တစ်ယောက်တည်း ဘဝကို ရုန်းကန် ဖြတ်သန်းနေရတဲ့ အသက် (၈၄ ) နှစ်အရွယ် အဖွားရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြောပြလာတဲ့ ဝေဠုကျော်

တစ်ယောက်တည်း ဘဝကို ရုန်းကန် ဖြတ်သန်းနေရတဲ့ အသက် (၈၄ ) နှစ်အရွယ် အဖွားရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြောပြလာတဲ့ ဝေဠုကျော်

အကြောင်းတရား မျိုးစုံ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလို ကာလတွေမှာ ပြည်သူ ပြည်သားတွေခမျာ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေကို များစွာ ကြုံတွေ့နေကြရပါတယ် ။ တစ်နေ့ ကို ထမင်းတစ်နပ် စားရဖို့တောင် ခက်ခဲနေကြသူတွေ မနည်းပါဘူး ။

ဒီလို ပြည်သူတွေ အထဲမှာ မိသားစု ဆွေမျိုးမရှိဘဲ ဖြစ်သလို ရပ်တည်နေရတဲ့ သက်ကြီး အဖိုးအဖွားတွေ အများကြီး ရှိနေပါတယ် ။

ယနေ့မှာဆိုရင်လည်း အသက် (၈၄) နှစ်အရွယ် အဖွားတစ်ယောက်ခမျာ ခင်ပွန်းဖြစ်သူကလည်း ကွယ်လွန်သွားသလို စောင့်ရှောက်ပေးမယ့် မိသားစုတွေလည်းမရှိတာကြောင့် အနီးပတ်ဝန်းကျင်ကပဲ ထောက်ပံ့ပေးရင်း ဘဝကို ရုန်းကန်ဖြတ်သန်းနေရတယ်လို့ သိရပါတယ် ။

အခုချိန်မှာ စီးပွားရေးတွေလည်း ကျပ်တည်းနေတာကြောင့် ပတ်ဝန်းကျင်ကလည်း မကူညီပေးနိုင်တော့လို့ ဝေဠုကျော်ကို အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ် ။

ဒါကြောင့် သာကေတ ၊စည်ပင်ဝန်းထဲမှာ နေထိုင်တဲ့ အဖွားကို သူကိုယ်တိုင် သွားရောက်တွေ့ဆုံကာ အလှူငွေ တစ်သိန်းကျပ် နှင့်အတူ ဆန်၃ပြည် ၊ ဆီ ၅၀သား ၊ ကြက်ဥ အလုံး ၃၀ နဲ့ အဝတ်အထည်များ ကို သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ် ။

အလှူပုံတွေကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw