NUG အစိုးရကို ကုလအသိအမှတ်ပြုဖို့ကမ္ဘာထိပ်သီးပညာရှင်များတိုက်တွန်း

ကုလသမဂ္ဂအဖွဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု လက်ခံဖို့ ကမ္ဘာ့ထိပ်တန်း ဥပဒေပညာရှင်တွေနဲ့ လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့က အိတ်ဖွင့်စာတစ်စောင် ပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဘယ်သူ ကိုယ်စားပြုမလဲ ဆိုတာကို မန‌က်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၉ နိုင်ငံပါ အရည်အချင်းစစ် ကော်မတီ “Credentials Committee” မှာ သုံးသပ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘဝအပေါ် အကြီးအကျယ် ရိုက်ခတ်မှုကြီး ဖြစ်လာနိုင်တယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့ကို အသိအမှတ်ပြု လက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ စာရေး တောင်းဆိုထားခဲ့ကြောင်း၊ ဒါပေမဲ့ ကုလသမဂ္ဂသမိုင်းတစ်လျှောက် ဒီလို အသိအမှတ်ပြုခဲ့မှုတွေမှာ အရေးပါတဲ့ အချက်အလက်မှန်သမျှကို သုံးသပ်ကြည့်ခဲ့ရာမှာ စစ်ကောင်စီကို

လက်မခံဖို့ ခိုင်မာတဲ့ အကြောင်းအချက်တွေ တွေ့ခဲ့ရကြောင်း MAPအဖွဲ့ရဲ့ ဒါရိုက်တာ ခရစ်စ် ဂန်းနက်စ်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ လူ တစ်ထောင်ကျော် သေဆုံးခဲ့ပြီး လွှတ်တော်အမတ်တွေအပါအဝင် လူ ၆ ထောင်လောက် မတရားဖမ်းဆီး ထိန်းသိမ်းခံခဲဲရကြောင်းနဲ့ ထိန်းသိမ်းထားစဉ်အတွင်း ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သူ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပြီး လူမဆန်တဲ့ ရာဇဝတ်မှုတောင် မြောက်နိုင်တယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဖော်ညွှန်းပြောဆိုထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သုံးသပ်ဆွေးနွေးတဲ့အခါ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာရေးနဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုရေး ဆိုတဲ့ အချက်တွေက ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့ အချက်တွေ ဖြစ်ကြောင်း တခြားနိုင်ငံတွေနဲ့ ဥပမာပေး ဖော်ပြထားပါတယ်။

စစ်ကောင်စီကို အသိအမှတ်ပြုတာဟာ စစ်အစိုးရ နောက်ထပ် အဓွန့်ရှည်အောင်နဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်အောင် မီးစိမ်းပြလိုက်တဲ့ သဘော ဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းက ကြားဝင်ဆောင်ရွက်ပေးနေမှုတွေကို ထိခိုက်သွားစေလိမ့်မယ်လို့ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

NUG အစိုးရကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ကုလသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံကြောင်းနဲ့ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ဖြေရှင်းဖို့ ကြိုးပမ်းနေတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစွာ ပြသလိုက်နိုင်မှာ ဖြစ်တယ်လို့ အိတ်ဖွင့်စာထဲမှာ ဖော်ပြထားပါတယ်။

Crd-Original Post

(ZAWGYI)

