ကျေးဇူးရှင် ဖခင်ကြီး(၂)လပြည့်လပတ်အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

ကျေးဇူးရှင် ဖခင်ကြီး(၂)လပြည့်လပတ်အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင်မင်းသားချော ခန့်စည်သူကတော့ နေ့တိုင်းလိုလို အလှူအတန်းတွေကိုပြုလုပ်နေခဲ့ပြီး ဒီနေ့မှာလည်း သိန်း(၇၀)ဖိုးလှူဒါန်းတဲ့ အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်

အလှူကတော့ သူ့ရဲ့ ဖခင်ကြီး ဆုံးပါးကွယ်လွန်ခြင်း(၂)လပြည့်အတွက်ရည်စူးပြီးပြုလုပ်တာပါ

ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီး၏ ဝတ္တကမြေအတွင်းရှိဘုန်းတော်ကြီးကျောင်း(၁၁)ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော ပဓာန နာယကဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်

ဒါ့အပြင် ယခုကာလတွင် ဆွမ်းအခက်အခဲမရှိစေရန် ကာလဒါနအလှူအဖြစ် အလှူငွေ (၁၁)သိန်း၊ဆန်အိတ် (၁၁၀)အိတ်၊ဆီပိဿာ (၁၁၀)၊ပဲပိဿာ (၁၁၀)၊ကြက်သွန်ပိဿာ (၁၁၀)၊ဟင်းခတ်မှုန့်ဂျပ်ဖာပုံး (၂၂)ပုံး စုစုပေါင်းသိန်း(၇၀)ဖိုး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်

ဒီနေ့ပြုလုပ်တဲ့ အလှူအဖို့ဘာဂတွေကို ဖခင်ကြီးနဲ့တကွ အားလုံးသော (၃၁)ဘုံသားတွေ သာဓုခေါ်ဆိုဖို့လည်း ကုသိုလ်မျှဝေထားခဲ့ပါသေးတယ်

ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Source – Kyaw Soe Win

Crd-Original Post

(ZAWGYI)

ေက်းဇူးရွင္ ဖခင္ႀကီး(၂)လျပည့္လပတ္အတြက္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးခဲ့တဲ့ ခန႔္စည္သူ

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္သ႐ုပ္ေဆာင္မင္းသားေခ်ာ ခန႔္စည္သူကေတာ့ ေန႔တိုင္းလိုလို အလႉအတန္းေတြကိုျပဳလုပ္ေနခဲ့ၿပီး ဒီေန႔မွာလည္း သိန္း(၇၀)ဖိုးလႉဒါန္းတဲ့ အလႉတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္

အလႉကေတာ့ သူ႔ရဲ႕ ဖခင္ႀကီး ဆုံးပါးကြယ္လြန္ျခင္း(၂)လျပည့္အတြက္ရည္စူးၿပီးျပဳလုပ္တာပါ

ခန႔္စည္သူက ဗိုလ္တေထာင္ က်ိဳက္ေဒးအပ္ ဆံေတာ္ဦး ေစတီေတာ္ျမတ္ႀကီး၏ ဝတၱကေျမအတြင္းရွိဘုန္းေတာ္ႀကီးေက်ာင္း(၁၁)ေက်ာင္းတြင္ သီတင္းသုံးေနထိုင္ေတာ္မူၾကေသာ ပဓာန နာယကဆရာေတာ္ႀကီးမ်ားႏွင့္ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ဝါဆိုသကၤန္းမ်ား ဆက္ကပ္လႉဒါန္းခဲ့ပါတယ္

ဒါ့အျပင္ ယခုကာလတြင္ ဆြမ္းအခက္အခဲမရွိေစရန္ ကာလဒါနအလႉအျဖစ္ အလႉေငြ (၁၁)သိန္း၊ဆန္အိတ္ (၁၁၀)အိတ္၊ဆီပိႆာ (၁၁၀)၊ပဲပိႆာ (၁၁၀)၊ၾကက္သြန္ပိႆာ (၁၁၀)၊ဟင္းခတ္မႈန႔္ဂ်ပ္ဖာပုံး (၂၂)ပုံး စုစုေပါင္းသိန္း(၇၀)ဖိုး လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္

ဒီေန႔ျပဳလုပ္တဲ့ အလႉအဖို႔ဘာဂေတြကို ဖခင္ႀကီးနဲ႔တကြ အားလုံးေသာ (၃၁)ဘုံသားေတြ သာဓုေခၚဆိုဖို႔လည္း ကုသိုလ္မွ်ေဝထားခဲ့ပါေသးတယ္

ပရိသတ္ႀကီးေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္

Source – Kyaw Soe Win

Crd-Original Post