“သက်ရှည်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်များ”

၁။ညအိပ်ယာဝင်ခါနီးတိုင်းသွားတိုက်ပါ။သွား
တိုက်ပြီးသည်နှင့်ဘာမျှမစားသင့်တော့ပါ။ခံတွင်းသန့်
လျင်ရောဂါအမျိုးအစား၇၀ကိုအလိုလိုကာကွယ်ပြီးသား
ဖြစ်သည်။ခံတွင်းမသန့်ရှင်းသည်နှင့်ရောဂါအမျိုးအစား
၇၀ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။

၂။အသက်ကြီးသည်အထိသွားခိုင်မှသက်ရှည်ကျန်းမာနိုင်သည်။ငယ်စဉ်ကတည်းကသွားကျန်းမာ
ကြံ့ခိုင်အောင်အမာစာများတအားမစားပါနှင့်အချိုလျော့
စားပါ။ခံတွင်းသန့်ရှင်းဖို့အမြဲဂရုစိုက်ပါ

၃။မိမိစိတ်တွင်မေတ္တာတရားကိုသာလက်ခံပါ။စိတ်
ချမ်းသာစရာကိုသာတွေးပါ။

၄။သူတစ်ပါးကိုပေးဖို့ရာသာတွေးပါ။ရယူဖို့ရာဘယ်တော့မှမတွေးပါနှင့်

၅။အစာစားတိုင်းကြေညက်အောင်ဝါးစားပါ

၆။ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ။ကြော်၊ပြုပ်၊ချဉ်
ရည်ဟင်းချက်၊တစ်ခါတစ်ရံအရိုးကိုထန်းလျက်နှင့်ပြုပ်
သောက်ပါ။ကန်စွမ်းရွက်သည်ဝမ်းဗိုက်ထဲရောက်နေ
သောရောဂါဖြစ်မည့်အဆိပ်မျိုးစုံကိုပယ်ဖျောက်ပေး
သည်။
အသားအရည်ကိုချောမွေ့လှပစေသည်။သွေး
ကိုသန့်ရှင်းစေသည်။အမျိုးသမီးများဓမ္မတာကိစ္စ၊သွေး
ဆုံး၊မီးယပ်ရောဂါမှန်သမျှကိုကောင်းအောင်ကုသပေး
သည့်သဘာဝသမားတော်ဖြစ်သည်။ကန်စွမ်းရိုးသည်
အသက်ကြီးလျင်အလိုလိုကုန်ခန်းလာသည့် အရိုးတွင်း
မှကက်ဆီယံဓါတ်ကိုပြန်ဖြည့်ပေးသည်။

၆။မနက်အိပ်ယာထရေနွေးဆူအောင်တည်၍‌
ခေတ္တအအေးခံကာခပ်နွေးနွေးကိုတစ်ဝကြီးသောက်ပါ
သောက်ပြီး၄၅မိနစ်ကြာမှအစာစားပါ ကင်ဆာ၊သွေးတိုး
ဆီးချိုစာသောနာတာရှည်ရောဂါများကိုပျောက်ကင်း
စေသကဲ့သို့မလိုအပ်သောအဆီများကိုချပေးသည်။
သတိပြုရမည်မှာညကတည်းကတည်ထားသော ဓါတ်
ဘူးထဲထည့်ထားသောရေနွေးမဖြစ်ဖို့လိုသည်။ညသိပ်
ရေနွေးသည်အဆိပ်ဖြစ်သောကြောင့်မသောက်သင့်ပါ

၇။တစ်ရက်တစ်ကြိမ်ကြက်သွန်ဖြူ၄တက်လောက်
ကိုထမင်းနှင့်မြှုပ်စားပါ။စားနည်းမှာ ကြက်သွန်ဖြူ၄
တက်ကိုအခွံခွါကာပြားသွားအောင်ထုပါ။အနည်းဆုံး
၁၅မိနစ်ကြာအောင်စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။နှ
လုံးရောဂါသမားများနှစ်လကျော်အတွင်းသက်သာ
ပျောက်ကင်းနိုင်သည်။များလွန်းလျင်မကောင်းပါ
သုံးလေးတက်ထက်ပိုမစားသင့်ပါ
ကြက်သွန်ဖြူကိုပြားလိုက်လျင်ထွက်လာသောအစေး
နှင့်ပြင်ပအောက်ဆီဂျင်လေထိသွားသောအခါကျမှဆေး
ဖြစ်ပြီးသွေးသန့်အောင် သွေးကျဲအောင်လုပ်ပေးနိုင်
သောဓါတ်ကိုဖြစ်စေသောကြောင့်အနည်းဆုံး၁၅မိနစ်
စောင့်ပြီးမှစားရခြင်းဖြစ်သည်
ထိုကြက်သွန်ဖြူသည်နှလုံးသမားများစားနေသော
သွေးကြဲဆေးထက်၄ဆပိုပြီးအာနိသင်ရှိကြောင်းပြင်
သစ်ဆရာဝန်တစ်ယောက်ပြောဖူးသည်။
ကြိုတင်စားထားလျင်လေအား သွေးအားကို
ကောင်းစေသည့်အပြင်သွေးကိုပါသန့်စေသော
ကြောင့် သွေးတိုး၊လေးဘက်နာရောဂါ၊လေဖြတ်ရော
ဂါ၊နှလုံးရေဂါ
များကိုကာကွယ်ပြီးသားဖြစ်သည်။

၈။တစ်ရက်လျင်ပုံမှန်ဖန်ခွက်ဖြင့်ရေ၈ခွက်ခန့်
ဝင်အောင်သတိထားသောက်ပါ။ဆီးသွားချင်လျင်
အောင့်မထားဘဲချက်ခြင်းသွားပါ
ကျန်းမာခြင်းသည်အမြတ်ဆုံးလာဘ်ဟူသောဘုရားရှင်စကားတော်ကိုဦးထိပ်ထားပြီး ကျန်းမာရေး
ကိုရွှေငွေပစ္စည်းဥစ္စာများနှင့်ဘယ်သောအခါမှမလဲမိ
အောင်ဂရုစိုက်ပါ။အချိန်မှန်အိပ်အချိန်မှန်စားလျင်ရော
ဂါဖြစ်ဖို့အလွန်ခဲယဉ်းပါသည်။
ကျန်းမာရေးထိခိုက်သည်နှင့်ပြည့်စုံနေသော
စီးပွါးရေး၊အိမ်ထောင်ရေးပညာရေးများသည်ဘာမျှ
သုံးစားမရတော့သည်ကိုသတိပြုပါ။အားလုံးသက်
ရည်ကျန်းမာကြပါစေ။

မေတ္တာရှင် ရွှေပြည်သာ