မိဘဆိုတော့ ကိုယ်တိုင်ကသာ မသန်စွမ်းဖြစ်ချင်ဖြစ်မယ် သားသမီးအတွက်ဆိုရင် စွမ်းအားသတ္တိအပြည့်နဲ့ပါ

မိဘဆိုတော့ ကိုယ်တိုင်ကသာ မသန်စွမ်းဖြစ်ချင်ဖြစ်မယ် သားသမီးအတွက်ဆိုရင် သတ္တိအပြည့်နဲ့ပါ

ကိုယ်တိုင်မှာ မသန်စွမ်းဖြစ်နေသော်လည်း သမီးလေးကို စွန့်မပစ်ရက်ပဲ

တတ်နိုင်သလောက် အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးခဲ့သော မိခင်

ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် မွေးရာပါပိုလီယိုရောဂါကြောင့်

မသန်စွမ်းဖြစ်ခဲ့ရာ လက်ထပ်မည့်အမျိုးသားပေါ်လာခဲ့သော်လည်း

အစပိုင်းတွင် ကောင်းသလိုလိုနှင့် ကလေးလည်းတစ်ယောက်ရရော ထားသွားပစ်ခဲ့သည်။

ကံဆိုးစွာဖြင့် မွေးလာသည့် ကလေးမှာလည်း မွေးရာပါ ဦးနှောက်အကြောသေရောဂါ ဖြစ်နေကာ

ဖခင်ဖြစ်သူမှ သားအမိနှစ်ယောက်လုံးကို စိတ်ကုန်ကာ ထားသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မိခင်ဖြစ်သူသည် သူမဘဝတစ်လုံးကို သမီးလေးအတွက်သာ ပုံအပ်ပြီး အဖေလိုရော အမေလိုရော ချစ်ပေးကာ

အခြားသူများမှ မွေးစားရန် လာတောင်းကြသော်လည်း သမီးလေးက သူမအသက်ဖြစ်သည်ဟု ဆိုကာ ငြင်းဆန်ခဲ့သည်။

Crd-Original Post

(ZAWGYI)











Crd-Original Post