အပြင်မှာ မထိုးကြတော့တဲ့ ထီကို အွန်လိုင်းစနစ်နဲ့ရောင်းဖို့စီစဥ်နေတဲ့ အောင်ဘာလေထီ

လတ်တလောအခြေအနေများအရ အောင်ဘာလေထီရောင်းအားမှာ သိသိသာသာကျဆင်းသွားခဲ့တာဖြစ်ပြီး ထီဆုမဲရောင်းချရငွေရဲ့ ၆၀ ရာခိုင်နှုန်းအစား ၇၀ ရာခိုင်နှုန်းကိုဆုမဲအဖြစ်တိုးမြှင့်ချီးမြှင့်ပေးထားသော်လည်း အမြင့်ဆုံး သိန်း ၅၀၀၀ ဆုကြီးအထိသာ ချီးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ထီလုပ်ငန်းရှင်တွေအနေနဲ့လည်း ရောင်းအားသိသိသာသာကျဆင်းလာပြီးနောက် အရှုံးနဲ့သာရင်ဆိုင်နေရပြီး အချို့မှာ လုပ်ငန်းရပ်ဆိုင်းသည်အထိဖြစ်ပေါ်လာနေပါတယ်။

ဒါကြောင့် နစကအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဥ်ဆောင်ရွက်နေပြီး နည်းပညာဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီ/ အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

အဆိုပြုလွှာဖိတ်ကြားချက်အရ ”စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ကံစမ်းသူများလွယ်ကူလျင်မြန်စွာ ဝယ်ယူကံစမ်းနိုင်ရေးအတွက် လက်ရှိကျင့်သုံးလျက်ရှိသော အောင်ဘာလေထီလက်မှတ်ရောင်းချသည့်စနစ် (paper lottery) ဖြင့်ရောင်းချခြင်းအပြင်

Online မှတစ်ဆင့် ရောင်းချခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ယင်းကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ငှားရမ်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားမှုဖော်ပြချက် အဆိုပြုလွှာများ

ပေးပို့တင်ပြရန် ဖိတ်ခေါ်အပ်ပါသည်” ဆိုပြီး ထုတ်ပြန်ပါရှိပါတယ်။တင်သွင်းရမည့် အဆိုပြုလွှာနှင့် အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် ၄၆ နေပြည်တော်သို့ အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဆိုပြီးလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ NUG အနေဖြင့် အောင်လံလွင့်ချီနွေဦးထီကို အွန်လိုင်းစနစ်ဖြင့်ရောင်းချပေးနေပြီး အချိန်တိုအတွင်းမှာ ထီလက်မှတ်အစောင်ရေအများအပြားရောင်းချနေရတယ်လို့လည်း သိရှိရပါတယ်။

Crd-Original Post

(ZAWGYI)

အျပင္မွာ မထိုးၾကေတာ့တဲ့ ထီကို အြန္လိုင္းစနစ္နဲ႔ေရာင္းဖို႔စီစဥ္ေနတဲ့ ေအာင္ဘာေလထီ

လတ္တေလာအေျခအေနမ်ားအရ ေအာင္ဘာေလထီေရာင္းအားမွာ သိသိသာသာက်ဆင္းသြားခဲ့တာျဖစ္ၿပီး ထီဆုမဲေရာင္းခ်ရေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းအစား ၇၀ ရာခိုင္ႏႈန္းကိုဆုမဲအျဖစ္တိုးျမႇင့္ခ်ီးျမႇင့္ေပးထားေသာ္လည္း အျမင့္ဆုံး သိန္း ၅၀၀၀ ဆုႀကီးအထိသာ ခ်ီးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ထီလုပ္ငန္းရွင္ေတြအေနနဲ႔လည္း ေရာင္းအားသိသိသာသာက်ဆင္းလာၿပီးေနာက္ အရႈံးနဲ႔သာရင္ဆိုင္ေနရၿပီး အခ်ိဳ႕မွာ လုပ္ငန္းရပ္ဆိုင္းသည္အထိျဖစ္ေပၚလာေနပါတယ္။

ဒါေၾကာင့္ နစကအေနျဖင့္ ေအာင္ဘာေလထီလက္မွတ္မ်ားကို အြန္လိုင္စနစ္ျဖင့္ ေရာင္းခ်ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနၿပီး နည္းပညာဝန္ေဆာင္မႈေပးလိုေသာ ကုမၸဏီ/ အဖြဲ႕အစည္းမ်ားကို ဖိတ္ေခၚထားတာေတြ႕ရပါတယ္။

အဆိုျပဳလႊာဖိတ္ၾကားခ်က္အရ ”စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ ေအာင္ဘာေလထီလက္မွတ္မ်ားကို ကံစမ္းသူမ်ားလြယ္ကူလ်င္ျမန္စြာ ဝယ္ယူကံစမ္းႏိုင္ေရးအတြက္ လက္ရွိက်င့္သုံးလ်က္ရွိေသာ ေအာင္ဘာေလထီလက္မွတ္ေရာင္းခ်သည့္စနစ္ (paper lottery) ျဖင့္ေရာင္းခ်ျခင္းအျပင္

Online မွတစ္ဆင့္ ေရာင္းခ်ျခင္းကို ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

ယင္းကဲ့သို႔ေဆာင္႐ြက္လုပ္ကိုင္ႏိုင္ေရးအတြက္ နည္းပညာပိုင္းပံ့ပိုးမႈမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးႏိုင္မည့္ Service Provider လုပ္ငန္းတစ္ခုကို ေ႐ြးခ်ယ္ငွားရမ္းျခင္း ေဆာင္႐ြက္သြားမည္ျဖစ္ရာ စိတ္ပါဝင္စားမႈေဖာ္ျပခ်က္ အဆိုျပဳလႊာမ်ား ေပးပို႔တင္ျပရန္ ဖိတ္ေခၚအပ္ပါသည္” ဆိုၿပီး ထုတ္ျပန္ပါရွိပါတယ္။

တင္သြင္းရမည့္ အဆိုျပဳလႊာႏွင့္ အခ်က္အလက္မ်ားကို ျပည္တြင္းအခြန္မ်ားဦးစီးဌာန ႐ုံးအမွတ္ ၄၆ ေနျပည္ေတာ္သို႔ ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေနာက္ဆုံးထား တင္သြင္းရမည္ဆိုၿပီးလည္း ထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ NUG အေနျဖင့္ ေအာင္လံလြင့္ခ်ီေႏြဦးထီကို အြန္လိုင္းစနစ္ျဖင့္ေရာင္းခ်ေပးေနၿပီး အခ်ိန္တိုအတြင္းမွာ ထီလက္မွတ္အေစာင္ေရအမ်ားအျပားေရာင္းခ်ေနရတယ္လို႔လည္း သိရွိရပါတယ္။

Crd-Original Post