ဗိုလ်မှူးကြည်လင်းနိုင်ရဲ့ ဇနီး ရင်ဖွင့်လာတဲ့ စစ်ကောင်စီရဲ့ စစ်သားများအပေါ် ရက်စက်ယုတ်မာမှု

ဗိုလ်မှူးကြည်လင်းနိုင်ရဲ့ ဇနီး ရင်ဖွင့်လာတဲ့ စစ်ကောင်စီရဲ့ စစ်သားများအပေါ် ရက်စက်ယုတ်မာမှု

ဗိုလ်မှူးကြည်လင်းနိုင် ရဲ့ဇနီးမှပြောပြသောစစ်ကောင်စီတပ်၏ ကြောက်လန့် ဖွယ်ရာဖြစ်စဉ်

စစ်ကိုင်းအခြေစိုက် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ အမှတ်(၁၂၀) ခြေမြန်တပ်ရင်းရဲ့

ဒုတိယတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကြည်လင်းနိင် ဟာ ကချင်ပြည်နယ်ထဲမှာ

စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရင်း တိုက်ပွဲတစ်ခုမှာကျဆုံးခဲ့တယ်။

ဒါပေမေယ့် အဆိုပါတပ်ရင်း နဲ့ တပ်မဌာနချုပ်ကနေ အထက် ဌာနနဲ့ စစ်သည်ရဲ့ဇနီးကိုတော့

၉၆ ပါးသောရောဂါနဲ့သေဆုံးသွားတယ်လို့ တင်ပြအကြောင်းကြားထားပုံပါပဲ။

တစ်ဆင့်စကားတစ်ဆင့်ကြားရာကနေ လင်ဖြစ်တဲ့ ဒုတပ်ရင်းမှူးဟာ ၉၆ ပါးသော ရောဂါကြောင့်မဟုတ်ပဲ

တိုက်ပွဲမှာကျဆုံး ခဲ့ရတာကို သူမ ကြားခဲ့သိခဲ့ရတယ်နဲ့တူပါတယ်။

သူမပြောတဲ့ပုံအရဆိုရင် ခမရ (၁၂၀) တပ်ရင်းတစ်ရင်းလုံး KIA ရဲ့ ဝိုင်းပတ်ချေမှုန်းတာ ခံလိုက်ရတဲ့ပုံပေါက်နေတယ်…ခေါင်းဆောင်မပီသတဲ့သူ …

သူ့လင်ကိုပစ်ထားပြီး ရဲဘော် ရဲဘက်စိတ်မဲ့ကာစွန့်ခွာထွက်ပြေးသွားကြတဲ့ အရာရှိစစ်သည်တွေ ဆိုပြီး

ပြစ်ပြစ်နှစ်နှစ် ပြောထားပုံကိုခန့်မှန်းကြည့်ရင် ခမရ(၁၂၀) တပ်ရင်းတစ်ရင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီလို့ပြောရပါမယ်။

အဲလိုတပ်ပျက်သွားတာကို သိက္ခာဆယ်ချင်တဲ့သဘောနဲ့တိုက်ပွဲမှာကျဆုံးခဲ့တဲ့အရာရှိကိုတောင် ကျဆုံးတယ်လို့မပြောပဲ

၉၆ ပါးသောရောဂါနဲ့ သေဆုံးသွားရတယ်ဆိုပြီး တင်ပြထားတာ တော်တော်ကို သိက္ခာမဲ့လွန်းတာပါ။

ကိုယ့်ဖာသာဘယ်လို မပေါ်အောင်ဖုံးဖိထား ဖုံးဖိထား အဖြစ်မှန်ဆိုတာ ပေါ်လာရစမြဲပါ။

KIA ကို ဘယ်လိုတိုက်နေတယ် ဘယ်လိုရှင်းနေတယ်ဆိုပြီး ပါးစပ်အရသာခံပြီးပြောနေကြတဲ့ လူတွေသေချာဖတ်ကြ။

ဒုတပ်ရင်းမှူးအဆင့်ရှိတဲ့သူကိုတောင် ပစ်ထားပြီး ပြေးသွားကြတဲ့ စစ်တပ်လေ။

ဒီလောက်ကြောက်စရာကောင်းတဲ့ ဖြစ်စဉ်တွေနဲ့စစ်ပွဲမရပ်ချင်ဘူး

အမြစ်ဖြတ်ဆိုသူတွေ နာနာဖတ်ရအောင် ရှယ်ပေးလိုက်ကြပါ။

Crd-Original Post

(ZAWGYI)

ဗိုလ္မႉးၾကည္လင္းႏိုင္ရဲ႕ ဇနီး ရင္ဖြင့္လာတဲ့ စစ္ေကာင္စီရဲ႕ စစ္သားမ်ားအေပၚ ရက္စက္ယုတ္မာမႈ

