မြန်မာ့စိုက်ပျိုးရေး၊ ရေနံနှင့် ပင်လယ်ဆိပ်ကမ်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံဖို့ ရုရှားလုပ်ငန်းရှင်များ စိတ်ဝင်စားနေကြောင်း စစ်ကောင်စီ ဆို

မြန်မာ့စိုက်ပျိုးရေး၊ ရေနံနှင့် ပင်လယ်ဆိပ်ကမ်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံဖို့ ရုရှားလုပ်ငန်းရှင်များ စိတ်ဝင်စားနေကြောင်း စစ်ကောင်စီ ဆို
ရုရှားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ

တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ ရုရှားနိုင်ငံသို့ ဝယ်ယူတင်သွင်းတာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာ၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်တာ၊ ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်း တည်ဆောက်တာ စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိတယ်လို့ စ.စ်ကောင်စီပြန်ကြားရေးသတင်းမှာ

ဖော်ပြထားပါတယ်၊

စ.စ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံနဲ့ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု တိုးမြင့်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ ဆိုပါတယ်။ အဆိုပါကိုယ်စားလှယ်အဖွဲ့က

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ် အပါအဝင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakovဦးဆောင်တဲ့အဖွဲ့တို့နဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့ စတော့မြို့မှာ

သီးခြားတွေ့ဆုံခဲ့ကြတာပါ။

နှစ်ဖက်တွေ့ဆုံမှုမှာ ရုရှားနိုင်ငံအား မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်ရေး၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နဲ့ တခြား အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ ရော်ဘာ အခြေခံ

စက်မှုကုန်ထုတ်လုပ်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေမှာ ရုရှားနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ စီးပွားရေးသုတေသီတဦးက “ရုရှား-မြန်မာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုက ရင်းနှီးမြုပ်နှံမှုကော၊ ကုန်သွယ်မှုကောပေါ့နော်။

ကျနော်တို့ တွေ့ရသလောက်က မရှိသလောက်ပဲ တော်တော်နည်းတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုက အရင်ကတည်းက အလှမ်းဝေးခဲ့တာပါ။ ပြီးတော့ ရုရှားနိုင်ငံရဲ့စီးပွားရေးက ရေနံနှင့်သဘာဝဓါတ်ငွေ့က အဓိကပဲ။

သူ့ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ဘယ်ရောင်းလဲဆိုတော့ ဥပရောဆီ အဓိကရောင်းတာ။ ပြီးရင် စ.စ်လ.က်န.က်ပစ္စည်း ထုတ်ရောင်းတာပေါ့နော်။ ကျန်တဲ့စီးပွားရေးက ကြီးကြီးမားမားမရှိဘူး။ ဆိုတော့ ကျနော့်အမြင်က ရုရှားက မြန်မာစ.စ်ကောင်စီကို စ.စ်ရေးနည်းလမ်းအရ

(လ.က်န.က် ထုတ်ရောင်းတာမျိုး) ကူညီကောင်း ကူညီပေးနိုင်မယ်။ စီးပွားရေးနည်းလမ်းအရ ကူညီပေးနိုင်တဲ့နည်းလမ်းတော့ သိပ်မမြင်ဘူး”လို့ ပြောပါတယ်။ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ

မြန်မာနိုင်ငံမှာ ရုရှားရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိပါတယ်။ ဒီပမာဏ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက ရင်းနှီးမြုပ်နှံထားရှိတဲ့ ပမာဏသာဖြစ်ပြီး နောက်ထက် ဘာရင်းနှီးမြုပ်နှံမှုမှ ဝင်ရောက်လာတာမရှိပါဘူ

Crd-Original Post

(ZAWGYI)

ျမန္မာ့စိုက္ပ်ိဳးေရး၊ ေရနံႏွင့္ ပင္လယ္ဆိပ္ကမ္းက႑မ်ား၌ ရင္းႏွီးျမႇုပ္ႏွံဖို႔ ႐ုရွားလုပ္ငန္းရွင္မ်ား စိတ္ဝင္စားေနေၾကာင္း စစ္ေကာင္စီ ဆို
႐ုရွားလုပ္ငန္းရွင္ေတြဟာ ျမန္မာနိုင္ငံရဲ႕ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြ

တန္ဖိုးျမႇင့္ထုတ္လုပ္ဖို႔ ႐ုရွားနိုင္ငံသို႔ ဝယ္ယူတင္သြင္းတာ၊ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္တာ၊ ေရနံတူးေဖာ္ထုတ္လုပ္သန႔္စင္တာ၊ ဘက္စုံသုံး ပင္လယ္ဆိပ္ကမ္း တည္ေဆာက္တာ စတဲ့က႑ေတြမွာ ရင္းႏွီးျမႇုပ္ႏွံရန္ စိတ္ဝင္စားမႈရွိတယ္လို႔ စ.စ္ေကာင္စီျပန္ၾကားေရးသတင္းမွာ

