သန်လျင်သဘာဝတရားရိပ်သာမှာ လိုအပ်နေတာတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

သန်လျင်သဘာဝတရားရိပ်သာမှာ လိုအပ်နေတာတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူက ဒီနေ့စက်တင်ဘာလ (၁၀)ရက်နေ့မှာတော့ သန်လျင်သဘာဝတရားရိပ်သာမှာ လိုအပ်နေတာတွေကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ခန့်စည်သူကတော့ သူ့ရဲ့ဒီနေ့ပြုလုပ်တဲ့ အလှူလေးကို (၇)ရက်သား၊သမီးအပေါင်းတို့ သာဓု ခေါ်ဆိုနိုင်ကြပါစေလို့ရည်ရွယ်ကာ အခုလိုပဲမျှဝေထားခဲ့တာပါ။

“အပတ်စဉ် သောကြာနေ့တိုင်း တန်းဆွမ်း လှည့်လည် အလှူခံ၊အပူဇော်ခံ ကြွရောက်တော်မူပါသော သန်လျင်သဘာဝတရားရိပ်သာကြီးမှ ဦးစီးပဓာန နာယကဆရာတော် အရှင်ဥတ္တမသာရ(ပြည်တွင်း၊ပြည်ပသာသနာပြုဆရာတော်ကြီး) အား

ဝါဆိုသင်္ကန်း၊ဆန်၊ဆီ၊ဆေး၊ဆား၊ပဲ၊ကြက်သွန်၊ဟင်းခတ်မှုန့်၊ဟင်းသီးဟင်းရွက်၊ကြာဆံ၊ငံပြာရည်၊ဆပ်ပြာမှုန့်၊ငပိကြော်၊ကော်ဖီမှုန့် နှင့် နဝကမ္မ အလှူငွေများ ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုပါ ဖော်ပြထားခဲ့ပါတယ်။

သန်လျင်သဘာဝတရားရိပ်သာမှာတော့ ဆရာတော်ကြီးက ခိုကိုးရာမဲ့အဘိုး၊အဘွားများ၊လူမမယ်ကလေးများ၊HIV,AIDS,ပိုလီယို,တီဘီ အစရှိသောရောဂါရှင်များ၊

စိတ်ဝေဒနာရှင်များ၊ကိုဗစ်လူနာများ အပါအဝင် ယောဂီစုစုပေါင်း (၄၃၀၀)ခန့်အား မေတ္တာဖြင့် နေ့စဉ် စားဝတ်နေရေး၊ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်လျက်ရှိနေတာကြောင့်

စေတနာရှင်တွေက လှူဒါန်းလိုလျှင်လည်း လှူဒါန်းနိုင်ကြောင့် ခန့်စည်သူက နှိုးဆော်ထားခဲ့ပါသေတယ် ပရိသတ်ကြီးရေ။

Source – Kyaw Soe Win

(ZAWGYI)









Source – Kyaw Soe Win