ဗိုလ္မႉးၾကည္လင္းႏိုင္ ရဲ႕ဇနီးမွေျပာျပေသာစစ္ေကာင္စီတပ္၏ ေၾကာက္လန႔္ ဖြယ္ရာျဖစ္စဥ္

စစ္ကိုင္းအေျခစိုက္ အမွတ္(၃၃)ေျချမန္တပ္မဌာနခ်ဳပ္လက္ေအာက္ခံ အမွတ္(၁၂၀) ေျချမန္တပ္ရင္းရဲ႕

ဒုတိယတပ္ရင္းမႉးျဖစ္သူ ဗိုလ္မႉးၾကည္လင္းနိင္ ဟာ ကခ်င္ျပည္နယ္ထဲမွာ

စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ေနရင္း တိုက္ပြဲတစ္ခုမွာက်ဆုံးခဲ့တယ္။

ဒါေပေမယ့္ အဆိုပါတပ္ရင္း နဲ႔ တပ္မဌာနခ်ဳပ္ကေန အထက္ ဌာနနဲ႔ စစ္သည္ရဲ႕ဇနီးကိုေတာ့

၉၆ ပါးေသာေရာဂါနဲ႔ေသဆုံးသြားတယ္လို႔ တင္ျပအေၾကာင္းၾကားထားပုံပါပဲ။

တစ္ဆင့္စကားတစ္ဆင့္ၾကားရာကေန လင္ျဖစ္တဲ့ ဒုတပ္ရင္းမႉးဟာ ၉၆ ပါးေသာ ေရာဂါေၾကာင့္မဟုတ္ပဲ

တိုက္ပြဲမွာက်ဆုံး ခဲ့ရတာကို သူမ ၾကားခဲ့သိခဲ့ရတယ္နဲ႔တူပါတယ္။

သူမေျပာတဲ့ပုံအရဆိုရင္ ခမရ (၁၂၀) တပ္ရင္းတစ္ရင္းလုံး KIA ရဲ႕ ဝိုင္းပတ္ေခ်မႈန္းတာ ခံလိုက္ရတဲ့ပုံေပါက္ေနတယ္…ေခါင္းေဆာင္မပီသတဲ့သူ …

သူ႔လင္ကိုပစ္ထားၿပီး ရဲေဘာ္ ရဲဘက္စိတ္မဲ့ကာစြန႔္ခြာထြက္ေျပးသြားၾကတဲ့ အရာရွိစစ္သည္ေတြ ဆိုၿပီး

ျပစ္ျပစ္ႏွစ္ႏွစ္ ေျပာထားပုံကိုခန႔္မွန္းၾကည့္ရင္ ခမရ(၁၂၀) တပ္ရင္းတစ္ရင္းလုံး ဖြဲ႕စည္းပုံပ်က္သြားၿပီလို႔ေျပာရပါမယ္။

အဲလိုတပ္ပ်က္သြားတာကို သိကၡာဆယ္ခ်င္တဲ့သေဘာနဲ႔တိုက္ပြဲမွာက်ဆုံးခဲ့တဲ့အရာရွိကိုေတာင္ က်ဆုံးတယ္လို႔မေျပာပဲ

၉၆ ပါးေသာေရာဂါနဲ႔ ေသဆုံးသြားရတယ္ဆိုၿပီး တင္ျပထားတာ ေတာ္ေတာ္ကို သိကၡာမဲ့လြန္းတာပါ။

ကိုယ့္ဖာသာဘယ္လို မေပၚေအာင္ဖုံးဖိထား ဖုံးဖိထား အျဖစ္မွန္ဆိုတာ ေပၚလာရစၿမဲပါ။

KIA ကို ဘယ္လိုတိုက္ေနတယ္ ဘယ္လိုရွင္းေနတယ္ဆိုၿပီး ပါးစပ္အရသာခံၿပီးေျပာေနၾကတဲ့ လူေတြေသခ်ာဖတ္ၾက။

ဒုတပ္ရင္းမႉးအဆင့္ရွိတဲ့သူကိုေတာင္ ပစ္ထားၿပီး ေျပးသြားၾကတဲ့ စစ္တပ္ေလ။

ဒီေလာက္ေၾကာက္စရာေကာင္းတဲ့ ျဖစ္စဥ္ေတြနဲ႔စစ္ပြဲမရပ္ခ်င္ဘူး

အျမစ္ျဖတ္ဆိုသူေတြ နာနာဖတ္ရေအာင္ ရွယ္ေပးလိုက္ၾကပါ။
Crd-Original Post