NLD ပါတီအစစ်ဆေးခံဖို့ စ.စ်ကောင်စီ၏ UECပေးပို့သည့်စာ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

NLD ပါတီအစစ်ဆေးခံဖို့ စ.စ်ကောင်စီ၏ UECပေးပို့သည့်စာ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

စ.စ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်က

နိုင်ငံရေးပါတီတွေရဲ့ပိုင်ဆိုင်မှုနဲ့ ငွေကြေးတွေကို စစ်ဆေးသွားမှာဖြစ်တဲ့အတွက် ပြင်ဆင်ထားကြဖို့ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး NLDပါတီကိုလည်း စာပေးပို့ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ NLDပါတီရုံးချုပ်ကိုပေးပို့တဲ့ စာနှစ်စောင်ဟာ

နေပြည်တော် အထူးတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထဲကို ယနေ့ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် UECရဲ့စာဟာ ပါတီရဲ့အလုပ်အမှုဆောင်အဖွဲ့ကို လိပ်မူထားခြင်းဖြစ်တာကြောင့် ပါတီရဲ့စည်းမျဉ်းအရ သူတစ်ဦးတည်းဆုံးဖြတ်လို့မရပဲ

ပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဆုံတွေ့ပြီးမှသာ ဆုံးဖြတ်နိုင်မယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က စာကိုလက်မခံခဲ့ပါဘူး။ “ရန်ကုန်က ရှေ့နေက စာအိတ်နှစ်အိတ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးတယ်။ စာထဲမှာ ပါတီကို အစစ်ဆေးခံဖို့အကြောင်းကြားတဲ့စာဖြစ်ပါတယ်။

စာက NLDအလုပ်အမှုဆောင်အဖွဲ့ကို လိပ်မူထားတာဖြစ်တဲ့အတွက် သူတစ်ယောက်တည်းနဲ့ ဆုံးဖြတ်လို့မရဘူးလို့ ပြောတယ်။

ပါတီရဲ့စည်းမျဉ်းအရ အလုပ်အမှုဆောင်အဖွဲ့ကပဲ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလုပ်အမှုဆောင်အဖွဲ့နဲ့ မဆုံနိုင်ပဲနဲ့စာကိုလက်ခံလို့မဖြစ်ဘူးဆိုပြီးပြောပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ NLDပါတီရဲ့ ဗဟိုကော်မတီဝင်များကတော့ စ.စ်ကောင်စီက အသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ

တရားမ.ဝင်တဲ့အတွက် ပါတီအနေနဲ့စစ်ဆေးမှုကို လက်ခံသွားမှာမဟုတ်ဘူးလို့ မီဒီယာများကို ပြောထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သြဂုတ် ၁၃ထုတ်ပြန်ချက်မှာတော့ ပါတီတွေရဲ့ ဝင်ကြေး၊ လစဉ်ကြေး အလှူငွေအပါအဝင် ငွေကြေးရရှိမှုပုံစံနဲ့ သုံးစွဲမှု၊ ရငွေ၊သုံးငွေစာရင်း၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေက

ဝင်ငွေတွေနဲ့အမြတ်စာရင်း၊ ပါတီပိုင်ပစ္စည်းစာရင်း၊ ပါတီကဝယ်ထားတဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးမယ်လို့ ဆိုထားပါတယ်။

အခုလို နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတာက ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

CRPH၊ NUGတို့နဲ့ နိုင်ငံရေးပါတီတွေဆက်သွယ်မှုရှိမရှိကိုလည်း အဓိကစ.စ်ဆေးမှာဖြစ်ပြီး NLDပါတီဖ.ျက်သ.ိမ်းရေးလမ်းကြောင်းကို ဦးတည်ထားတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မီဒီယာများကို ပြောဆိုထားကြပါတယ်။

Crd-Original Post

(ZAWGYI)

NLD ပါတီအစစ္ေဆးခံဖို႔ စ.စ္ေကာင္စီ၏ UECေပးပို႔သည့္စာ ေဒၚေအာင္ဆန္းစုၾကည္ လက္မခံ

စ.စ္ေကာင္စီရဲ႕ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္က

ႏိုင္ငံေရးပါတီေတြရဲ႕ပိုင္ဆိုင္မႈနဲ႔ ေငြေၾကးေတြကို စစ္ေဆးသြားမွာျဖစ္တဲ့အတြက္ ျပင္ဆင္ထားၾကဖို႔ ၾသဂုတ္လ ၁၃ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီး NLDပါတီကိုလည္း စာေပးပို႔ခဲ့ပါတယ္။ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္မွာရွိတဲ့ NLDပါတီ႐ုံးခ်ဳပ္ကိုေပးပို႔တဲ့ စာႏွစ္ေစာင္ဟာ

