ထမင်းစားခါနီး လောက်ကောင်လေးတွေပါလာတာမြင်ပေမယ့် ဗိုက်ဆာလွန်းတာကြောင့် မသွန်ပစ်နိုင်ပဲ စားလိုက်ရတဲ့အဖြစ်ကိုပြောလာတဲ့ PDF လူငယ်လေး

ထမင်းစားခါနီး လောက်ကောင်လေးတွေပါလာတာမြင်ပေမယ့် ဗိုက်ဆာလွန်းတာကြောင့် မသွန်ပစ်နိုင်ပဲ စားလိုက်ရတဲ့အဖြစ်ကိုပြောလာတဲ့ PDF လူငယ်လေး

တော်လှန်ရေးတိုက်ပွဲကြီးအတွက် ပြည်သူတွေမှာ ပေးဆပ်မှုတွေများပြားနေပြီး မျိုးဆက်သစ်လူငယ်တွေမှာလည်း တောထဲမှာစစ်သင်တန်းတွေတက်ရောက်ကာ လက်နက်ကိုင်တော်လှန်နေကြပြီ ဖြစ်ပါတယ်။

တောထဲတောင်ထဲ မိုးထဲလေထဲမှာ ဖြစ်သလိုကြုံသလိုနေထိုင်စားသောက်ရင်း အာဏာရှင်ကိုဖြုတ်ချဖို့နဲ့ ရှေ့ဆက်ရမယ့်အနာဂတ်တွေအတွက် အစွမ်းကုန်အားတင်းကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

တောထဲမှာ အနေအစားဆင်းရဲလွန်းတဲ့အတွက် ထမင်းစားခါနီး လောက်ကောင်လေးတွေပါလာတာမြင်ပေမယ့် ဗိုက်ဆာလွန်းတာကြောင့် မသွန်ပစ်နိုင်ပဲ စားလိုက်ရတဲ့အဖြစ်တွေလည်း ရှိနေကြပါတယ်။

ဆက်စားရမလား သွန်ပစ်ရမလားဝေခွဲမရဖြစ်ရပေမယ့် လောက်တက်နေတဲ့ ထမင်းဟင်းတွေကို အံ့ကြိတ်မြိုချရင်း ဗိုက်ဖြည့်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဟာ တကယ်ကို ရင်နာစရာကောင်းလွန်းပါတယ်။

အဆိုပါအကြောင်းအရာတွေကိုတော့ တော်လှန်ရေးရဲဘော်တစ်ဦးက ဓာတ်ပုံတွေနဲ့တကွ စိတ်မကောင်းစွာ ပြောပြထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရင်နာစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့လမ်းမှာ ပန်းကန်မရှိဘဲ ထတင်းစားရသလို တောထဲမှာ အသားမပါတဲ့ဟင်းကိုတောင် ကြိုက်တတ်နေကြတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှုတွေကို ပြည်သူတွေကလည်း အမှတ်ရလေးစားနေကြတာပါ။

Photo Credit – Aung Htoo Aung Htoo’s Fb Acc

(ZAWGYI)

ထမင္းစားခါနီး ေလာက္ေကာင္ေလးေတြပါလာတာျမင္ေပမယ့္ ဗိုက္ဆာလြန္းတာေၾကာင့္ မသြန္ပစ္ႏိုင္ပဲ စားလိုက္ရတဲ့အျဖစ္ကိုေျပာလာတဲ့ PDF လူငယ္ေလး

ေတာ္လွန္ေရးတိုက္ပြဲႀကီးအတြက္ ျပည္သူေတြမွာ ေပးဆပ္မႈေတြမ်ားျပားေနၿပီး မ်ိဳးဆက္သစ္လူငယ္ေတြမွာလည္း ေတာထဲမွာစစ္သင္တန္းေတြတက္ေရာက္ကာ လက္နက္ကိုင္ေတာ္လွန္ေနၾကၿပီ ျဖစ္ပါတယ္။

ေတာထဲေတာင္ထဲ မိုးထဲေလထဲမွာ ျဖစ္သလိုႀကဳံသလိုေနထိုင္စားေသာက္ရင္း အာဏာရွင္ကိုျဖဳတ္ခ်ဖို႔နဲ႔ ေရွ႕ဆက္ရမယ့္အနာဂတ္ေတြအတြက္ အစြမ္းကုန္အားတင္းႀကိဳးစားေနၾကတာပဲ ျဖစ္ပါတယ္။

ေတာထဲမွာ အေနအစားဆင္းရဲလြန္းတဲ့အတြက္ ထမင္းစားခါနီး ေလာက္ေကာင္ေလးေတြပါလာတာျမင္ေပမယ့္ ဗိုက္ဆာလြန္းတာေၾကာင့္ မသြန္ပစ္ႏိုင္ပဲ စားလိုက္ရတဲ့အျဖစ္ေတြလည္း ရွိေနၾကပါတယ္။

ဆက္စားရမလား သြန္ပစ္ရမလားေဝခြဲမရျဖစ္ရေပမယ့္ ေလာက္တက္ေနတဲ့ ထမင္းဟင္းေတြကို အံ့ႀကိတ္ၿမိဳခ်ရင္း ဗိုက္ျဖည့္ကာ ေတာ္လွန္ေရးအတြက္ ႀကိဳးစားေနၾကတာဟာ တကယ္ကို ရင္နာစရာေကာင္းလြန္းပါတယ္။

အဆိုပါအေၾကာင္းအရာေတြကိုေတာ့ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ဓာတ္ပုံေတြနဲ႔တကြ စိတ္မေကာင္းစြာ ေျပာျပထားတာျဖစ္ၿပီး ျပည္သူေတြအေနနဲ႔လည္း ရင္နာစိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ခက္ခဲၾကမ္းတမ္းတဲ့လမ္းမွာ ပန္းကန္မရွိဘဲ ထတင္းစားရသလို ေတာထဲမွာ အသားမပါတဲ့ဟင္းကိုေတာင္ ႀကိဳက္တတ္ေနၾကတဲ့ သူရဲေကာင္းေတြရဲ႕ အနစ္နာခံေပးဆပ္မႈေတြကို ျပည္သူေတြကလည္း အမွတ္ရေလးစားေနၾကတာပါ။

Photo Credit – Aung Htoo Aung Htoo’s Fb Acc