တာဝါတိုင်တွေဖျက်ဆီးခံရလို့ ဒေါသထွက်နေတဲ့ အာဏာသိမ်းခေါင်းဆောင်

တာဝါတိုင်တွေဖျက်ဆီးခံရလို့ ဒေါသထွက်နေတဲ့ အာဏာသိမ်းခေါင်းဆောင်

တာဝါတိုင်တွေကို မလုပ်နဲ့ တပ်ကိုလုပ် ဆိုတဲ့စကားက သူ့အတွက်တော့ အင်မတန် သဘာ၀ကျတဲ့စကား။

တပ်သားတစ်ယောက်သေရင် ကျန်ရစ်တဲ့ သူ့ဇနီးမယား သားသမီးတွေ အဆင်ပြေဖို့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက အဆင်သင့်။

မပေးဘဲနေရင်တောင် ရတယ်။ ဒါပေမဲ့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက သိက္ခာနဲ့ စည်းကမ်းနဲ့ ရပ်တည်တဲ့ ကုမ္မဏီ။

တပ်မတော်သားတွေအကျိုးအတွက် ဖွင့်ထားပေးတာ။ တပ်မတော်သားတွေဟာ ငွေတန်ဖိုးနားမလည်ဘဲ ဘုန်းဘောလအော သုံးဖြုန်းပစ်မှာစိုးလို့ လစာငွေထဲကနေ ဖြတ်ပြီး တိုးပွားအောင် စုဆောင်းပေးထားတာ။

ဘယ်နေရာမှာ ဘာကြောင့်ပဲ သေသေ။ တပ်မတော်သားတွေအတွက်ဆိုရင်လေ အပြေးကလေးရောက်လာမယ့် အောင်မြင့်မိုရ်မင်း တဲ့။ ဒါ သူတို့ဆောင်ပုဒ်။

ကျန်ရစ်သူ ဇနီးမယားက အဲဒီငွေတွေ မယူချင်ဘူးလို့ ငြင်းမရ၊ သူတို့ စုဆောင်းတိုးပွားပေးထားတဲ့ ငွေလုံးငွေရင်းကို သူ့ဆောင်ပုဒ်အရ တာ၀န်အရ မဖြစ်မနေ အပြေးလေး ရောက်လာပေးတာပဲ။

ဒီတော့ ကျန်ရစ်သူ ဇနီးမယားကလည်း အဘအတွက် အသက်စွန့်ရပေမယ့် ဖြေသိမ့်ရင်း ကျေနပ်ကြတာပဲ။

ကဲ အခု တာဝါတိုင်တွေ ဖျက်ဆီးခံရပြီဆိုတော့ အဘက ကိုယ့် ရှယ်ယာလည်းပါနေ။ တာ၀န်ယူ လျော်ရမှာလည်း ကိုယ့်ဘက်က။

စိတ်မတိုဘဲ နေပါ့မလား။ နင့်လင်သေတာ ငါ့လင် ပေါင်ကျိုးတာလောက် မနာပါဘူး ဆိုတဲ့ စကားပုံက အမှန်။ စစ်သားတွေ သေတာကဘာမှမဖြစ်။ နောက်မှာ အများကြီးကျန်သေးတယ်။

ဒါကြောင့် တိုက်ချင်ရင် တပ်သားတွေကို တိုက်၊ ငါ့တာဝါတိုင်တွေကို မတိုက်နဲ့ လို့ပြောတာ။

သူ့အတွက်က စစ်သား ဆယ်ယောက်ထက် တာဝါတိုင်တစ်တိုင်ဟာ ပိုပြီးတန်ဖိုးကြီးတယ်လေ။ အဘ ဒေါသထွက်တာ သူ့အတွက် မမှားဘူး။

ဝါ နု သော်

(ZAWGYI)