ေနျပည္ေတာ္ အထူးတရား႐ုံးမွာ တရားရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လက္ထဲကို ယေန႔ေရာက္လာခဲ့ပါတယ္။

ဒါေပမယ့္ UECရဲ႕စာဟာ ပါတီရဲ႕အလုပ္အမႈေဆာင္အဖြဲ႕ကို လိပ္မူထားျခင္းျဖစ္တာေၾကာင့္ ပါတီရဲ႕စည္းမ်ဥ္းအရ သူတစ္ဦးတည္းဆုံးျဖတ္လို႔မရပဲ

ပါတီရဲ႕ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြနဲ႔ ဆုံေတြ႕ၿပီးမွသာ ဆုံးျဖတ္ႏိုင္မယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္က စာကိုလက္မခံခဲ့ပါဘူး။ “ရန္ကုန္က ေရွ႕ေနက စာအိတ္ႏွစ္အိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ကိုေပးတယ္။ စာထဲမွာ ပါတီကို အစစ္ေဆးခံဖို႔အေၾကာင္းၾကားတဲ့စာျဖစ္ပါတယ္။

စာက NLDအလုပ္အမႈေဆာင္အဖြဲ႕ကို လိပ္မူထားတာျဖစ္တဲ့အတြက္ သူတစ္ေယာက္တည္းနဲ႔ ဆုံးျဖတ္လို႔မရဘူးလို႔ ေျပာတယ္။

ပါတီရဲ႕စည္းမ်ဥ္းအရ အလုပ္အမႈေဆာင္အဖြဲ႕ကပဲ ဆုံးျဖတ္ရမယ့္ ကိစၥျဖစ္တဲ့အတြက္ အလုပ္အမႈေဆာင္အဖြဲ႕နဲ႔ မဆုံႏိုင္ပဲနဲ႔စာကိုလက္ခံလို႔မျဖစ္ဘူးဆိုၿပီးေျပာပါတယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးက ဆိုပါတယ္။ NLDပါတီရဲ႕ ဗဟိုေကာ္မတီဝင္မ်ားကေတာ့ စ.စ္ေကာင္စီက အသစ္ဖြဲ႕ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ

တရားမ.ဝင္တဲ့အတြက္ ပါတီအေနနဲ႔စစ္ေဆးမႈကို လက္ခံသြားမွာမဟုတ္ဘူးလို႔ မီဒီယာမ်ားကို ေျပာထားပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ၾသဂုတ္ ၁၃ထုတ္ျပန္ခ်က္မွာေတာ့ ပါတီေတြရဲ႕ ဝင္ေၾကး၊ လစဥ္ေၾကး အလႉေငြအပါအဝင္ ေငြေၾကးရရွိမႈပုံစံနဲ႔ သုံးစြဲမႈ၊ ရေငြ၊သုံးေငြစာရင္း၊ ပါတီပိုင္စီးပြားေရးလုပ္ငန္းေတြက

ဝင္ေငြေတြနဲ႔အျမတ္စာရင္း၊ ပါတီပိုင္ပစၥည္းစာရင္း၊ ပါတီကဝယ္ထားတဲ့ ပစၥည္းစာရင္းေတြကို စစ္ေဆးမယ္လို႔ ဆိုထားပါတယ္။

အခုလို ႏိုင္ငံေရးပါတီေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးတာက ဆယ္ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

CRPH၊ NUGတို႔နဲ႔ ႏိုင္ငံေရးပါတီေတြဆက္သြယ္မႈရွိမရွိကိုလည္း အဓိကစ.စ္ေဆးမွာျဖစ္ၿပီး NLDပါတီဖ.်က္သ.ိမ္းေရးလမ္းေၾကာင္းကို ဦးတည္ထားတယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက မီဒီယာမ်ားကို ေျပာဆိုထားၾကပါတယ္။

Crd-Original Post