔ စက္တင္ဘာလ (၁၄)ရက္ေန႔မွာ အသက္ (၃၄)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ႏိုင္ငံေက်ာ္ အဆိုေတာ္ ခ်မ္းခ်မ္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္.။

 


ခ်မ္းခ်မ္းကေတာ့ သူမရဲ႕ ထူးျခားတဲ့ အသံနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အခိုင္အမာ ရရွိထားသူ အဆိုေတာ္ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္ေနာ္.။ခ်မ္းခ်မ္းဟာဆိုရင္ သမီးႀကီး ျမမိုးဂဂၤါ နဲ႔ အတူ ေနထိုင္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ ေနာက္အိမ္ေထာင္နဲ႔ အတူ သမီးငယ္ေလး ကိုပါ ပိုင္ဆိုင္ထားသူ ခ်မ္းခ်မ္းကေတာ့

သူမရဲ႕ ေမြးေန႔မွာ သမီးႀကီးနဲ႔ ေဝးကြာေနရလို႔ ဝမ္းနည္းေနရတဲ့ သူမရဲ႕ ခံစားခ်က္ေတြကို “အေမ့ ေမြးေန႔မွာ အေမခ်စ္ရတဲ့ သမီးႀကီးအေမနဲ႔ အတူမရွိႏိုင္ေသးေပမဲ့ အေမလက္မေလ်ာ့ဘူ။ ႀကိဳးစားေနတယ္ အေမ့သမီးေလးနဲ႔ အတူ ေမြးေန႔ေတြျဖတ္သန္းခဲ့ေပမဲ့ ဒီႏွစ္ အေမမေပ်ာ္လွပါဘူးသမီးေရ။

သမီးညီမေလးနဲ႔ အေမ သမီးကို သတိရေနတယ္။မနက္က သမီးနဲ႔ ဖုန္းေျပာလိုက္ရလို႔အေမ အရမ္းဝမ္းသာတယ္ အိပ္လို႔ေတာင္မေပ်ာ္ဘူး။

သမီးေလးလွပီးေနေကာင္းေနလို႔ ဘုရားကို ေက်းဇူးတင္မိတယ္ က်န္ခဲ့တဲ့ ေမြးအေဖေမြးအေမကိုလဲ အေဝးကေန ရွိခိုးကန္ေတာ့ပါတယ္ အခုဒီမွာလဲ အားလုံးက လိုေလေသးမရွိ လက္ေဆာင္ေတေပးၿပီးႏွစ္သိမ့္ၾကေပမဲ့အေမ မေပ်ာ္ႏိုင္ဘူးသမီးေရ မျပည့္စုံဘူး.။ ခ်စ္တယ္ သမီးေရ ။ အေမနဲ႔ သမီးဆက္သြယ္ရတအားခက္တယ္ ။

အခုလိုေခတ္ႀကီးမွာ သမီးကိုဆက္သြယ္ဖို႔ခက္ေ အာင္လုပ္တဲ့သူေတကိုအေမအရမ္းမုန္းတယ္ ။ အေမ့သမီးေလးေရ ေမေမခ်စ္တယ္ေနာ္။ သမီးကိုေရာ ညီမေလးေရာ တူတူညီတူညီမွ်ခ်စ္တယ္ ။ အခ်ိန္ျပည့္သတိရေနတယ္။ သတိတရနဲ႔ အခ်ိန္ျပည့္လိုအပ္သမွ်ျဖည့္ဆည္းေပးတဲ့ ေယာကၡထီးနဲ႔ေယာကၡမ အကုန္လုံးကိုေက်းဇူးပါ။

သမီးေလးေတြအတြက္ အက်ီခ်ဳပ္ေပးလို႔ရၿပီ။‌ေမြးေန႔အတြက္ဆုမြန္ေကာင္းေတာင္းေပးသူတေယာက္ခ်င္းစီကို အေဝးကေန ရွိခိုးဂါရဝျပဳ ေက်းဇူးတင္ပါတယ္။

ျမန္မာႏိုင္ငံက (၇)ရက္သားသမီးအားလုံးက်န္းမာ ၾကပါေစ အမွန္တရားအျမန္ဆုံးေပၚေပါက္ကာ ေအးခ်မ္းပါေစ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။ ခ်မ္းခ်မ္းကေတာ့ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးနဲ႔ မိသားစုကို ပိုင္ဆိုင္ေနရေပမယ့္ သမီးႀကီးနဲ႔ ေဝးကြာေနရလို႔ ဝမ္းနည္းမႈေတြကို ရင္နဲ႔ မဆန႔္ေအာင္ ခံစားေနရပုံပါပဲေနာ္..။

Source: Chan Chan’s Facebook

Credit ; (Cele Active World)