အင်းစိန်ထောင်ထဲမှာ ခက်ခဲပင်ပန်းဆင်းရဲစွာနေထိုင်နေရတဲ့ အူဝဲရဲ့လက်ရှိအခြေအနေကို ဝမ်းနည်းစွာ ပြောပြလာတဲ့ အတူနေအခန်းဖော်တစ်ဦး

အကျဉ်းထောင်ထဲတွင် ခက်ခဲပင်ပန်းစွာနေထိုင်နေရတဲ့ အူဝဲရဲ့လက်ရှိအခြေအနေကို ပြောပြလာတဲ့ အတူနေအခန်းဖော်တစ်ဦး

သရုပ်ဆောင် ပြေတီဦးနဲ့ အူဝဲဟာ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတာ (၆ ) လကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ချို့ လွတ်မြောက်လာခဲ့ပေမယ့်လည်း သူတို့ဇနီးမောင်နှံမပါဝင်ခဲ့ပါဘူး။

ပရိသတ်တွေကလည်း အထဲမှာ ပင်ပန်းစွာနေထိုင်နေရတဲ့ အူဝဲအကြောင်းကို တွေးမိတိုင်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ အထဲမှာ နေထိုင်နေရတဲ့ သူမရဲ့အကြောင်းကိုလည်း အားလုံးက သိချင်နေကြတာ ဖြစ်ပါတယ်။

အခုမှာတော့ သူမနဲ့ အတူနေထိုင်ခဲ့ရတဲ့ အခန်းဖော်တစ်ဦးမှ အူဝဲရဲ့အကြောင်းလေးတွေကို ပြန်လည်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ” ပြည်သူဘက်ကနေ အမှန်တရားအတွက် အတူတူ ရပ်တည်ပေးခဲ့သူ ပြည်သူချစ် မင်းသမီး အိန္ဒြာကျော်ဇင် တစ်ယောက် စစ်ကောင်စီရဲ့

မတရားဖမ်းဆီး ခြင်း ခံထားရပြီး အင်းစိန်အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခြင်းခံရတာဟာ အခုဆိုရင် ရက်ပေါင်း(၁၅၀)ကျော်လာခဲ့ ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံရသော အနုပညာရှင်များစွာရှိသည့်အနက် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းကို ထောင်ထဲက ပြည်သူချစ်တဲ့မင်းသမီး အိန္ဒြာကျော်ဇင် နဲ့ အတူနေခဲ့ဖူးသူ အခန်းဖော်အမျိုးသမီးတဦး က ပြန်ပြောပြခဲ့လို့ သိခဲ့ရပါတယ်။

” မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးခဲ့ဘူး။ မနက်လေးနာရီဆို အစ်မကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှိခိုး ပြီးသွားပြီ။

တစ်နေ့လုံးပုတီးလေးစိတ်ပြီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလည်း ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။ ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ“အူဝဲမသိဖူးလေ” ဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတစ်ယောက်လို။

သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုန်းကမနက်ဘုရားရှိခိုးပြီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအစ်မပါ။

အခုပြန်တွေးတိုင်းလည်း ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။ ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ကြားဖူးထားတဲ့ အစ်မက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်… သူ ခုချိန်ထိ ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်။

ဘဝတစ်ကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။ လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ။

လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့ မင်းသမီး..”ဟူ၍ ရေးသားခဲ့တာပါ။ မြန်မာပြည်ရဲ့အမှန်တရားအတွက်၊ မြန်မာပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်က ရပ်တည်ခဲ့သူ ပြည်သူချစ် မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ အတူ ကျန်ရှိနေသေးတဲ့ အနုပညာရှင်ပေါင်း များစွာ ပြန်လည်လွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။

သရုပ်ဆောင် ပြေတီဦးနဲ့ အူဝဲဟာ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတာ (၆ ) လကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ချို့ လွတ်မြောက်လာခဲ့ပေမယ့်လည်း သူတို့ဇနီးမောင်နှံမပါဝင်ခဲ့ပါဘူး။

ပရိသတ်တွေကလည်း အထဲမှာ ပင်ပန်းစွာနေထိုင်နေရတဲ့ အူဝဲအကြောင်းကို တွေးမိတိုင်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ အထဲမှာ နေထိုင်နေရတဲ့ သူမရဲ့အကြောင်းကိုလည်း အားလုံးက သိချင်နေကြတာ ဖြစ်ပါတယ်။

အခုမှာတော့ သူမနဲ့ အတူနေထိုင်ခဲ့ရတဲ့ အခန်းဖော်တစ်ဦးမှ အူဝဲရဲ့အကြောင်းလေးတွေကို ပြန်လည်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ” ပြည်သူဘက်ကနေ အမှန်တရားအတွက် အတူတူ ရပ်တည်ပေးခဲ့သူ ပြည်သူချစ် မင်းသမီး အိန္ဒြာကျော်ဇင် တစ်ယောက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ခြင်း ခံထားရပြီး အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခြင်းခံရတာဟာ အခုဆိုရင် ရက်ပေါင်း(၁၅၀)ကျော်လာခဲ့ ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံရသော အနုပညာရှင်များစွာရှိသည့်အနက် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းကို ထောင်ထဲက ပြည်သူချစ်တဲ့ မင်းသမီး အိန္ဒြာကျော်ဇင် နဲ့ အတူနေခဲ့ဖူးသူ အခန်းဖော်အမျိုးသမီးတဦး က ပြန်ပြောပြခဲ့လို့ သိခဲ့ရပါတယ်။

” မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးခဲ့ဘူး။ မနက်လေးနာရီဆို အစ်မကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှိခိုး ပြီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပြီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလည်း ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။ ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ “အူဝဲမသိဖူးလေ” ဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတစ်ယောက်လို။

သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုန်းကမနက်ဘုရားရှိခိုးပြီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအစ်မပါ။ အခုပြန်တွေးတိုင်းလည်း ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။ ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အစ်မက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်… သူ ခုချိန်ထိ ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူ ဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်။

ဘဝတစ်ကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။ လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ။

လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့ မင်းသမီး..”ဟူ၍ ရေးသားခဲ့တာပါ။ မြန်မာပြည်ရဲ့ အမှန်တရားအတွက်၊ မြန်မာပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်က ရပ်တည်ခဲ့သူ ပြည်သူချစ် မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ အတူ ကျန်ရှိနေသေးတဲ့ အနုပညာရှင်ပေါင်း များစွာ ပြန်လည်လွတ်မြောက်ဖို့အတွက် ဝိုင်းဝန်း ကြိုးပမ်းကြနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။

Crd-Original Post