“ရန်ကုန်မြို့၌ ဆန်များကို အထူးအစီအစဉ်အနေဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်”

“ရန်ကုန်မြို့၌ ဆန်များကို အထူးအစီအစဉ်အနေဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်”

ပြည်တွင်းရှိ ဆန်စပါးအသင်းများ ပူးပေါင်းပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်၍ ဆန်များ အထူးအစီအစဉ် အနေဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း Myanmar Rice နှင့် ဆန်စပါးကုန် စည်ဒိုင်(ဝါးတန်း)၊ ကုန်စည်ဒိုင်ရှိ ကုန်သည်များ၊ အကျိုးဆောင်များတို့၏ ပူးပေါင်းညှိနှိုင်းစီစဉ်မှုအရ ရန်ကုန် တိုင်းအတွင်းရှိ စားသုံးသူပြည်သူများအတွက်

ဆန်များကို ဈေးနှုန်းသက်သာသော အထူးအစီအစဉ်အနေဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆန်များ ရောင်းချပေးရာတွင် ဧရာဝတီပေါ်ဆန်းအမျိုးမျိုး၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ကျွဲ၊ ရက် ၉၀၊ ကောက်ညှင်း စသော ဆန်အမျိုးအစား စုံလင်စွာကို အထူးသက်သာသော ဈေးနှုန်းများဖြင့် ခင်းကျင်း ရောင်းချပေးသွားရန် စီစဉ်ထားပြီး၊ ဆန်အမျိုးအစားကိုလိုက်၍ တစ်အိတ်လျှင် ၂၃၅၀၀ ကျပ်မှ ၅၃၀၀၀၊

၅၄၀၀၀ ကျပ်အထိ ဈေးနှုန်း အမျိုးမျိုးရှိကာ အရည်အသွေးမှန်ပြီး၊ သက်သာသောဈေးနှုန်းဖြစ်စေရန် အထူးစီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် တစ်ဦးလျှင် (၁၀၈ ပေါင် ဆန်အိတ်) (၁) အိတ်မှ (၅) အိတ်အထိ ဝယ်ယူနိုင်ပြီး၊ ဤ အစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်နေ့ အင်္ဂါနေ့မှ စတင်ပြီး နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၃ နာရီ အထိ ဝါးတန်းကုန်စည်ဒိုင်တွင် လာရောက်၍ မိမိကြိုက်နှစ်သက်ရာ ဆန်အမျိုးအစားများကိုရွေးချယ်ဝယ်ယူနိုင်ပါ ကြောင်း သိရသည်။

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) လိပ်စာမှာတော့ အမှတ် (၁၀၀)၊ လမ်းသစ်လမ်းနှင့် ဝါးတန်းလမ်းကြား (ကွန်ကရစ်အမြန်လမ်းမဘေး)၊ ဆိပ်ကမ်းနယ်မြေ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်းအမှတ် ၀၉-၄၂၁၁၆၇၄၇၄၊ ၀၁-၂၁၈၂၆၆~၆၈ ကိုလည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်လိုက်သည်။

Crd-Original Post

(ZAWGYI)

“ရန္ကုန္ၿမိဳ႕၌ ဆန္မ်ားကို အထူးအစီအစဥ္အေနျဖင့္ ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ေပးမည္”

ျပည္တြင္းရွိ ဆန္စပါးအသင္းမ်ား ပူးေပါင္းၿပီး စက္တင္ဘာလ ၁၄ ရက္ေန႔မွစတင္၍ ဆန္မ်ား အထူးအစီအစဥ္ အေနျဖင့္ ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း Myanmar Rice ႏွင့္ ဆန္စပါးကုန္ စည္ဒိုင္(ဝါးတန္း)၊ ကုန္စည္ဒိုင္ရွိ ကုန္သည္မ်ား၊ အက်ိဳးေဆာင္မ်ားတို႔၏ ပူးေပါင္းညႇိႏႈိင္းစီစဥ္မႈအရ ရန္ကုန္ တိုင္းအတြင္းရွိ စားသုံးသူျပည္သူမ်ားအတြက္ ဆန္မ်ားကို ေဈးႏႈန္းသက္သာေသာ အထူးအစီအစဥ္အေနျဖင့္ ေရာင္းခ်ေပးႏိုင္ေရး စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဆန္မ်ား ေရာင္းခ်ေပးရာတြင္ ဧရာဝတီေပၚဆန္းအမ်ိဳးမ်ိဳး၊ ေ႐ႊဘိုေပၚဆန္း၊ ေပၚကြၽဲ၊ ရက္ ၉၀၊ ေကာက္ညႇင္း စေသာ ဆန္အမ်ိဳးအစား စုံလင္စြာကို အထူးသက္သာေသာ ေဈးႏႈန္းမ်ားျဖင့္ ခင္းက်င္း ေရာင္းခ်ေပးသြားရန္ စီစဥ္ထားၿပီး၊ ဆန္အမ်ိဳးအစားကိုလိုက္၍ တစ္အိတ္လွ်င္ ၂၃၅၀၀ က်ပ္မွ ၅၃၀၀၀၊ ၅၄၀၀၀ က်ပ္အထိ ေဈးႏႈန္း အမ်ိဳးမ်ိဳးရွိကာ အရည္အေသြးမွန္ၿပီး၊ သက္သာေသာေဈးႏႈန္းျဖစ္ေစရန္ အထူးစီစဥ္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

ဝယ္ယူလိုသူမ်ားအေနျဖင့္ တစ္ဦးလွ်င္ (၁၀၈ ေပါင္ ဆန္အိတ္) (၁) အိတ္မွ (၅) အိတ္အထိ ဝယ္ယူႏိုင္ၿပီး၊ ဤ အစီအစဥ္ကို စက္တင္ဘာလ ၁၄ ရက္ေန႔ အဂၤါေန႔မွ စတင္ၿပီး ေန႔စဥ္ နံနက္ ၉ နာရီ မွ ညေန ၃ နာရီ အထိ ဝါးတန္းကုန္စည္ဒိုင္တြင္ လာေရာက္၍ မိမိႀကိဳက္ႏွစ္သက္ရာ ဆန္အမ်ိဳးအစားမ်ားကိုေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါ ေၾကာင္း သိရသည္။

ဆန္စပါးကုန္စည္ဒိုင္(ဝါးတန္း) လိပ္စာမွာေတာ့ အမွတ္ (၁၀၀)၊ လမ္းသစ္လမ္းႏွင့္ ဝါးတန္းလမ္းၾကား (ကြန္ကရစ္အျမန္လမ္းမေဘး)၊ ဆိပ္ကမ္းနယ္ေျမ၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ ဖုန္းအမွတ္ ၀၉-၄၂၁၁၆၇၄၇၄၊ ၀၁-၂၁၈၂၆၆~၆၈ ကိုလည္း ဆက္သြယ္ဝယ္ယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္လိုက္သည္။

Crd-Original Post