ချစ်ရတဲ့ ပရိသတ်တွေရဲ့ စုပေါင်းပြီး လူအယောက် (၁၀၀)စာအတွက် ထမင်းဘူးတွေလှူဒါန်းခဲ့တဲ့ ဘုန်းရှိန်ခန့်

ချစ်ရတဲ့ ပရိသတ်တွေရဲ့ စုပေါင်းပြီး လူအယောက် (၁၀၀)စာအတွက် ထမင်းဘူးတွေလှူဒါန်းခဲ့တဲ့ ဘုန်းရှိန်ခန့်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော ဘုန်းရှိန်ခန့်ကတော့ မနေ့ကစက်တင်ဘာလ (၁၁)ရက်နေ့မှာ သူ့ရဲ့ ပရိသတ်တွေရဲ့အတူ စုပေါင်းပြီး အာဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ထမင်းဟင်းအစုံအလင်ပါဝင်တဲ့ ထမင်းဘူးတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဘုန်းရှိန်ခန့်ကတော့ သူ့ရဲ့ပရိသတ်တွေနဲ့စုပေါင်းပြီး ပြည်သူတွေအတွက် လိုအပ်တာတွေကိုလှူဒါန်ပေးနဲ့ဖို့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်းခိုင်နှင်းဝေရဲ့ ပရဟိတအသင်းမှာ အလှူငွေတွေသွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း Clean Yangon ပရဟိတအဖွဲ့ကနေတစ်ဆင့် စားဝတ်နေရေးခက်ခဲနေတဲ့ လက်လုပ်လက်စားအခြေခံလူတန်းစားတွေအတွက် လူအယောက်(၁၀၀)စာ အသင့်စားထမင်းဘူး (၁၀၀)ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်သောသူများအားလုံးဆာလောင်မှုတွေကင်းဝေးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့အခုလို ထမင်းဘူးတွေကို ဘုန်းရှိန်ခန့်က အာဟာရဒါနအလှူလေးအဖြစ်လှူဒါန်းပေးခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ ရည်ရွယ်ချက်ကောင်းလေးနဲ့ လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ ဘုန်းရှိန်ခန့်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Clean Yangon

(ZAWGYI)

ခ်စ္ရတဲ့ ပရိသတ္ေတြရဲ႕ စုေပါင္းၿပီး လူအေယာက္ (၁၀၀)စာအတြက္ ထမင္းဘူးေတြလႉဒါန္းခဲ့တဲ့ ဘုန္းရွိန္ခန႔္

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသားေခ်ာ ဘုန္းရွိန္ခန႔္ကေတာ့ မေန႔ကစက္တင္ဘာလ (၁၁)ရက္ေန႔မွာ သူ႔ရဲ႕ ပရိသတ္ေတြရဲ႕အတူ စုေပါင္းၿပီး အာဟာရဒါနအလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

အလႉေလးကေတာ့ ထမင္းဟင္းအစုံအလင္ပါဝင္တဲ့ ထမင္းဘူးေတြကို လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ဘုန္းရွိန္ခန႔္ကေတာ့ သူ႔ရဲ႕ပရိသတ္ေတြနဲ႔စုေပါင္းၿပီး ျပည္သူေတြအတြက္ လိုအပ္တာေတြကိုလႉဒါန္ေပးနဲ႔ဖို႔ ၿပီးခဲ့တဲ့ရက္အနည္းငယ္ကလည္းခိုင္ႏွင္းေဝရဲ႕

ပရဟိတအသင္းမွာ အလႉေငြေတြသြားေရာက္လႉဒါန္းေပးခဲ့ပါေသးတယ္။

ဒီေန႔မွာလည္း Clean Yangon ပရဟိတအဖြဲ႕ကေနတစ္ဆင့္ စားဝတ္ေနေရးခက္ခဲေနတဲ့ လက္လုပ္လက္စားအေျခခံလူတန္းစားေတြအတြက္ လူအေယာက္(၁၀၀)စာ အသင့္စားထမင္းဘူး (၁၀၀)ကိုလႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

ခ်စ္ေသာသူမ်ားအားလုံးဆာေလာင္မႈေတြကင္းေဝးပါေစဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔အခုလို ထမင္းဘူးေတြကို ဘုန္းရွိန္ခန႔္က အာဟာရဒါနအလႉေလးအျဖစ္လႉဒါန္းေပးခဲ့တာပါတဲ့။

ပရိသတ္ႀကီးေရ ရည္႐ြယ္ခ်က္ေကာင္းေလးနဲ႔ လႉဒါန္းတဲ့ မြန္ျမတ္လွတဲ့ ဘုန္းရွိန္ခန႔္ရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Clean Yangon