ဘားအံမြို့က တောင်တန်း သာသနာပြု ဆရာတော် ဆီမှာ မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ ဆောင်းယွန်းစံ

ဘားအံမြို့က တောင်တန်း သာသနာပြု ဆရာတော် ဆီမှာ မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ပြည်သူတွေ အရေးကြုံလာတိုင်းလည်း အမြဲ အလှူလေးတွေနဲ့ တတ်နိုင်တဲ့ နေရာတွေကနေ ပါဝင်ခဲ့သူပါ ။

အခြေအနေ အရပ်ရပ်ကြောင့် စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာလည်း စားဝတ်နေရေး အခက်အခဲရှိနေတဲ့ လက်လုပ်လက်စား ပြည်သူတွေ အတွက် လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ် ။ ဒါ့အပြင် ခုလို ကိုဗစ်ကာလတွေမှာလည်း ပရိသတ်တွေနဲ့ စုပေါင်းကာ အောက်ဆီဂျင် ဝယ်ရန် အလှူအတွက် လည်း အလှူငွေများ လှူဒါန်းခဲ့ပါတယ် ။

အခုလည်း ခရီးသွားရင်း ဘားအံမြို့ရှိ တောင်တန်းသာသနာပြုဆရာတော်အတွက် ဒီလိုကာလမှာ လိုအပ်နေတဲ့ စားသောက်ကုန်များနဲ့ အလှူငွေများကို လှူဒါန်းခဲ့ပါတယ် ။ အလှူပုံရိပ်တွေနဲ့ အတူ ” ဘားအံမြို့ရှိ တောင်တန်းသာသနာပြုဆရာတော်အတွက် လိုအပ်သော ဆန်/ဆီ/ကြက်သွန်နှင့်အလှုငွေများ လှုဒါန်းခဲ့ပါတယ်ရှင့် “ရေးသာစဖော်ပြထားရာ

ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Saung Yoon San

(ZAWGYI)






Yuan – Cele Zone

Photo – Saung Yoon San