ချစ်ရတဲ့ သားသမီးတွေကို မိခင်ရင်းသဖွယ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုတွေ ပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပုံရိပ်များ

ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

အခုလည်း သားတွေ သမီးတွေကို ကိုယ်တိုင် ပြောင်းဖူးတွေ ကျွေးကာ သေချာလေး အချိန်ပေး ဆော့ကစားနေတဲ့ ပုံရိပ်တွေကိုဝေမျှလာပါတယ် ။ ကလေးငယ်လေးတွေကလည်း မေမေခိုင်နှင်းဝေနဲ့ အတူ ဆော့ကစားရလို့ ပျော်ရွှင်နေကြတာ ပုံထဲမှာ တွေ့မြင်ရမှာပါ ။

ပရိသတ်ကြီး အတွက် ထို ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)







Yuan – Cele Zone

Photo – Khine Hnin Wai