နွားနို့ ခိုးသောက်လို့ ရိုက်နှက်ခံရတဲ့ ကိုရင်လေးတစ်ပါး (၁၀)ရက်အကြာမှာ ပျံလွန်တော်မူ

တစ်ချို့ထေရ်ကြီးဝါကြီးတွေ ဒေါသကငယ်ထိပ်တက်ကပ်နေတာ တွေ့ဖူးပစက်တင်ဘာ ၁၀ ရက်၊ ကျေးသီးရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ

ကိုရင်လေးတစ်ပါး နွားနို့ ခိုးသောက်တာကြောင့် ရိုက်နှက်ခံရပြီးနောက်ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ကျောင်းရှိ ကိုရင်လေးတွေဟာ သန့်ရှင်းရေးလုပ်အပြီးမှာသက်တော် ၉ နှစ်အရွယ် ကိုရင်လေးတစ်ပါးက နွားနို့ ခိုးသောက်တာကြောင့်ဦးဇင်းတစ်ပါး ရိုက်နှက်ဆုံးမပြီးနောက်ဆယ်ရက်အကြာ စက်တင်ဘာ ၃ ရက်မှာ ပျံလွန်တော်မူသွားပါတယ်။

ကိုရင်လေးရဲ့ မိသားစုဝင်တစ်ဦးက “ကိုရင်က ဆယ်ချက်ကျော် ရိုက်ခံရတယ်။သူအရိုက်ခံရပြီးနောက်ပိုင်းမှာ ခေါင်းကိုက်တယ်ပဲ ပြောတယ်။ကျွန်မလည်း ဆေးတိုက်တယ်။

နောက် သုံးရက် လေးရက်အကြာမှာ ခြေထောက်မလှုပ်နိုင်တော့ဘူး။လေဖြတ်သလို ဖြစ်သွားတယ်” ဆိုပြီး ရှမ်းဘာသာစကားနဲ့ပြောပြပါတယ်။

အခုလို ကိုရင်လေးကို ညိုမဲအောင် ရိုက်နှက်ဆုံးမတာကို မဖြစ်သင့်ကြောင်းနဲ့ ဆုံးမရင်လည်းအသက်အန္တရာယ်ထိ ရောက်စေနိုင်မယ့်

ပြစ်ဒဏ် မပေးသင့်ကြောင်း ၎င်းက ပြောပါတယ်။ကိုရင်လေးရဲ့ မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတယ်လို့လည်း သိရပါတယ်။“ကျွန်မတို့ ဘယ်လို ဖြစ်စေချင်တာလဲဆိုတော့ ဦးဇင်းဖြစ်သူလည်း ဝန်ခံစေချင်တယ်။

ပြီးတော့ ပေးသင့်တဲ့ ပြစ်ဒဏ်ကိုလည်း လုပ်စေချင်တယ်။

ဖြေရှင်းပေးစေချင်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။ကိုရင်လေး ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ဆရာတော်တွေ၊ ရပ်ရွာဥက္ကဌတွေဟာ ဆွေးနွေးမှု တစ်စုံတစ်ရာ လုပ်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။အဆိုပါ ကိုရင်လေးဟာ အရင်က အတက်ရောဂါအခံရှိသူ ဖြစ်ကြောင်းလည်း သိရပါတယ်။

ရွှေဖီမြေ

(ZAWGYI)

ႏြားႏို႔ ခိုးေသာက္လို႔ ႐ိုက္ႏွက္ခံရတဲ့ ကိုရင္ေလးတစ္ပါး (၁၀)ရက္အၾကာမွာ ပ်ံလြန္ေတာ္မူ

တစ္ခ်ိဳ႕ေထရ္ႀကီးဝါႀကီးေတြ ေဒါသကငယ္ထိပ္တက္ကပ္ေနတာ ေတြ႕ဖူးပစက္တင္ဘာ ၁၀ ရက္၊ ေက်းသီးရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္ မိုင္းေကာင္ေက်း႐ြာအုပ္စု မိုင္းေကာင္ေက်း႐ြာရွိ

ကိုရင္ေလးတစ္ပါး ႏြားႏို႔ ခိုးေသာက္တာေၾကာင့္ ႐ိုက္ႏွက္ခံရၿပီးေနာက္ပ်ံလြန္ေတာ္မူသြားတယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ ဩဂုတ္ ၂၄ ရက္မွာ ေက်ာင္းရွိ ကိုရင္ေလးေတြဟာ သန႔္ရွင္းေရးလုပ္အၿပီးမွာ

သက္ေတာ္ ၉ ႏွစ္အ႐ြယ္ ကိုရင္ေလးတစ္ပါးက ႏြားႏို႔ ခိုးေသာက္တာေၾကာင့္ဦးဇင္းတစ္ပါး ႐ိုက္ႏွက္ဆုံးမၿပီးေနာက္ဆယ္ရက္အၾကာ စက္တင္ဘာ ၃ ရက္မွာ ပ်ံလြန္ေတာ္မူသြားပါတယ္။

ကိုရင္ေလးရဲ႕ မိသားစုဝင္တစ္ဦးက “ကိုရင္က ဆယ္ခ်က္ေက်ာ္ ႐ိုက္ခံရတယ္။သူအ႐ိုက္ခံရၿပီးေနာက္ပိုင္းမွာ ေခါင္းကိုက္တယ္ပဲ ေျပာတယ္။ကြၽန္မလည္း ေဆးတိုက္တယ္။

ေနာက္ သုံးရက္ ေလးရက္အၾကာမွာ ေျခေထာက္မလႈပ္ႏိုင္ေတာ့ဘူး။ေလျဖတ္သလို ျဖစ္သြားတယ္” ဆိုၿပီး ရွမ္းဘာသာစကားနဲ႔ေျပာျပပါတယ္။အခုလို ကိုရင္ေလးကို ညိဳမဲေအာင္ ႐ိုက္ႏွက္ဆုံးမတာကို မျဖစ္သင့္ေၾကာင္းနဲ႔ ဆုံးမရင္လည္းအသက္အႏၲရာယ္ထိ ေရာက္ေစႏိုင္မယ့္

ျပစ္ဒဏ္ မေပးသင့္ေၾကာင္း ၎က ေျပာပါတယ္။ကိုရင္ေလးရဲ႕ မိဘႏွစ္ပါးဟာ ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနၾကတယ္လို႔လည္း သိရပါတယ္။“ကြၽန္မတို႔ ဘယ္လို ျဖစ္ေစခ်င္တာလဲဆိုေတာ့ ဦးဇင္းျဖစ္သူလည္း ဝန္ခံေစခ်င္တယ္။

ၿပီးေတာ့ ေပးသင့္တဲ့ ျပစ္ဒဏ္ကိုလည္း လုပ္ေစခ်င္တယ္။

ေျဖရွင္းေပးေစခ်င္တယ္” လို႔ ၎က ဆက္ေျပာပါတယ္။ကိုရင္ေလး ႐ိုက္ႏွက္ခံရၿပီးေနာက္ ပ်ံလြန္ေတာ္မူသြားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ဆရာေတာ္ေတြ၊ ရပ္႐ြာဥကၠဌေတြဟာ ေဆြးေႏြးမႈ တစ္စုံတစ္ရာ လုပ္ေပးတာ မရွိေသးဘူးလို႔ ေျပာပါတယ္။အဆိုပါ ကိုရင္ေလးဟာ အရင္က အတက္ေရာဂါအခံရွိသူ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ေ႐ႊဖီေျမ

Crd-Original Post