တာဝါတိုင္ေတြဖ်က္ဆီးခံရလို႔ ေဒါသထြက္ေနတဲ့ အာဏာသိမ္းေခါင္းေဆာင္

တာဝါတိုင္ေတြကို မလုပ္နဲ႔ တပ္ကိုလုပ္ ဆိုတဲ့စကားက သူ႔အတြက္ေတာ့ အင္မတန္ သဘာ၀က်တဲ့စကား။

တပ္သားတစ္ေယာက္ေသရင္ က်န္ရစ္တဲ့ သူ႔ဇနီးမယား သားသမီးေတြ အဆင္ေျပဖို႔ ေအာင္ျမင့္မိုရ္မင္း ကုမၼဏီက အဆင္သင့္။
မေပးဘဲေနရင္ေတာင္ ရတယ္။ ဒါေပမဲ့ ေအာင္ျမင့္မိုရ္မင္း ကုမၼဏီက သိကၡာနဲ႔ စည္းကမ္းနဲ႔ ရပ္တည္တဲ့ ကုမၼဏီ။

တပ္မေတာ္သားေတြအက်ိဳးအတြက္ ဖြင့္ထားေပးတာ။ တပ္မေတာ္သားေတြဟာ ေငြတန္ဖိုးနားမလည္ဘဲ ဘုန္းေဘာလေအာ သုံးျဖဳန္းပစ္မွာစိုးလို႔ လစာေငြထဲကေန ျဖတ္ၿပီး တိုးပြားေအာင္ စုေဆာင္းေပးထားတာ။

ဘယ္ေနရာမွာ ဘာေၾကာင့္ပဲ ေသေသ။ တပ္မေတာ္သားေတြအတြက္ဆိုရင္ေလ အေျပးကေလးေရာက္လာမယ့္ ေအာင္ျမင့္မိုရ္မင္း တဲ့။ ဒါ သူတို႔ေဆာင္ပုဒ္။
က်န္ရစ္သူ ဇနီးမယားက အဲဒီေငြေတြ မယူခ်င္ဘူးလို႔ ျငင္းမရ၊ သူတို႔ စုေဆာင္းတိုးပြားေပးထားတဲ့ ေငြလုံးေငြရင္းကို သူ႔ေဆာင္ပုဒ္အရ တာ၀န္အရ မျဖစ္မေန အေျပးေလး ေရာက္လာေပးတာပဲ။

ဒီေတာ့ က်န္ရစ္သူ ဇနီးမယားကလည္း အဘအတြက္ အသက္စြန္႔ရေပမယ့္ ေျဖသိမ့္ရင္း ေက်နပ္ၾကတာပဲ။

ကဲ အခု တာဝါတိုင္ေတြ ဖ်က္ဆီးခံရၿပီဆိုေတာ့ အဘက ကိုယ့္ ရွယ္ယာလည္းပါေန။ တာ၀န္ယူ ေလ်ာ္ရမွာလည္း ကိုယ့္ဘက္က။
စိတ္မတိုဘဲ ေနပါ့မလား။ နင့္လင္ေသတာ ငါ့လင္ ေပါင္က်ိဳးတာေလာက္ မနာပါဘူး ဆိုတဲ့ စကားပုံက အမွန္။ စစ္သားေတြ ေသတာကဘာမွမျဖစ္။ ေနာက္မွာ အမ်ားႀကီးက်န္ေသးတယ္။

ဒါေၾကာင့္ တိုက္ခ်င္ရင္ တပ္သားေတြကို တိုက္၊ ငါ့တာဝါတိုင္ေတြကို မတိုက္နဲ႔ လို႔ေျပာတာ။

သူ႔အတြက္က စစ္သား ဆယ္ေယာက္ထက္ တာဝါတိုင္တစ္တိုင္ဟာ ပိုၿပီးတန္ဖိုးႀကီးတယ္ေလ။ အဘ ေဒါသထြက္တာ သူ႔အတြက္ မမွားဘူး။

ဝါ ႏု ေသာ္