မြန်မာနိုင်ငံရဲ့ကြီးကျယ်ခမ်းနားလှတဲ့ သက်ရှိကဗျာဆရာကြီး ဦးအောင်ခြိမ့်ရဲ့ကြေကွဲစရာနောက်ဆုံးခရီးဈာပနပုံရိပ်များ

အနုပညာလောကမှာထိမိလွန်းတဲ့ ကဗျာစာသားတွေနဲ့ ပြည်သူတွေရဲ့တန်ဖိုးထားလေးစားမှုတွေကို အပြည့်အဝရရှိထားတဲ့ ကဗျာဆရာကြီးအောင်ချိမ့်ကတော့ ဩဂုတ်လ(၉)ရက်နေ့ ည(၈:၁၂)မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါပြီ..။

ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကဗျာဆရာကြီးအောင်ချိမ့် ကွယ်လွန်သွားတဲ့ အတွက် ပြည်သူတွေက ဖြေမဆည်နိုင်အောင် ဝမ်းနည်း ကြေကွဲနေကြတာ ဖြစ်ပါတယ်..။

ကွယ်လွန်ချိန်မှာ အသက်(၇၄)နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီးအောင်ချိမ့်ရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီကနေ့မှာပြုလုပ်ခဲ့ပြီး ရေဝေးသုဿန်မှာ ဂူသွင်းသြင်္ဂိုလ်မှာဖြစ်တယ်လို့ သိရပါတယ်..။

ဆရာကြီးရဲ့ နောက်ဆုံးအချိန်ကိုတော့ မိသားစုတွေအပြင် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတချို့လည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ကဗျာဆရာကြီးအောင်ချိမ့်ဟာ မြန်မာ့မော်ဒန်ကဗျာလောကကိုဦးဆောင်သူများထဲက ပါဝင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ သက်ရှိကဗျာဆရာလို့ အသိအမှတ်ပြုကြတဲ့ ကဗျာဆရာတစ်ဦးပဲ ဖြစ်ပါတယ်..။


ကဗျာဆရာကြီးအောင်ချိမ့်ရဲ့ နောက်ဆုံးဈာပနမြင်ကွင်းပုံရိပ်တွေကိုတော့ အများပြည်သူနောက်ဆုံးနှုတ်ဆက်မြင်တွေ့နိုင်ဖို့ တင်ဆက်မျှဝေရင်း ဆရာကြီးကောင်းရာသုဂတိလားစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်..။

Crd-Orginal Post