ပြေတီဦးနဲ့ ပိုင်တံခွန်တို့ လွတ်မြောက်လာတယ်လို့ အိပ်မက်မက်ကြောင်းမျှဝေလာတဲ့ စည်သူ(ပလပ်ကျွတ်)

ပြေတီဦးနဲ့ ပိုင်တံခွန်တို့ လွတ်မြောက်လာတယ်လို့ အိပ်မက်မက်ကြောင်းမျှဝေလာတဲ့ စည်သူ(ပလပ်ကျွတ်)

လတ်တလောမှာ ပုဒ်မ (၅၀၅)နဲ့ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ အနုပညာရှင်တွေက ဖမ်းဆီးခြင်းကို ခံထားရတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။

ပရိသတ်တွေကတော့ သူတို့ ချစ်ခင်ရတဲ့ အနုပညာရှင်တွေအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ ယနေ့အချိန်ထိစောင့်မျှော်နေကြစဲပါ။

 

ဖမ်းဆီးခံထားရတဲ့ထဲမှာ သရုပ်ဆောင် မင်းသားချော ပြေတီဦးနဲ့ နိုင်ငံတကာအထိပါ အောင်မြင်မှုတွေရရှိနေတဲ့ မော်ဒယ်လ်မင်းသားချော ပိုင်တံခွန်တို့ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ စည်သူ(ပလပ်ကျွတ်)ကတော့ ပြေတီဦးနဲ့ ပိုင်တံခွန်တို့ကို ညက အိပ်မက်မက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။ အိပ်မက်ထဲမှာတော့ ပြေတီဦးနဲ့ ပိုင်တံခွန်တို့ နှစ်ဦးလုံးကပြန်လည်လွတ်မြောက်လာတယ်လို့ မက်ခဲ့တာပဲဖြစ်ပါတယ်။

စည်သူ(ပလပ်ကျွတ်)ကတော့ စနေနေ့မှာမက်ခဲ့တဲ့ အိပ်မက်တွေက မှန်တတ်တာကြောင့် အမှန်တကယ်ဖြစ်ပါစေဖို့ ဆုတောင်းထားခဲ့ပါသေးတယ်။ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ ပိုင်တံခွန်တို့ ပြန်လည်လွတ်မြောက်လာစေဖို့ ဝိုင်းဝန်းဆုတောင်းနေခဲ့ကြပါသေးတယ် ပရိသတ်ကြီးရေ။

Source – Sithu Pluck Kyut

(ZAWGYI)