 

ေဖာ္ျပထားပါတယ္၊ စ.စ္ေကာင္စီ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးေဆာင္တဲ့ကိုယ္စားလွယ္အဖြဲ႕က ႐ုရွားနိုင္ငံနဲ႔ ႏွစ္နိုင္ငံစီးပြားေရးဆက္ဆံမႈ တိုးျမင့္ေရးအတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းက သြားေရာက္ေဆြးေႏြးစဥ္ ေျပာၾကားခဲ့တာလို႔ ဆိုပါတယ္။ အဆိုပါကိုယ္စားလွယ္အဖြဲ႕က

႐ုရွားဖက္ဒေရးရွင္းနိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ျပည္နယ္မ်ား ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ အပါအဝင္ ႐ုရွား-အာဆီယံ စီးပြားေရးေကာင္စီဥကၠ႒ Mr. Ivan Polyakovဦးေဆာင္တဲ့အဖြဲ႕တို႔နဲ႔ ႐ုရွားနိုင္ငံ၊ ဗလာဒီေဗာ့ စေတာ့ၿမိဳ႕မွာ

 

သီးျခားေတြ႕ဆုံခဲ့ၾကတာပါ။ ႏွစ္ဖက္ေတြ႕ဆုံမႈမွာ ႐ုရွားနိုင္ငံအား ျမန္္မာနိုင္ငံမွာ စိုက္ပ်ိဳးေရးအေျခခံ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္လုပ္ေရး၊ စြမ္းအင္က႑၊ စက္သုံးဆီသိုေလွာင္ကန္နဲ႔ တျခား အေျခခံအေဆာက္အအုံေတြ တည္ေဆာက္ေရး၊ ေရာ္ဘာ အေျခခံ

စက္မႈကုန္ထုတ္လုပ္ေရး၊ သိပၸံႏွင့္နည္းပညာက႑၊ က်န္းမာေရးက႑ေတြမွာ ႐ုရွားနိုင္ငံမွ ရင္းႏွီးျမဳပ္ႏွံမႈေတြ ဝင္ေရာက္လာဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ စီးပြားေရးသုေတသီတဦးက “႐ုရွား-ျမန္မာ ႏွစ္နိုင္ငံစီးပြားေရးဆက္ဆံမႈက ရင္းႏွီးျမဳပ္ႏွံမႈေကာ၊ ကုန္သြယ္မႈေကာေပါ့ေနာ္။

 

က်ေနာ္တို႔ ေတြ႕ရသေလာက္က မရွိသေလာက္ပဲ ေတာ္ေတာ္နည္းတယ္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ဒီႏွစ္နိုင္ငံစီးပြားေရးဆက္ဆံမႈက အရင္ကတည္းက အလွမ္းေဝးခဲ့တာပါ။ ၿပီးေတာ့ ႐ုရွားနိုင္ငံရဲ႕စီးပြားေရးက ေရနံႏွင့္သဘာဝဓါတ္ေငြ႕က အဓိကပဲ။

သူ႔ေရနံႏွင့္သဘာဝဓာတ္ေငြ႕ကို ဘယ္ေရာင္းလဲဆိုေတာ့ ဥပေရာဆီ အဓိကေရာင္းတာ။ ၿပီးရင္ စ.စ္လ.က္န.က္ပစၥည္း ထုတ္ေရာင္းတာေပါ့ေနာ္။ က်န္တဲ့စီးပြားေရးက ႀကီးႀကီးမားမားမရွိဘူး။ ဆိုေတာ့ က်ေနာ့္အျမင္က ႐ုရွားက ျမန္မာစ.စ္ေကာင္စီကို စ.စ္ေရးနည္းလမ္းအရ

(လ.က္န.က္ ထုတ္ေရာင္းတာမ်ိဳး) ကူညီေကာင္း ကူညီေပးနိုင္မယ္။ စီးပြားေရးနည္းလမ္းအရ ကူညီေပးနိုင္တဲ့နည္းလမ္းေတာ့ သိပ္မျမင္ဘူး”လို႔ ေျပာပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနကထုတ္ျပန္တဲ့ ကိန္းဂဏန္း အခ်က္အလက္ေတြအရ

ျမန္မာနိုင္ငံမွာ ႐ုရွားရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈပမာဏက အေမရိကန္ေဒၚလာ ၉၄ သန္းသာရွိပါတယ္။ ဒီပမာဏ ၁၉၈၈ ခုႏွစ္မတိုင္ခင္ကတည္းက ရင္းႏွီးျမဳပ္ႏွံထားရွိတဲ့ ပမာဏသာျဖစ္ၿပီး ေနာက္ထက္ ဘာရင္းႏွီးျမဳပ္ႏွံမႈမွ ဝင္ေရာက္လာတာမရွိပါဘူ

Crd-Original Post