လှိုင်သာယာပြည်သူဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနဲ့လူနာများအတွက် အစားအသောက်နဲ့လိုအပ်တာများကိုလှူဒါန်းပေးလိုက်တဲ့ ခန့်စည်သူ

လှိုင်သာယာပြည်သူဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနဲ့လူနာများအတွက် အစားအသောက်နဲ့လိုအပ်တာများကိုလှူဒါန်းပေးလိုက်တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ ပြည်သူတွေ အရေးကြုံလာတိုင်း ရှေ့ဆုံးကနေ တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ ။

ဒီလိုကာလမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် အစားအသောက်တွေလည်း တတ်နိုင်သလောက် ကူညီခဲ့ တာတွေ့ရပါတယ် ။

ခုလို ကိုဗစ်ကာလမှာလည်း လူနာများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့ ပစ္စည်း ဆေးဝါးတွေကို လှူဒါန်းလျက်ရှိတာကို လေးစားစွာ တွေ့ရပါတယ် ။

မကြာခင်ရက်ပိုင်းကလည်း ဆေးရုံတွေမှာ တောက်လျှောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ ပါသေးတယ် ။

အခုလည်း လှိုင်သာယာ ပြည်သူ့ဆေးရုံက လူနာများနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ထမင်းဗူး(၁၉၀)၊သောက်ရေသန့်များ၊ကယ်လ်ဆီယမ်ကွေကာများ၊ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့တာတွေ့ရပါတယ် ။

တကယ်ကို မွန်မြတ်တဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Credit– Cele Zone

Photo – Kyaw Soe Win

(ZAWGYIII)








Credit– Cele Zone

Photo – Kyaw Soe Win