တောထဲမှာပြုလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်မင်းဟန်ထက်မွေးနေ့

တောထဲမှာပြုလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်မင်းဟန်ထက်မွေးနေ့

သောကြာသားရဲ့ သောကြာနေ့ကျတဲ့ မွေးနေ့။

ကျနော့်ကိုမွေးတုန်းက မွေးရခက်တယ်လို့ မေမေတို့၊ ပါပါးတို့က ဆိုကြတယ်။ ၁၉၉၉ စက်တင်ဘာ (၉) ရက်နေ့မှာ မေမေက ဗိုက်နာတော့ ကျနော့်ကို အဲဒီနေ့မှာ မွေးမယ်လို့ ထင်ကြတာပေါ့၊ Date အရဆိုရင်လည်း ၉ရက် ၉လ ၉၉ ခုနှစ် ဆိုတော့ အမှတ်တရပေါ့၊

ဒါပေမယ့် အကြောတင်းတဲ့ မင်းဟန်ထက်က အဲဒီနေ့မှာ လုံးဝထွက်မလာဘဲနဲ့ နောက်နေ့ (၁၀) ရက်နေ့ မနက် ၁နာရီကျော်လောက်မှ ထွက်လာတယ်တဲ့၊ မေမေကတော့ ၉ ရက်နေ့တစ်နေကုန်၊ တစ်ညလုံး ဗိုက်နာနေခဲ့တာပေါ့။

ပြီးတော့ မေမေတို့ ပြန်ပြောပြချက်တွေအရ ကျနော်က လေးနှစ်သားအထိ နို့ဖြတ်လို့မရခဲ့ဘူးတဲ့၊ နောက်ဆုံးမှာတော့ ေမွးနေ့ပွဲလုပ်ပေးရင် နို့ဖြတ်မယ်ဆိုပြီး ကျနော်က ကမ်းလှမ်းခဲ့တယ်လို့ အဆိုရှိကြတယ်၊ အဲဒါနဲ့ပဲ ကျနော်တက်တဲ့ မူကြိုမှာ ကိတ်မုန့်ကြီးခွဲ၊

Happy Birthday တွေဆို ၊ မွေးနေ့ပွဲလုပ်ပြီး နို့ပြတ်သွား​​လေသတဲ့ ။ (အံမယ် လေးနှစ်သားက ကတိတော့တည်သား)

ဒါကတော့ မေမေတို့ စိတ်လိုလက်ရရှိတဲ့အချိန် ပြန်ပြန်ပြောလေ့ရှိတဲ့ ကျနော့်မွေးနေ့နဲ့ ပတ်သက်တဲ့ ကျနော်မသိတဲ့၊ ကျနော်သိပ်မမှတ်မိတဲ့အကြောင်းတွေပေါ့။

နောက်ပိုင်းမှာတော့ မွေးနေ့ပွဲဆိုတာကို ပုံစံမျိုးစုံနဲ့ လုပ်ဖူးခဲ့တာပေါ့၊ ခပ်ပေပေ ခပ်ဆိုးဆိုး၊ မူးမူးရူးရူးနဲ့ မွေးနေ့ကိုဖြတ်ကျော်ဖူးသလို အင်္ကျီအဖြူနဲ့ ပုဆိုးနဲ့လည်း ဘုရားရောက်ဖူးတဲ့နှစ်တွေ ရှိတာပါပဲ။

တော်လှန်ရေးရဲ့နေ့ရက်တွေအတွင်းက မွေးနေ့မှာ အားပေး၊ ဆုတောင်းပေးကြတဲ့ ရဲဘော်များ၊ မိတ်ဆွေများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်ခင်ဗျာ။

Crd-Original Post

(ZAWGYI)

ေတာထဲမွာျပဳလုပ္ခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္မင္းဟန္ထက္ေမြးေန႔

