လမ်းမဘေးမှာ ခွေခွေလေး လဲနေတဲ့ အမျိုးသမီးတစ်ဦးကို သွားရောက်ကူညီရင်း ငိုရခက် ရယ်ရခက်အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ပရဟိတ အသင်းသားများ

ပရဟိတ အသင်းသားတွေကတော့ ခုလို ကာလမြာ အပင်ပန်းဆုံး လူသားတွေပါပဲ ။ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝကိုလည်း ရှေ့ဆုံးကနေ တိုက်ပွဲဝင်ပေးနေကြတာပါ ။ တစ်ချို့ဆို နေ့ရော ညေရာ လုပ်ဆောင်ရလို့ ပင်ပန်းပြီး ကျန်းမာရေး ထိခိုက်လာသူတွေတောင် ရှိနေပါတယ် ။

ပရဟိတ အလုပ်ဆိုတာတော့ ဒုက္ခရောက်နေသူတိုင်းကို လူမျိုးတန်းစား မရွေး မြင်ရင် သွားရောက်ကူညီပေးကြရတာပဲမဟုတ်လား ။

တစ်နေ့ကဆိုရင်လည်းလမ်းမမှာ အခွေလိုက် လဲနေတဲ့ အမျိုးသမီး တစ်ဦးကို ပရဟိတ အသင်းသားတွေက PPE မ်ားဝတ္ကာ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ် ။

အမျိုးသမီးကို မြင်မြင်ချင်း ပုံပ်က္စြာ လဲနေပြီး အသက္ကေတာ့ ရှူသေးတာကြောင့် စိုးရိမ်ပြီး အဆုံးထိ ကူညီပေးရန် ဆုံးဖြတ်ကာ ဆေးရုံကိုပို့ဆောင်ရန် လိုအပ်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ် ။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး လဲနေတဲ့ အမျိုးသမီးကို ကားပေါ်တင်ခါနီးကျမှ ” အိပ်ချင်လို့အိပ်နေတာ ဘာလာလုပ်ကြတာလည်း ဆိုပြီး ထသွားတာကြောင့် အရူးလိုကျန်ခဲ့ရတဲ့ ငိုရခက် ရယ်ရခက် သူတို့ရဲ့

အဖြစ်လေးကို ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ ရုတ်တရက်ဆိုတော့ ပရဟိ ရဲဘော်တွေလည်း ကြောင်သွားမှာ အမှန်ပါပဲ ။

ပရိသတ်ကြီးအတွက် ပရဟိတ ရဲဘော်လေးတွေရဲ့ ဒီဖြစ်ရပ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါရစေ ။

Crd-Orginal Post