လမ်းပျောက်နေတဲ့ လူငယ်တွေ ဒီမေးခွန်းတွေဖြေကြည့်ပါ။

လမ်းပျောက်နေတဲ့ လူငယ်တွေ ဒီမေးခွန်းတွေဖြေကြည့်ပါ။လူငယ်တွေဟာ ဒီကာလမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြတာ မြင်ရတာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ လူငယ်တွေဟာ အင်မတန်တန်ဖိုးရှိပါတယ်။ အင်မတန် သင်ယူနိုင်တယ်။တွေးနိုင်တယ်။လုပ်နိုင်တယ်။ဒါ့ကြောင့် အထူးသဖြင့် ၁၈ – ၂၅ ကြားလူငယ်တွေ လမ်းပျောက်နေတာကို အဖြစ်မခံနိုင်ပါဘူး။လမ်းဖောက်တယ်ဆိုတာကလဲ မိမိကိုယ်တိုင်ပေါ်ပဲမူတည်ပါတယ်။ဆင်ခြေတွေပေးပြီး ဘယ်အချိန်အထိနေမှာလဲ ?ဘာမှလုပ်လို့မရဘူးဆိုပြီး ဘယ်အချိန်အထိ ထိုင်နေမှာလဲ ?

စိတ်ဓာတ်မကျပါနဲ့ ။လုပ်စရာရှိတာဆက်လုပ်ပါ။ သင်ယူစရာရှိတာသင်ယူပါ။ ဘာမှမလုပ်နိုင်တဲအခြေအနေဆိုပြီးအချိန်တွေအလကားအကုန်မခံပါနဲ့။ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေရင် ဒီမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

1. ကိုယ်ဟာ ဘယ်လိုလူလဲ?

2.ကိုယ့်ဘဝမှာဘယ်လိုပုံစံမျိုးနဲ့အောင်မြင်ချင်တာလဲ ?

3.ဘယ်နယ်ပယ်မှာအောင်မြင်ချင်တာလဲ ?

4.ဘယ်တော့အောင်မြင်ချင်တာလဲ ?

5.ဘယ်အနေအထားထိအောင်မြင်ချင်တာလဲ?

ဒါတွေ ခေါင်းအေးအေးထားပြီးစဉ်းစားပါ ။ဒီအချက်တွေဟာ ဘဝမှာ အဓိကFoundation တွေပါ။သေချာစဉ်းစားပါ။အချိန်ပေးသင့်ရင်ပေးပါ။အဲ့လိုမှမတွေးခဲ့ရင် ကိုယ်မပျော်ရတဲ့အလုပ်တွေလုပ်ရပါလိမ့်မယ်။ဘဝက အချိန်တွေသာကုန်နေပေမဲ့အဓိပ္ပာယ်မဲ့သလိုဖြစ်နေမယ်။ကိုယ်ကဘာဖြစ်ချင်လဲသိမှ ဘယ်လမ်းသွားရမလဲ ဆိုတာသိပါလိမ့်မယ်။ဆက်မေးရမဲ့ မေးခွန်းတွေက

6. ဘယ်လိုအောင်မြင်အောင်လုပ်မှာလဲ (ဆင်ခြင်မပေးပါနဲ့ )

7. ဘာ စ လုပ်ရင်ရမလဲ?

8. ဘယ်အချိန်စလုပ်မှာလဲ ?(Just do it now)

ကောက်ရိုးမီးတော့မဖြစ်ပါစေနဲ့ ။စဉ်ဆက်မပြတ် လုပ်ပါ။သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့။ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ။

Crd-Original Post