ေသာၾကာသားရဲ႕ ေသာၾကာေန႔က်တဲ့ ေမြးေန႔

က်ေနာ့္ကိုေမြးတုန္းက ေမြးရခက္တယ္လို႔ ေမေမတို႔၊ ပါပါးတို႔က ဆိုၾကတယ္။ ၁၉၉၉ စက္တင္ဘာ (၉) ရက္ေန႔မွာ ေမေမက ဗိုက္နာေတာ့ က်ေနာ့္ကို အဲဒီေန႔မွာ ေမြးမယ္လို႔ ထင္ၾကတာေပါ့၊ Date အရဆိုရင္လည္း ၉ရက္ ၉လ ၉၉ ခုႏွစ္ ဆိုေတာ့ အမွတ္တရေပါ့၊ ဒါေပမယ့္ အေၾကာတင္းတဲ့ မင္းဟန္ထက္က အဲဒီေန႔မွာ လုံးဝထြက္မလာဘဲနဲ႔ ေနာက္ေန႔ (၁၀) ရက္ေန႔ မနက္ ၁နာရီေက်ာ္ေလာက္မွ ထြက္လာတယ္တဲ့၊ ေမေမကေတာ့ ၉ ရက္ေန႔တစ္ေနကုန္၊ တစ္ညလုံး ဗိုက္နာေနခဲ့တာေပါ့။

ၿပီးေတာ့ ေမေမတို႔ ျပန္ေျပာျပခ်က္ေတြအရ က်ေနာ္က ေလးႏွစ္သားအထိ ႏို႔ျဖတ္လို႔မရခဲ့ဘူးတဲ့၊ ေနာက္ဆုံးမွာေတာ့ ေမြးေန႔ပြဲလုပ္ေပးရင္ ႏို႔ျဖတ္မယ္ဆိုၿပီး က်ေနာ္က ကမ္းလွမ္းခဲ့တယ္လို႔ အဆိုရွိၾကတယ္၊ အဲဒါနဲ႔ပဲ က်ေနာ္တက္တဲ့ မူႀကိဳမွာ ကိတ္မုန႔္ႀကီးခြဲ၊ Happy Birthday ေတြဆို ၊ ေမြးေန႔ပြဲလုပ္ၿပီး ႏို႔ျပတ္သြား​​ေလသတဲ့ ။ (အံမယ္ ေလးႏွစ္သားက ကတိေတာ့တည္သား)

ဒါကေတာ့ ေမေမတို႔ စိတ္လိုလက္ရရွိတဲ့အခ်ိန္ ျပန္ျပန္ေျပာေလ့ရွိတဲ့ က်ေနာ့္ေမြးေန႔နဲ႔ ပတ္သက္တဲ့ က်ေနာ္မသိတဲ့၊ က်ေနာ္သိပ္မမွတ္မိတဲ့အေၾကာင္းေတြေပါ့။

ေနာက္ပိုင္းမွာေတာ့ ေမြးေန႔ပြဲဆိုတာကို ပုံစံမ်ိဳးစုံနဲ႔ လုပ္ဖူးခဲ့တာေပါ့၊ ခပ္ေပေပ ခပ္ဆိုးဆိုး၊ မူးမူး႐ူး႐ူးနဲ႔ ေမြးေန႔ကိုျဖတ္ေက်ာ္ဖူးသလို အက်ႌအျဖဴနဲ႔ ပုဆိုးနဲ႔လည္း ဘုရားေရာက္ဖူးတဲ့ႏွစ္ေတြ ရွိတာပါပဲ။

ေတာ္လွန္ေရးရဲ႕ေန႔ရက္ေတြအတြင္းက ေမြးေန႔မွာ အားေပး၊ ဆုေတာင္းေပးၾကတဲ့ ရဲေဘာ္မ်ား၊ မိတ္ေဆြမ်ား အားလုံးကို လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ရပါတယ္ခင္ဗ်ာ။

Crd-Original Post