ဒုက္ခပင်လယ်ဝေနေတဲ့ သားအမိနှစ်ယောက်ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စိတ်မကောင်းစွာ ပြောပြာလာတဲ့ ဝေဠုကျော်

ဒီလိုကာလတွေမှာတော့ ပြည်သူတွေ ခမျာ အခြေအနေဆိုးတွေကို ဆက်တိုက် ကြုံနေရတာကြောင့် တော်တော်များများ ခက်ခဲနေကြသူတွေကြီးပါပဲအခြေခံလူတန်းစားနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေ ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်

တစ်ချို့ဆို အလုပ်ရှိတာတောင် မလုပ်နိုင်တော့တဲ့ အခြေအနေတွေပါ ရှိနေကြပါတယ်အခုလည်း တောင်ဒဂုံ ၊၁၉ရပ်ကွက်မှာ နေထိုင်တဲ့ ကျမ်းမာရေးမကောင်းတဲ့ သားအမိ နှစ်ယောက်ရဲ့ စိတ်မကောင်းစရာ အဖြစ်ကို သိပြီး ဝေဠုကျော်က ကူညီမှုတွေ ပေးခဲ့ပါတယ်

ဖခင်က ဆုံးပါးသွားပြီး သားဖြစ်သူက စကားမပြောနိုင်သလို အမေက ရောဂါပေါင်းစုံနဲ့ ဗိုက်ကြီးကပူနေတာကြောင့် ဆေးဖိုးကော စားသောက်ဖို့အတွက်ပါ အတော်လေး ရုန်းကန်ရှာဖွေနေရပါတယ်

ဒီလို ဒုက္ခပင်လယ်ဝေနေတဲ့ သားအမိနှစ်ယောက်အတွက် အလှူငွေ ငါးသောင်းကျပ်နဲ့ ဆန် ၊ဆီ၊ကြက်ဥ၊ အဝတ်အထည်အသစ်လေးတွေ ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်

ဘယ်လိုပဲဖြစ်ဖြစ် ခဏတာလောက် အဆင်ပြေသွားရင်ကို ကြည်နူးပီတိဖြစ်စရာပါပဲပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်

Photo – Wailu Kyaw
(ZAWGYI)







Photo – Wailu Kyaw