NUG အစိုးရကို ကုလအသိအမွတ္ျပဳဖို႔ကမာၻထိပ္သီးပညာရွင္မ်ားတိုက္တြန္း

ကုလသမဂၢအဖြဲ႕အေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီကို လက္မခံဘဲ NUG အမ်ိဳးသား ညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳ လက္ခံဖို႔ ကမာၻ႔ထိပ္တန္း ဥပေဒပညာရွင္ေတြနဲ႔ လန္ဒန္အေျခစိုက္ Myanmar Accountability Project (MAP) အဖြဲ႕က အိတ္ဖြင့္စာတစ္ေစာင္ ေပးပို႔ၿပီး တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံကို ဘယ္သူ ကိုယ္စားျပဳမလဲ ဆိုတာကို မန‌က္ျဖန္ စက္တင္ဘာလ ၁၄ ရက္ေန႔မွာ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ၉ ႏိုင္ငံပါ အရည္အခ်င္းစစ္ ေကာ္မတီ “Credentials Committee” မွာ သုံးသပ္ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ ျမန္မာျပည္သူ သန္း ၅၀ ေက်ာ္ရဲ႕ ဘဝအေပၚ အႀကီးအက်ယ္ ႐ိုက္ခတ္မႈႀကီး ျဖစ္လာႏိုင္တယ္လို႔ အဲဒီ အိတ္ဖြင့္ေပးစာထဲမွာ ေဖာ္ျပထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက သူတို႔ကို အသိအမွတ္ျပဳ လက္ခံဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ထံ စာေရး ေတာင္းဆိုထားခဲ့ေၾကာင္း၊ ဒါေပမဲ့ ကုလသမဂၢသမိုင္းတစ္ေလွ်ာက္ ဒီလို အသိအမွတ္ျပဳခဲ့မႈေတြမွာ အေရးပါတဲ့ အခ်က္အလက္မွန္သမွ်ကို သုံးသပ္ၾကည့္ခဲ့ရာမွာ စစ္ေကာင္စီကို လက္မခံဖို႔ ခိုင္မာတဲ့ အေၾကာင္းအခ်က္ေတြ ေတြ႕ခဲ့ရေၾကာင္း MAPအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ခရစ္စ္ ဂန္းနက္စ္က ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီရဲ႕ လက္ခ်က္နဲ႔ လူ တစ္ေထာင္ေက်ာ္ ေသဆုံးခဲ့ၿပီး လႊတ္ေတာ္အမတ္ေတြအပါအဝင္ လူ ၆ ေထာင္ေလာက္ မတရားဖမ္းဆီး ထိန္းသိမ္းခံခဲဲရေၾကာင္းနဲ႔ ထိန္းသိမ္းထားစဥ္အတြင္း ညႇဥ္းပန္းႏွိပ္စက္ခံရၿပီး ေသဆုံးခဲ့သူ အမ်ားအျပား ရွိတယ္လို႔ ဆိုပါတယ္။

ျမန္မာျပည္သူေတြအေပၚ အာဏာသိမ္း စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြဟာ ရက္စက္တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြျဖစ္ၿပီး လူမဆန္တဲ့ ရာဇဝတ္မႈေတာင္ ေျမာက္ႏိုင္တယ္ ဆိုၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က ေဖာ္ၫႊန္းေျပာဆိုထားတယ္လို႔ ဆိုပါတယ္။

ကုလသမဂၢ အေထြေထြ ညီလာခံမွာ သုံးသပ္ေဆြးေႏြးတဲ့အခါ ႏိုင္ငံတကာ လူ႔အခြင့္အေရး စံႏႈန္းေတြကို ေလးစားလိုက္နာေရးနဲ႔ ျပည္သူေတြရဲ႕ ဆႏၵသေဘာထားကို ကိုယ္စားျပဳေရး ဆိုတဲ့ အခ်က္ေတြက ထည့္သြင္းစဥ္းစားဖို႔ အေရးပါတဲ့ အခ်က္ေတြ ျဖစ္ေၾကာင္း တျခားႏိုင္ငံေတြနဲ႔ ဥပမာေပး ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီကို အသိအမွတ္ျပဳတာဟာ စစ္အစိုးရ ေနာက္ထပ္ အဓြန္႔ရွည္ေအာင္နဲ႔ ဖိႏွိပ္မႈေတြ ဆက္လုပ္ႏိုင္ေအာင္ မီးစိမ္းျပလိုက္တဲ့ သေဘာ ျဖစ္ၿပီး ႏိုင္ငံတကာနဲ႔ ေဒသတြင္းက ၾကားဝင္ေဆာင္႐ြက္ေပးေနမႈေတြကို ထိခိုက္သြားေစလိမ့္မယ္လို႔ အဲဒီအိတ္ဖြင့္ေပးစာထဲမွာ ေဖာ္ျပထားပါတယ္။

NUG အစိုးရကို အသိအမွတ္ျပဳလိုက္ျခင္းအားျဖင့္ ကုလသမဂၢအေနနဲ႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို အခိုင္အမာ ေထာက္ခံေၾကာင္းနဲ႔ ျမန္မာ့အေရးကို ၿငိမ္းခ်မ္းစြာ ေတြ႕ဆုံေဆြးေႏြးတဲ့ နည္းနဲ႔ေျဖရွင္းဖို႔ ႀကိဳးပမ္းေနတယ္ ဆိုတာကို ေပၚလြင္ထင္ရွားစြာ ျပသလိုက္ႏိုင္မွာ ျဖစ္တယ္လို႔ အိတ္ဖြင့္စာထဲမွာ ေဖာ္ျပထားပါတယ္။