NUGအစိုးရ၏အရေးပေါ်ကြေညာချက်ကိုစာနာနားလည်ကြောင်းကုလပြော

NUGအစိုးရ၏အရေးပေါ်ကြေညာချက်ကိုစာနာနားလည်ကြောင်းကုလပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်တာဟာ စိတ်မကောင်းစရာဖြစ်ပေမယ့်၊ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက

အရေးယူမှု မရှိတာတွေအပေါ် NUG နဲ့ မြန်မာပြည်သူတွေရဲ့ အားမလိုအားမရ ဖြစ်မှုကို မိမိတို့ နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြံပေးကောင်စီ အဖွဲ့ဝင် မစ္စ ယန်ဟီးလီကလည်း… ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို လူသားမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကြောက်မက်ဖွယ် နည်းဗျူဟာတွေ သုံးပြီး စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းခဲ့တာ

အခုဆိုရင် ၇ လရှိသွားပြီလို့ ပြောပါတယ်။နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကယ်တင်ကူညီဖို့ အခွင့်အလမ်း အလုံအလောက် ရခဲ့ပေမယ့် တောက်လျှောက် ပျက်ကွက်ခဲ့တယ်လို့

ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံအဖွဲ့ဟာလည်း ခြောက်လသာ ပြည့်သွားပေမဲ့ အခုအထိ အထူးသံတမန် ခန့်အပ်ရုံပဲ လုပ်နိုင်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဧပြီလကတည်းက

ကတိကဝတ်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ကြေညာချက်မှာ ဝေဖန်ထားပါတယ်။အကြံပေးကောင်စီ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ Marzuki Darusman ကလည်

အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်ရဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့စကားဟာ လွဲချော်နေကြောင်း၊ ဖြစ်ရမှာက ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ “အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်စဲရေး” ကို တောင်းဆိုရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Crd-Original Post

(ZAWGYI)

NUGအစိုးရ၏အေရးေပၚေၾကညာခ်က္ကိုစာနာနားလည္ေၾကာင္းကုလေျပာ

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ခုခံတြန္းလွန္စစ္ ဆင္ႏႊဲဖို႔ ေၾကညာလိုက္တာဟာ စိတ္မေကာင္းစရာျဖစ္ေပမယ့္၊ အာဏာသိမ္းၿပီး ၇ လအတြင္း စစ္တပ္ရဲ႕ ရက္ရက္စက္စက္ သတ္ျဖတ္ေခ်မႈန္းမႈေတြနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက

အေရးယူမႈ မရွိတာေတြအေပၚ NUG နဲ႔ ျမန္မာျပည္သူေတြရဲ႕ အားမလိုအားမရ ျဖစ္မႈကို မိမိတို႔ နားလည္သေဘာေပါက္ပါေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) က စက္တင္ဘာလ ၈ ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

အႀကံေပးေကာင္စီ အဖြဲ႕ဝင္ မစၥ ယန္ဟီးလီကလည္း… ၿငိမ္းခ်မ္းစြာ ဆန႔္က်င္ဆႏၵျပသူေတြကို လူသားမဆန္တဲ့ ရာဇဝတ္မႈနဲ႔ စစ္ရာဇဝတ္မႈေျမာက္တဲ့ ေၾကာက္မက္ဖြယ္ နည္းဗ်ဴဟာေတြ သုံးၿပီး စစ္တပ္က ရက္ရက္စက္စက္ ေခ်မႈန္းခဲ့တာ

အခုဆိုရင္ ၇ လရွိသြားၿပီလို႔ ေျပာပါတယ္။ႏိုင္ငံတကာ အသိုင္းအဝန္းအေနနဲ႔ ျမန္မာျပည္သူေတြကို ကယ္တင္ကူညီဖို႔ အခြင့္အလမ္း အလုံအေလာက္ ရခဲ့ေပမယ့္ ေတာက္ေလွ်ာက္ ပ်က္ကြက္ခဲ့တယ္လို႔

ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။ ျမန္မာ့အေရးကို ဝင္ေရာက္ေျဖရွင္းမယ္ဆိုတဲ့ အာဆီယံအဖြဲ႕ဟာလည္း ေျခာက္လသာ ျပည့္သြားေပမဲ့ အခုအထိ အထူးသံတမန္ ခန႔္အပ္႐ုံပဲ လုပ္ႏိုင္ၿပီး လူသားခ်င္းစာနာမႈ အကူအညီေတြေပးဖို႔ ဧၿပီလကတည္းက

ကတိကဝတ္ေတြကို အခုထိ အေကာင္အထည္ မေဖာ္ႏိုင္ေသးဘူးလို႔လည္း ေၾကညာခ်က္မွာ ေဝဖန္ထားပါတယ္။အႀကံေပးေကာင္စီ အဖြဲ႕ဝင္ ေနာက္တစ္ဦးျဖစ္တဲ့ Marzuki Darusman ကလည္

အာဆီယံက ခန႔္အပ္လိုက္တဲ့ အထူးကိုယ္စားလွယ္ရဲ႕ အပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုတဲ့စကားဟာ လြဲေခ်ာ္ေနေၾကာင္း၊ ျဖစ္ရမွာက ဘုံသေဘာတူညီခ်က္ ငါးခ်က္ထဲမွာပါတဲ့ “အၾကမ္းဖက္မႈေတြ အျမန္ဆုံးရပ္စဲေရး” ကို ေတာင္းဆိုရမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Crd-Original Post